မန္တလေးဈေး ချိုတော်ဧရိယာ ယာဉ်မရပ်ရနယ်မြေ အဖြစ်ဧပြီ ၁ရက်မှ စတင်အကောင် အထည်ဖော်
မန္တလေးမြို့တော်အတွင်းယာဉ်စည်းကမ်းလမ်းစည်းကမ်းကောင်းမွန်ရေးနှင့်ယာဉ်ကြောရှုပ်ထွေး မှုလျော့နည်းကျဆင်းစေရေးအတွက်
စီမံဆောင် ရွက် လျက် ရှိရာမန္တလေးအဆင့်မြှင့် ဈေးချိုတော် ဧရိယာ
အတွင်းယာဉ်မရပ်နယ်မြေအဖြစ်သတ်မှတ်ခြင်းကိုဧပြီ၁ရက်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းမန္တလေးမြို့တော်ဝန်ဦးအောင်မောင်းကပြောသည်။

ဈေးရောင်း၊ဈေးဝယ်မော်တော်ယာဉ်များနဲ့မော်တော်ဆိုင်ကယ်တွေကြောင့်ယာဉ်ကြောရှုပ်ထွေးမှုများမကြာ
ခဏဖြစ်ပေါ်နေတာကြောင့် ခုလို ယာဉ်မရပ်ရ ကန့်သတ်နယ်မြေ
အဖြစ်ဆောင်ရွက်ခြင်းဖြစ် ပါတယ်၊ ယာဉ်ကြော ရှုပ်ထွေး တာကြောင့် အရေးပေါ်
မီးလောင်ပါ ကမီးသတ်ယာဉ် များဝင်ထွက်သွား လာမှုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့
အတွက်ခုလိုဆောင်ရွက်တာဖြစ်ပါတယ် ဟုယင်းကပြောသည်။
မန်းကိုကို
0 comments:
Post a Comment