Sunday, March 31, 2013

ရွှေလုပ်ငန်းရှင်များထံမှ KIA ဆက်ကြေးကောက်နေ


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရွှေလုပ်ငန်းဆောင် ရွက်နေကြသော ဒေသခံများထံမှ 
မတ်လ(၂၉)ရက်နေ့တွင် KIAအဖွဲ့မှ ကချင်စစ်ဘေးဒုက္ခသည်များ အတွက်ဟု  ခေါင်းစဉ်ပြု
ကာ ငွေကြေးကောက်ခံသွားခဲ့ကြောင်းသိရသည်။

KIA တပ်မဟာ(၃)လက်အောက်ခံ လမိုက်ယန်တိုက်နယ်မှူးနှင့် အဖွဲ့ဝင်(၅)ဦးခန့်သည် မတ်လ(၂၉) ရက်နေ့နေ့လည်ပိုင်းတွင် ရွှေကူမြို့နယ်၊ ပလင်ကျေးရွာ အနီးတစ်ဝိုက်ရှိ ရွှေလုပ်ငန်းရှင် များထံသို့
ရောက် ရှိလာခဲ့ပြီး ရွှေကျင်း တစ်ကျင်းလျှင် (၁)သိန်းကျပ်နှုန်း တောင်းယူသွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေမှော်တွင် လုပ်ကိုင်နေသာ လုပ်ငန်းရှင်(၇)ဦးခန့်ရှိပြီး KIA မှ စုစုပေါင်း(၇)သိန်း၊ တောင်းယူ
သွားခဲ့ခြင်းဖြစ် သည်။“သူတို့ လာတောင်းတာကတော့ ကချင်စစ်ဘေးဒုက္ခ သည်တွေအတွက်လို့ပြော
သွားတာဘဲ၊ အရင်လထဲမှာလည်း  အခုလိုမျိုး လာတောင်းသွား တာတွေရှိပါတယ်။ကျွန်တော်တို့ဆီ
ကတောင်းသွားတဲ့ ငွေကို သူတို့ပြောသလို သုံးစွဲမယ်ဆိုရင်တော့ ကျွန်တော်တို့ ကုသိုလ်ရတာပေါ့၊ဒါ
ပေမယ့် သူတို့ကိုယ်ကျိုးအတွက်ပဲ သုံးမှာပါ။ ကြောက်လို့ သာပေးလိုက်ရတာ၊ စိတ်ထဲကတော့ သိနေ
ပါတယ်”ဟု ဒေသခံ ရွှေလုပ်ငန်း တစ်ဦးထံမှ သိရပါသည်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့များနှင့် KIA တို့သည် ပြီးခဲ့သည့် မတ်လ(၁၁)ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါသည်။ KIA ခေါင်းဆောင်ပိုင်းများမှ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင် ရွက်နေချိန်တွင် လက်အောက်ခံ KIA တပ်ရင်းများမှ အဖွဲ့ဝင်များသည် ၎င်းတို့၏ ကိုယ်ကျိုး အတွက် ဆက် ကြေးကောက်ခံခြင်း၊ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်ကာ ငွေကြေးဖြင့် ပြန်လည်ရွေးယူ ခိုင်းခြင်း၊ တရားမ ၀င်သစ်များ၊ သတ္တုတူးဖော်ခြင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်နေကြ  ပါသည်။ ဧပြီလ အလယ်ပိုင်းတွင် မြစ်ကြီးနားမြို့၌ KIA ဆက်ဆံရေးရုံးတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ် လျက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ ဒေသခံများမှ ပြောဆိုလျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Search Our Site