Monday, February 25, 2013

ထင်ရှားသည့်ကုမ္ပဏီကြီးများမှ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ၅၀ ပါဝင်သည့်အဖွဲ့  မြန်မာသို့ ယခုအပတ်အတွင်း လာရောက်မည်


Ph

Ref: Reuters
Photo: Reutersအမေရိကန်စီးပွားရေးလုပ်ငန်းရှင် ၅၀ သည် မြန်မာသို့ ယခု
အပတ်အတွင်း လာရောက်ကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများ ရှာဖွေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ် သွားကြမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ကုန်သည်ကြီးများအသင်း the U.S. Chamber
of Commerce မှ အာရှဆိုင်ရာဌာန ဒုဥက္ကဌ တမ်မီ အိုဗာ
ဘီက အသင်း၏ ကြေ ငြာချက်ထဲတွင် “ဒီအဖွဲ့ ရဲ့ခရီးစဉ်ဟာ
အရေးပါတဲ့ အထမ်းအမှတ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ
နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှု တွေ ပုံမှန်အနေအထား
ရောက်အောင် တိုးတက်မှုတွေ ဖန်တီးနိုင်ခဲ့ပါပြီ။ အခုအချိန်က
နောက်ထပ်ဆက်ဆံရေး အဆင့်တစ်ခု ဆောင်ရွက်ရမယ့် အချိန်ပါ” ဟု ပြောကြားသည်။

ဝါရှင်တန်ပို့ စ်သတင်းက အမေရိကန်ကုန်သည်ကြီးများအဖွဲ့၏ ယခုခရီးစဉ်သည် ပြီးခဲ့သည့် နိုဝင်ဘာတွင် ကန်သမ္မတ
အိုဘားမား၏ သမိုင်း ဝင် မြန်မာခရီးစဉ်အပြီး အဓိကကျသော အမေရိကန်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ တစ်ခု၏ ပထမဆုံးခရီးစဉ် လည်းဖြစ်ကြောင်း ဖေါ်ပြသည်။

အမေရိကန်ကုန်သည်ကြီးများအဖွဲ့ တွင် စိုက်ပျိုးရေး၊ မော်တော် ကားလုပ်ငန်း၊ အီလက်ထရွန်းနစ်၊ စွမ်းအင်၊ ကုန်စည်ရောင်းဝယ်
ရေး၊ ဆက် သွယ်ရေးနှင့် အခြားကဏ္ဍများမှ ကုမ္ပဏီများ၏ ကိုယ် စားလှယ်များပါဝင်မည်ဟု သိရသည်။ ယင်းကုမ္ပဏီများတွင် ဂျင်နရယ်မော်တာ၊ ဂျင်နရယ် အီလက်ထရစ် ၊ အီးဘေး၊ ချက်ဗရွန် ကဲ့သို့ သော နာမည်ကျော် ကုမ္ပဏီများ ပါဝင်နေသည်။

ကန်စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ သည် ရန်ကုန်တွင် မြန်မာမှ အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ကုန်သွယ် ရေးနှင့် ရင်းနှီး မြှပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခု ကျင်းပသွားမည်ဖြစ်သည်။

ဝါရှင်တန်အစိုးရသည် မြန်မာတွင်ဖြစ်ပေါ်ခဲ့သောပြောင်းလဲမှု
များကို အသိအမှတ်ပြုသည့်အနေဖြင့် သွင်းကုန်ပိတ်ဆို့မှုနှင့် စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာ အတားအဆီးများ ဖြေလျော့ပေးခဲ့ပြီး
သောကြာနေ့ကလည်း မြန်မာမှဘဏ်လေးခုကို အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ကန်
ဘဏ္ဍာရေးဌာနက အထွေထွေလိုင်စင်ထုတ်ပေးခဲ့သည်။

0 comments:

Post a Comment

Search Our Site