Thursday, April 25, 2013

@@@ တ မ်း တ@@@



မေတ္တာဖျန်းမှလန်းဆန်းမဲ့ မိဘမဲ့ကလေးလေးတွေနဲ့  
မိဘရှိပြီး အတူနေခွင့်မရတဲ့ ကလေးလေးတွေအတွက်
မေတ္တာမျှဝေပေမဲ့ ကိုယ်ကိုတိုင် နွေးထွေး ဖော်ရွေမှုကမ်းလက်ကို မျှော်လင့်ခဲ့မိပါတယ် ...။ 
အခန်းထောင့်တနေရာမှာ ကြေကွဲပြီး 
အထီးကျန်နေသူများကို အဖော်ပြုဖို့ ပြောခဲ့ပေမယ့်လည်း 
ကိုယ်ကိုတိုင် ခြောက်သွေ့မှုများနဲ့ အဖော်မဲ့ခဲ့ရပါတယ် ......။
မျှော်လင့်ချက်ကင်းမဲ့ပြီး
ဘ၀ကို စုန်မျှောအရှုံးပေးချင်သူတွေ ကူညီနိုင်ဖို့ အားပေးခဲ့ပေမယ့် 
ကိုယ်ကိုတိုင် ပင်ပန်းလေးလံ ထိုင်းမှိုင်းမှုတွေနဲ့အတူ
မနက်ဖြန်နေ့ရက်ကို ရင်မဆိုင်ချင်လောက်အောင် ကျိုးပဲ့ ချိနဲ့နေခဲ့ရပါတယ် ...။
ပင်ပန်းခြင်းတွေနဲ့  ညည်းတွားနေကြသူများကို လှိုင်းကြီးလှေအောက်ပါလို့ 
ပေါ့ပေါ့ပါးပါးလေး အားပေးနှစ်သိပ့်စကားလေး ပြောခဲ့ပေမယ့်လည်း 
ဘဝလောကဓံကြားက ကိုယ်တိုင်လှေငယ်လေးက မြှုပ်လုမြှုပ်ခင်ပါဘဲ ...။
အငယ်ဆုံးသောသူတွေရဲ့ဘဝတွေကို မြင်သာလာအောင် 
ရှိသမျှအစွန်းများနဲ့ မီးမောင်းထိုးပြနေခဲ့ပေမဲ့လည်း
ကိုယ်တိုင်က အမှောင်ထဲ အတွင်းကြေကြေခဲ့သူပါ
ဘယ်သူသိနိုင်မှာတဲ့ ရေခြား မြေခြားဘဝ (oversea life) လေ  ..
                                                                                              moemaka news&media

0 comments:

Post a Comment

Search Our Site