Ads

ကြော်ငြာ

Sunday, April 7, 2013

Posted by ဆူးအေမီ on 8:58 PM in | No comments
ပုဂံကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်း သွားဖို့ ရှိတာ ဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို
ပြုလုပ်ရာ မှာလည်း ယဉ်ကျေးမှု အမွေ အနှစ်များ ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ များကို ချမှတ် ပြဋ္ဌာန်း ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ယဉ်ကျေးမှု ၀န်ကြီးဌာန အနေနဲ့ တစ်နိုင်ငံလုံး အနေအထားဖြင့် ယဉ်ကျေးမှုအမွေ အနှစ်ဇုန်များ အဖြစ် ၄၆ နေရာကို သတ်မှတ် ထားပြီး ကာကွယ် စောင့်ရှောက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဂံဒေသဟာ မြန်မာ့ သမိုင်းစဉ် ခေတ်အဆက်ဆက်မှာ ယဉ်ကျေးမှု အနုပညာ၊ ဘာသာရေး၊ အဆောက်အအုံများ၊ သုခုမ ပညာရပ်များ၊ လက်မှု အနုပညာရပ်များ၊ ဗိသုကာ ပညာရပ်များရဲ့ ထင်ရှားကျော်ကြား လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ပုဂံ ခေတ်လက်ရာ ယဉ်ကျေးမှု အဆောက်အအုံ စုစုပေါင်း သုံးထောင်ကျော်ကို ယဉ်ကျေးမှု ၀န်ကြီးဌာန အနေနဲ့ ထိန်းသိမ်း စောင့်ရှောက် လျက်ရှိတာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ဖို့ အတွက်လည်း ကိုလံဘီယာ နိုင်ငံ အကူအညီ ပေးသွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
mrtv-4

0 comments:

Search Our Site