Thursday, May 23, 2013

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

 
အရင်က ဗိုလ်ချုပ်လွန်းမောင် အခု ဦးလွန်းမောင် (ဓာတ်ပုံ – ဧရာဝတီ)

စစ်စွပ်ကျယ်၊ ပုဆိုးခါးတောင်းကျိုက်နဲ့ ရေသန့် ၆ ဘူးတကတ်တွဲ ၂ တွဲကို လက်တဘက်တချက် ကိုင်ထားရင်း နဖူးကချွေးတွေကို လက်မောင်းရင်းနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်သူကတော့ တချိန်က စစ်အစိုးရလက်ထက် တနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် ရာထူးကို ပိုင်ဆိုင်ခဲ့ဖူးသူ အရင်က ဗိုလ်ချုပ်လွန်းမောင် ဆိုပြီး နာမည်ကျော်ခဲ့သူပဲ ဖြစ်ပါတယ်။
ရေသန့်ဘူးတွေကို ရေခဲသေတ္တာထဲ အစီအရီ ထည့်ဖို့ပြင်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးလွန်းမောင်ရဲ့ ပုံစံဟာ တချိန်က ဘုန်းမီးနေလ ထွန်းတောက်ခဲ့သူ သူတဦးလို့ ထင်စရာ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ထမင်းဆိုင်ပိုင်ရှင် ဦးလွန်းမောင် အဖြစ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အခြေချနေပါပြီ။
ဦးလွန်းမောင်ဟာ ရေခဲသေတ္တာထဲကို ရေသန့်ဘူးတွေ အစီအရီထည့်ပြီး မကြာခင်မှာပဲ ထမင်းစားပွဲခုံ အလုံး ၄၀ ကျော်ကို ရေစိုအ၀တ်နဲ့ လိုက်လံ သုတ်နေပြန်ပါတယ်။ ဘေးက ကြည့်နေသူတွေကတော့ သူ့အသက်အရွယ်နဲ့ မလိုက်အောင် လုပ်ကိုင်နေပုံကို အံ့သြနေပုံရပါတယ်။
အင်တာနက်စာမျက်နှာ ပေါ်မှာ ဗိုလ်ချုပ်ဟောင်း လွန်းမောင်တယောက် ထမင်းဆိုင် ဖွင့်ထားတယ်၊

ကျောင်းအပ်ချိန် လာဘ်စားမှုနှင့် ကျောင်းကျူရှင်ကိစ္စ မိဘက မတိုင်လျှင် အရေးယူရန်ခက်



 
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အထက ၂ ကျောင်းဆင်းချိန်ကို ၂၀၁၂ အတွင်း တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)



ကျောင်းအပ်ချိန်တွင် သတ်မှတ်နှုန်းထက် ကျော်လွန်၍ ငွေတောင်းခြင်း၊ အလှူငွေ ကောက်ခြင်း၊ မတက်မဖြစ် ကျူရှင် သင်နေခြင်းများ ဆက်လက် ပြုလုပ် နေကြသေးသော်လည်း ကျောင်းသားမိဘများက တိုင်ကြားခြင်း မရှိပါက အရေးယူရန် ခက်ခဲကြောင်း အခြေခံ ဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
ကျောင်းသားမိဘများက မကျေနပ်၍ သက်ဆိုင်ရာ ဌာနသို့ တိုင်လျှင် ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သော်လည်း၊ မိဘများက မတိုင်ပါက ပညာရေး ဝန်ကြီးဌာနနှင့် အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ လာဘ်စားမှု ရှိ/ မရှိကို ဝင်ရောက်စစ်ဆေးခြင်း မပြုကြောင်း အမှတ် ၃ အခြေခံ ပညာ ဦးစီးဌာနမှ သိရသည်။

ဟတ်ကြီး ရေကာတာ စီမံကိန်း လေ့လာခွင့်ပြုရေး KNU အစီအစဉ် ရှိ


 


ကရင်ပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ကုမ္ပဏီ ၀န်ထမ်းများ ကွင်းဆင်းလေ့လာနိုင်ရေး ကရင်အမျိုးသား အစည်းအရုံး (KNU) က ခွင့်ပြုရန် အစီအစဉ်ရှိကြောင်း သိရသည်။
အဆိုပါ ဟတ်ကြီး ရေးအားလျှပ်စစ် စီမံကိန်းသည် ထိုင်း-မြန်မာနယ်စပ် KNU ထိန်းချုပ်ရာ ဒေသတွင် တည်ရှိပြီး Electricity Generating Authority of Thailand (EGAT) ကုမ္ပဏီမှ ၀န်ထမ်းတချို့က ကွင်းဆင်းလေ့လာရန် စီစဉ်နေခြင်း ဖြစ်ကြောင်း KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒိုစောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။
KNU အနေဖြင့် ကွင်းဆင်းလေ့လာမှု ပြုလုပ်ရန် လတ်တလော ညှိနှိုင်းဆောင်ရွက်နေပြီး ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း ၎င်းက ဆိုသည်။
“ကွင်းဆင်း လေ့လာဖို့ အတွက် သူတို့ ခွင့်တောင်းနေတယ်။ KNU ဗဟိုကလည်း သူတို့ကို ပေးမယ်လို့တော့ သဘောထား ရှိတယ်။ ကွင်းဆင်းလေ့လာဖို့ အတွက်ပဲ၊ ဆောက်လုပ်ရေး အတွက်ကိုတော့ ခွင့်မပေးဘူး” ဟု ဖဒို စောအောင်မော်အေးက ဆက်ပြောသည်။

Myanmar Map App v1.0 Apk (11.57 Mb)


သူကတော့ မြန်မာမြေပုံအပြင် ရန်ကုန် မန္တလေး  ပုံဂံ အင်းလေး ငပလီ တွေ့ရဲ့  မြေပုံလည်းပါပါတယ် 
မြို့မှာတည်ရှိသော စေတီဘုရား၊စားသောက်ဆိုင်၊AMTစက်များ၊ ဘဏ်၊ shopping center ဆေးရုံ ဟိုတယ်
စတဲ့ နေရာများကို လိပ်စာနဲ့တကွ မြေပုံမှာ အင်္ဂလိပ်စာသားနဲ့ ဖော်ပြပေးထားပါတယ်။
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>mediafire(or)mirrorupload(or)zippyshare
ပထမ တစ်ခါ စတင် အသုံးပြုတဲ့ အချိန်မှာ အင်တာနက်ချိတ်ထားရပါမယ် 
အမျိုးကောင်း သား မှာကူးယူးဖော်ပြပါသည်

ဆီးဂိမ်းပြိုင်ပွဲတွင်ပါဝင်သည့် အားကစားနည်းများ ကျင်းပမည့်ရက် အပြောင်း အလဲဖြစ်ပေါ်



ဆီးဂိမ်းပြိုင်ပွဲတွင် ထည့် သွင်းထားသည့် ပြေးခုန်ပစ်ပြိုင် ပွဲကို မူလက ဒီဇင်ဘာ ၁၂ ရက် သတ်မှတ်ထားပြီး ယခုအခါ ၁၃ ရက်သို့ လည်းကောင်း၊ ဘောလုံး အားကစားနည်းကို ၇ ရက်တွင် သတ်မှတ် ထားရာမှ ၆ ရက်သို့ လည်းကောင်း၊ ကာရာတေးဒို၊ တိုက်ကွမ်ဒို အားကစား နည်း များမှာလည်း တစ်ရက်စီ.................
 
 မင်းခန့်
 သတင်းအပြည့်အစုံဖတ်၇န် ကလစ်နှိပ်ပါ

အမျိုးသမီးငယ် တစ်ဦးအား ဖမ်းဆီး စစ်ဆေးစဉ် မဖွယ်မရာ လုပ်၍ အမ်းရဲစခန်းမှူး တရားစွဲခံရ





အမျိုးသမီး တစ်ဦးအား ဖမ်းဆီး စစ်ဆေးစဉ် မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသမီး မိသားစုမှ အမ်းမြို့နယ်မှ ရဲစခန်းမှူး တစ်ဦးအား တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။
letter-to-Prime-minister-in-Myanmarတရားစွဲခံရသော စခန်းမှူးမှာ အမ်းမြို့နယ် ရူးရဲစခန်းမှ စခန်းမှူး ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
မေလ ၁၂ ရက်နေ့က အမ်းမြို့နယ် ရူးရွာနေ ဦးမှဲ့ထွန်းအောင်၏ သမီး မခင်မာဝင်းအား ရူးရဲစခန်းမှ ရဲတပ်သား မောင်ဘခင်မှ အရပ်ဝတ်ဖြင့် ရဲစခန်းမှူးက ခေါ်နေသည်ဆိုပြီး ရဲစခန်းသို့ ခေါ်ယူသွားသည်ဟု ဆိုသည်။
ရဲစခန်းသို့ ရောက်စဉ် ချက်ချင်းရဲစခန်းဂိတ်အား ပိတ်လိုက်ပြီး ထိုအချိန်တွင် စခန်းမှူး ဒုရဲအုပ် စိန်ဝင်း၊ ရဲတပ်သား ၀င်းလိုင်၊ ကျော်မြင့်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းတို့မှ ၀ိုင်းဖွဲ့ အရက်သောက်နေကြသည်ဟု ဆိုသည်။
မခင်မာဝင်းလည်း ထိုင်စောင့်နေပြီး အရက်မူးလာကြသောအခါ မခင်မာဝင်အား ဖမ်းမည်ဟု ပြောပြီး လက်ထိပ်ခတ်စဉ် မခင်ဝင်းမှလည်း ကြောက်လန့်ြ့ပီး ရုန်းကန်ရာ ရဲစခန်းမှူးမှ သူမ၏ နားထင်အား လက်ဖြင့် ရိုက်ပုတ်ပြီး ရဲသားများမှ သူမအား အတင်း လုံးဖက်တွယ်ကာ ရိုက်ပုတ် ကန်ကျောက်ခြင်းများ ပြုလုပ်ကြသည်ဟု ဆိုသည်။
၎င်းပြင် သူမ၏ ထမီအားဆွဲချွတ်ခြင်း၊ အကျီင်္များ ဆွဲချွတ်ခြင်းများ ပြုလုပ်ကြသည်ဟု ဆိုသည်။
မခင်မာဝင်းမှ သူမအား ဗလက္ကာရ ပြုကျင့်ရန် အထိ ကြိုးစားခဲ့ကြသည်ဟုလည်း ပြောဆိုကြောင်းသိရသည်။
၎င်းနောက်ပိုင်းတွင် အမျိုးသမီး မိသားစုမှ ပြည်နယ် ၀န်ကြီးချုပ်ထံသို့ စာရေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။
ယခုအခါ မခင်မာဝင်းအား ရူးရဲစခန်းမှူးမှ လူကုန်ကူးမူဖြင့် တရားစွဲဆိုထားပြီး ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်ဟု သိရသည်။

နိရဉ္စရာ 

(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း (၃၃) မျိုးတွင် ဆုတံဆိပ် (၁၅၅၇) ဆု ချီးမြှင့်မည်


(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း (၃၃) မျိုးတွင် ဆုတံဆိပ် (၁၅၅၇) ဆု ချီးမြှင့်မည်
၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဆုတံဆိပ် (၁၂၃) ခုဖြင့် အများဆုံး ချီးမြှင့်မည်
 
Eleven Media Group

1500 တန်CDMAဖုန်း(Adnroid Handset)များအတွက် Internet Setting ထည့်နည်း



၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။


၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ

Search Our Site