ကားက ခြောက်ဘီး ပါပါတယ်။ ခြောက်ဘီးမောင်း
စနစ်ပါ။ တောကြမ်းကော၊ မြို့မှာပါ လူရှိန်လောက်တဲ့ ကိုယ်ထည်ပုံစံကို
ပိုင်ဆိုင် ထားပါတယ်။ Top Speed အနေနဲ့ တစ်နာရီ မိုင် ၁၀၀ ဝန်းကျင်လောက်
အထိ သွားနိုင်ပါတယ်။ လူ ငါးယောက် ဆံ့ပြီး နောက်မှလည်း ပစ္စည်းတင်ဖို့ အတွက်
နေရာ ကျယ်ကျယ် ဝန်းဝန်း ပါရှိပါတယ်။ အမေရိကန်မှာ ဆိုရင်တော့ ယင်းကဲ့သို့
SUV များကို စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမားများ ပိုအသုံးပြု ပါတယ်။
Celebrity များလည်း သုံးပါတယ်။ ဥပမာ မင်းသား အာနိုးရဲ့  အကြိုက်ကားထဲမှာ
Mercedes Benz G63 AMG လည်း ပါဝင်နေပါတယ်။
ကာလတန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၅
သိန်း ဆိုတော့ တော်ရုံလူ ဝယ်စီး နိုင်တဲ့ ကားတော့ မဟုတ်ပါဘူး။ ဂျာမနီထုတ်
G63 ကို အမေရိကန် မှာ ရောင်းချတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: carcraz
0 comments:
Post a Comment