Tuesday, April 2, 2013

ဦးတေဇက လိုအပ်လျှင် သူ့ အသက်ကို စွန့်လွှတ်ဖို့ အသင့်ဟု ဆို

နာမည်ကျော် သူဌေးကြီး ဦးတေဇက သူ့အမည်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူဟာ တိုင်းပြည်နဲ့လူမျိုး၊ ကုမ္ပဏီ ၀န်ထမ်းတွေအတွက် အသက်ကိုပင် စွန့်လွှတ်စွန့်စားဖို့ အမြဲ အသင့်ရှိနေပါတယ်လို့ ရေးသားထားပါတယ်။ 




 ဦးတေဇ- ဓာတ်ပုံ - ဦးတေဇ ဖေ့စ်ဘုတ် 


"ယခင်က ကျွန်တော်ဟာ စီးပွားရေးသမားတစ်ယောက် ဖြစ်သည့်အတွက် အတ္တအနည်းငယ်ပိုခဲ့ပါတယ်။ ကျွန်တော်ဟာ ကျန်ရှိသေးတဲ့ ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက်လုံး ကျွန်တော့်ကိုယ် ကျွန်တော် 

မြန်မာပြည်ရဲ့ တန်ဖိုးရှိသော လူတစ်ယောက်အဖြစ် ကျင့်ကြံနေထိုင်သွားပါမယ်။ လိုအပ်လျှင် တိုင်းပြည်နှင့် လူမျိုး၊ ကုမ္ပဏီဝန်ထမ်းများအတွက် မိမိအသက်ကို ပဓာနမထားပဲ စွန့်လွှတ်စွန့်စားဖို့ အမြဲ အသင့်ရှိနေပါ မယ်။ မိမိ အသက်ထက် အများအကျိုး ပရဟိတလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေထိုင်သွားရန် ဆုံးဖြတ်ထားပါကြောင်း ....."

လို့ ဦးတေဇက မတ်လ ၁၂ ရက်နေ့က ဆိုထားပါတယ်။ 
  

ဒီလို ရေးသားထားချက်အပေါ် လူအများ စိတ်ဝင်စားနေကြပါတယ်။ ဦးတေဇဟာ ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ဘီလျံချီပြီး ရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ပေါ်ထွက်နေတာတော့ကြာခဲ့ပါပြီ။ 

သူ့ဟာ အမေရိကန် ပြည်ထောင်စုရဲ့  စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု အမည်စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပေမယ့် မကြာသေးခင်ကပဲ သူပိုင်တဲ့ အာရှ စိမ်းလန်းစိုပြေရေး ဘဏ်နဲ့ အမေရိကန်  ဘဏ်တွေ ငွေကြေးဆိုင်ရာ ဆက်ဆံမှုတွေ ရှိလာခဲ့ပါတယ်။ 

AGD ဘဏ်ကိုလည်း  အများပိုင် ဘဏ်အဖြစ် ပြောင်းလဲလုပ်ဆောင်နေပါတယ်။ ယခင် စစ်အစိုးရ လက် ထက် မှာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်ပြီး စီးပွားရေး လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်လုပ်ကိုင်နေပြီး Air Bagan လေကြောင်းလိုင်းဟာလည်း သူ့ရဲ့ ပိုင်ဆိုင်မှုတွေထဲက တခုဖြစ်ပါတယ်။


အိမ့်သံစဉ် ~

0 comments:

Post a Comment

Search Our Site