Thursday, April 11, 2013

အရွယ်အစားကလည်း အရေးကြီးပါတယ် … တဲ့






ကနေဒါ သုသေသီမျာ၏ ကြံကြံဖန်ဖန် သုသေသန စုံစမ်းဖော်ချက်အရ အမျိုသားများရဲ့ လိင်အင်္ဂါ အရွယ်အစားက အမျိုးသမီးတွေရဲ့ စိတ်ဝင်စား အနည်းအများကို ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

... ယောက်ျားလေးများရဲ့ လူမူ့ဆက်ဆံရေးတော်ခြင်း၊ ရုပ်ချောခြင်း နှင့် ပိုက်ဆံရှိခြင်းများကို နှစ်သက်ကြတယ်လို့ မိန်းကလေးများ ပြောလေ့ ရှိသော်ငြားလည်း အခြားတဖက်မှာ တကယ်အမှန်စင်စစ် ဖွင့်ဟချက်ကတော့ အရွယ်အစားကလည်း စကားပြောပါတယ်တဲ့။

၂၁ ရာစု ခတ်သစ် မိန်းကလေးများသည်လည်း ဘယ်လောက် ခတ်မှီနေ
ပါစေ ရှေးယခင်ခတ် ဂူတွင်းနေ မိန်းမများကဲ့သို့ အတွေးအခေါ်များ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

ကနေဒါ နိုင်ငံ ရှိ Proceedings of the National Academy of Sciences (PNAS) အဖွဲ့ က မိန်းကလေးများအား ယောကျာ်းလေးများရဲ့ အရပ်
အမောင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ အချိုးအစားနဲ့ လိင်အင်္ဂါ အရွယ်အစား မျိုးစုံ ပါဝင်သော ဓာတ်ပုံများကို ပြသ၍ မည်သည့်ပုံက ဆွဲဆောင်မှု အပြည့်ပေးစွမ်း နိုင်သနည်းဟု သုသေသနပြုလုပ်ခဲ့ရာတွင် "ကျနော်တို့ စစ်တမ်းမှာ တွေ့ရှိချက်ကတော့ မိန်းကလေးများ နှုတ်ဖျားမှာ ပြောပြောနေ
တာများနဲ့ အတော်ကို ကွဲလွဲ နေတာ တွေ့ ရပါတယ်။ " အရမ်းကြီး
သွားရင်တော့ ဆွဲဆောင်မှု မရှိတော့ဘူးလို့ စစ်တမ်းက ဆိုထားပါတယ်။

University of the West of Scotland က လေ့လာတွေရှိချက်ကတော့ နဂိုအရွယ်ထက် ကြီးသော ယောက်ျားများသည် မိန်းကလေးများကို စိတ်ကျေနပ်မှုအပြည့်အဝပိုမို ပေးစွမ်းနိုင်စေပါတယ်လို့ဆိုထားပါကြောင်း ။

ရေးသားသူ - TG

ကိုးကား - www.dailymail.co.uk/health/article-2305817/Size-really-DOES-matter-bedroom-Study-reveals-endowed-men-girls.html

http://blog.irrawaddy.org/2013/04/blog-post_6586.html

0 comments:

Post a Comment

Search Our Site