Ads

ကြော်ငြာ

Tuesday, October 15, 2013

Posted by ဆူးအေမီ on 2:04 AM in | No comments

ကုန်သည်ကြီးများဟိုတယ်မှာ မနေ့ညက ပေါက်ကွဲတဲ့ဗုံးက အခန်းနံပတ် ၉၂၁ ရဲ့ အိမ်သာခန်းထဲ ပေါက်ကွဲခဲ့တာလို့ Bomb Blast Hits Traders Hotel in Rangoon ဆိုတဲ့  ဧရာဝတီသတင်းတပုဒ်မှာ ရေးထားပါတယ်။
မူရင်းကို http://www.irrawaddy.org/burma/breaking-news/bomb-blast-hits-traders-hotel-rangoon.html မှာ ဖတ်နိုင်ပါတယ်။

အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်၊ ဆေးရုံပို့လိုက်တယ်၊ သူ့ခင်ပွန်း  Max Mezezy ပြောတာကတော့ အန္တရာယ်က လွတ်ခဲ့သလို အသက် ၅ နှစ် နဲ့ ၇ နှစ်အရွယ် သား နှစ်ယောက်လည်း အထိအခိုက် မရှိခဲ့ပါဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒီရဲ့ အမေရိကန်မိသားစုက မြန်မာပြည်ကို ခေတ္တ လာရောက်တာဖြစ်ပြီး ဟောင်ကောင်မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် မှန်ကွဲစတွေ လမ်းပေါ် လွှင့်သွားပါတယ်။
ဟိုတယ်မန်နေဂျာ Phillip Couvaras က ဒဏ်ရာရသွားတဲ့အမျိုးသမီးကို ဆေးရုံပို့လိုက်တယ် ဆိုတာပဲ ပြောပါတယ်၊ တခြား အသေးစိတ်အချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲကာလမို့ ဒီထက် ပိုပြောလို့မရဘူးလို့ ဆိုပါတယ်။

Reuters သတင်းတပုဒ်မှာတော့ .... ဒီဧည့်သည်တွေမတိုင်ခင် ဒီအခန်းမှာ ဘယ်သူတည်းတယ်ဆိုတာကို စုံစမ်းနေတယ်ဆိုတဲ့အကြောင်း ရဲအရာရှိ ဟန်ဝင်းစိုးက ပြောတယ်လို့ ရေးထားပါတယ်။

ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း
  မှန်ကွဲစတွေ လမ်းပေါ်အထိ ပြန့်ကျဲသွားတာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း 
အနံ့ခံခွေးဆွဲပြီး ရောက်လာကြ စစ်ဆေးကြပါတယ်။

ကုန်သည်ကြီးများဟိုတယ်ခန်းထဲ အသေးစား ပေါက်ကွဲမှု မတိုင်ခင်မှာတော့ ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့တို့မှာ ဗုံးတချို့ တွေ့ရှိခဲ့ပါတယ်၊ ပေါက်ကွဲမှုတချို့လည်း ဖြစ်ခဲ့ပါတယ်။

ဒီစာကို ရေးနေတုန်း ရန်ကုန်မြို့ ၃၈ လမ်းတ၀ိုက်မှာ   လက်ဆွဲသေတ္တာတလုံး ပိုင်ရှင်မဲ့ တွေ့ရလို့ အဲဒီနေရာမှာ ရုပ်ရုပ်သဲသဲ ဖြစ်နေပါတယ် တဲ့။

သတင်းအချက်အလက်တွေ ထပ်ရရင် ဒီဘလော့ http://blog.irrawaddy.org မှာ ထပ်မံ ဖော်ပြပေးပါ့မယ်။

မနက် ၁၁း၀၀ ထပ်မံဖြည့်စွက်ချက်

၃၈ လမ်းအနီး လက်ဆွဲသေတ္တာနားကို မကပ်ကြဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်နေပါတယ်။
ဘာမှန်းမသိရသေးတဲ့သေတ္တာနားကို မကပ်အောင် ကြိုးတားပြီး ဟန့်တားထားတာပါ။
ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင်တွေ မကြာခင် ရောက်လာမယ်လို့ ယူဆရပါတယ်။
အနားက ဆိုင်တွေကတော့ ပိတ်ထားလိုက်ကြတယ်လို့ သိရပါတယ်။

From:ဧရာဝတီ
Posted by ဆူးအေမီ on 1:53 AM in | No comments

 Photo: ★ အများပြည်သူများသို့ လုံခြုံရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန် ★

ရန်ကုန် အောက်တိုဘာ ၁၄

• ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း အောက်တိုဘာ ၁၃ ရက် နံနက် ၀၀ နာရီ ၁၅ မိနစ်ကအင်းစိန် မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက် ရန်ကုန်-ပြည်လမ်း စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲ သေးသည့် လက်လုပ် မိုင်းတစ်လုံးကို ရှင်းလင်းနိုင်ခြင်းနှင့် ယင်းနေ့တွင်ပင် ညနေ ၅ နာရီ မိနစ် ၄၀ က သာကေတ မြို့နယ် ၃/ မာန်ပြေရပ်ကွက် ယမုံနာလမ်း အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးရပ်ထားသည့် နောက်တွဲ ယာဉ်အောက်တွင် တွေ့ရှိသည့် ကြွပ်ကြွပ်အိတ် အမည်းဖြင့် ထုပ်ထားသည့် အထုပ်အား ထက်နိုင်အောင် (၁၄ နှစ်) နှင့် ဝင်းမင်းထွေး (၁၄ နှစ်)တို့က ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ၎င်းလူငယ် နှစ်ဦးတွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိ ခဲ့ကြကြောင်း သိရသည်။

• ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှူး၏ လမ်းညွှန်ကြီး ကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့် ချထား ဆောင်ရွက်လျက် ရှိပြီး 

• အများပြည်သူများ အနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာများနှင့် လမ်းကြို လမ်းကြား များတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖောက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံနှင့် မြို့နယ်ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြ ရန်နှင့် 

• ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း မိမိရပ်ကွက်ရှိ ရာအိမ် မှူး၊ ဆယ်အိမ်မှူးများအား ဆက်လက်သတင်း ပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြား ထားပေးပါရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မေတ္တာရပ်ခံ လိုက်သည်။ 

• အများပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများ အထိတ် တလန့်ဖြစ်အောင်နှင့် ထိခိုက် ဒဏ်ရာရသေစေအောင် အဖျက်အမှောင့် လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေ သူများအား ဝိုင်းဝန်းကူညီပူးပေါင်း ပါဝင် ဖော်ထုတ်ပေးကြပါရန် တိုက်တွန်းနှိုးဆော် မေတ္တာ ရပ်ခံအပ်ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။ 
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
source::http://www.moi.gov.mm/news/15/10/2013/id-1148

.. www.MyanmarExpress.net

မြန်မာပြည်တွင်ဝင်ငွေရှာနေသူများရဲ့ ထောက်ခံမှုအထူးးးရရှိထားတဲ့...........
2013 အတွင်း အသစ်ထွက်ဝင်ငွေရှာဖွေဖို့အကောင်းဆုံး... အလွယ်ကူဆုံး..အလျင်မြန်ဆုံး ငွေရှာဆိုဒ်ဖြစ်ပါတယ်။။ Loading Time လဲမြန်တယ်..ကြော်ငြာတွေလဲ အပေးများတယ်..ကြော်ငြာများတော့ ငွေမြန်မြန်တက်တာပေါ့. အခု NaidBux က Probux ထက်ကိုအပေးများပါတယ် Probux ကမြန်မာနိုင်ငံမှာလုပ်ဖို.အတွက်အဆင်မပြေပါဘူး ကျော်သုံးရပါတယ်..ဒီNaidBuxကတော့မြန်မာပြည်မှာလည်းအဆင်ပြေပါတယ်ခင်ဗျ...ကြော်ငြာတွေလည်းအပေးများတယ်ဗျာ ငွေတက်တာလည်းအရမ်းကိုမြန်တယ် Payment ကလည်း Instant စနစ်ကိုသုံးထားတဲ့အတွက် ချက်ခြင်းထုတ် ချက်ခြင်းကိုကိုယ့်အကောင့်ထဲကိုငွေရောက်ပါတယ် နောက်တခုကတော့ Register လုပ်ထားတဲ့ Company ဖြစ်တဲ့အတွက်အရမ်းကိုစိတ်ချရပါတယ် NaidBux ကအခုမှပေါ်လာတာပါ သူငယ်ချင်းညီအကိုမောင်နှမတွေအားလုံးကို မြန်မြန်လေးလုပ်စေချင်တဲ့ ဆိုဒ်လေးဖြစ်နေလို. ချက်ခြင်းဘဲတင်လိုက်တာပါခင်ဗျာ.. အထူးပရိုမိုးရှင်းအနေဖြင့် Naidbux မှာငွေရှာလို့ 8$ ပြည့်တိုင်း 2$ လက်ဆောင်ပေးတဲ့ စနစ်လေးထည့်သွင်းထားပါတယ်... ဒါကြောင့် Online ၀င်ငွေရှာနေသူများ လက်မလွှတ်သင့်တဲ့ဆိုဒ်ဖြစ်တယ်ဆိုတာပြောကြားရင်း

လုပ်ပုံလုပ်နည်းကိုကို http://makingmoneytutorial.weebly.com/naidbux-412141574140414541004156412341574140412341164153.html

မှာကြည့်ပါ...အညွှန်းတွေနဲ့သေချာလေးရေးပြထားပါတယ်..အေးအေးဆေးဆေးဖတ်ပြီး လုပ်ကြည့်သွားပါ..တစ်ပတ်အတွင်း အကုန်သဘောပေါက်သွားမှာ အသေအချာပါ။.
ရလာတဲ့ငွေတွေကို မြန်မာမှာလည်း မကြာခင်အဆင်ပြေပြေနဲ့ထုတ်လို့ရပါတော့မယ် CB Bank ကနေ မကြာခင် ၀န်ဆောင်မှုပေးဖို့ ကြော်ငြာထားပါတယ်ခင်ဗျာ။

*ဘလော့ ခရီးသည်*

Saturday, October 12, 2013

ဒီ Post လေးကိုတော့ ကျွန်တော့်ရဲ့ ဆရာသမား တစ်ယောက်ဖြစ်တဲ့ ကိုဇာနည် (အာရှသားလေး)ဆီက သဘောကျလို့ ယူလာတာပါ။ 
ကဲ Hacker Themes နဲ့ပတ်သက်ပီးကျွန်တော် ကွန်ပျူတာအတွက်အရင်တစ်ခေါက်ကတင်ပေးခဲ့ဖူးပါတယ်။ အခုတစ်ခါထပ်မံတင်ပေးမှာကတော့ Android Phone အတွက်ဖြစ်ပါတယ်။ Android Version အနိမ့် 2.3.6 Up to ရပါတယ်။ အရင်ဆုံးလိုအပ်တဲ့ဖိုင်တွေကိုတော့ အောက်က Link မှာဒေါင်းလိုက်ပါ ပီးသွား ရင်တော့Next Luncher.apk ဆိုတာလေးကိုအရင် Install လုပ်လိုက်ပါ။ ထို့နောက်မှာတော့ Android 4.3 HD Next Theme.apk ကိုလည်း ထပ်မံ Install လုပ်လိုက်ပါ။ ဒီ့နောက် နောက်ဆုံးတစ်ခုဖြစ်တဲ့ Black Theme Pro.apk ကိုလည်း ထပ်မံသွင်းလိုက်ပါ ။ ဒါဆိုရင်အားလုံးသွင်းပီးပီလို့ကျွန်တော်ယူဆလိုက်ပါမယ်။ ဒီနောက်သင့်ဖုန်းအား Restart တစ်ချက်လောက်ချလိုက်ပါ။ ပြန်ပီးတက်လာပီဆိုရင်တော့ Next Luncher ကိုဖွင့်လိုက်ပါ။ ပီးနောက် သင်Home Screen က Next Luncher ရဲ့Themes ဖြစ်နေပါမယ်။ ဒီနောက်တော့ သင်ပြောင်းချင်တဲ့ Dock Icon ကို ခဏလေး( ၂စက္ကန့်လောက်) ဖိထားလိုက်ပါဒါဆို ရင်အောက်ပါ ပုံအတိုင်းပေါ်လာပါလိမ့်မယ်ဒီနောက်တော့ မှင်အနီရောင်ဝိုင်းပြထား တဲ့နေရာလေး ကိုနှိပ် လိုက်ပါဒါဆိုရင် အောက်ပါပုံအတိုင်းထပ်မံပေါ် လာမှာဖြစ်ပါတယ်။

အထက်ပါပုံရဲ့ပထမအပေါ်မျှားနေရာကို Tap တစ်ချက်နှိပ်လိုက်ပါ က ပုံပါအတိုင်း UT2.0, ClassicTheme, Android 4.3 H.., Black Thems ဆိုပီး ပေါ်လာရင် မျှားအနီရောင်လေးပြထားတဲ့နေရာဖြစ်သော Black Theme ကိုရွေးလိုက်ပါမယ်ဒီနောက်တော့ အောက်ပါပုံအတိုင်းထပ်မံပေါ်လာတဲ့အခါမှာတော့

မိမိစိတ်ကြိုက် Icon များကိုရွေးချယ်သတ်မှတ်ပေးလိုက်ရုံပါပဲ မိမိစိတ်ကြိုက်သတ်မှတ်ပီးသွားတဲ့အခါ မှာတော့ အောက်ဖော်ပြပါပုံအတိုင်း Dock Setting ကိုမြင်ရမှာဖြစ်ပါတယ်

အားလုံးပဲ အဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ် Hacker Themes For Android အတွက် လို အပ်သော Wallpaper ကိုလည်း ZIP File အတွင်းထည့်သွင်းပေးထားပါတယ်။ ဖိုင်ဆိုက်ဒ်ကတော့ 16MB ရှိပါတယ်။ ယခု Post လေးဖြစ်မြောက်ဖို့အတွက် ကူညီပေးသော အိုင်တီဝါသနာရှင်များဂရုမှ Adminဦးရဲသက်ပိုင် အားအထူးပင်ကျေးဇူးတင်ရှိပါတယ်။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
 
မောင်စွယ်စုံကျမ်း
Posted by ဆူးအေမီ on 11:31 AM in | No comments

ဒီဆောစ့်ဝဲလ်လေးကတော့ မြန်မာနိုင်ငံကနေ နိုင်ငံခြားကို ဖုန်း free ပြောချင်သူတွေအတွက် 
အသုံးဝင်မယ်ဆောစ့်ဝလ်လေးပါ ဖုန်းအခေါ်ခံရမယ်သူမှာ အင်တာနက်ရှိစရာမလိုပါဘူး
လိုင်းအနည်းငယ်ကောင်းယုံနဲ့ခေါ်လို့ရပါတယ် 
ဆောစ့်ဝဲလ်ကို စတင်အသုံးပြုတာနဲ့ 25 Creadits ရပါတယ် 
စင်္ကပူ မလေးရှား ထိုင်းတို့ကိုခေါ်မယ်ဆိုရင် တစ်မီနစ်ကို 1.57 Creadits ကျပါတယ်
ပြီးတော့ အကောင့်ဖွင့်တဲ့အခါ ဖုန်းနံပတ်နဲ့မဖွင့်ဘဲနဲပ face book နဲ့ဖွင့်ပါ
ဒါဆို Dingtone ဆောစ့်ဝဲလ်လေးအသုံးပြုပြီး face bookနဲ့အကောင့်ဖွင့်ထားသူအချင်းချင်း
ဖုန်း free ပြောလို့ရပါတယ်  မပြောခင် အင်ဗိုက်လုပ်ထားဖို့တော့လိုတာပေါ့ 
Creadits  ပြန်ဖြည့်ဖို့အတွက် သူပေးထားတဲ့ ဂိမ်းတွေကိုဒေါင်းရင် 
Creadits  ပြန်ရပါတယ် သူငယ်ချင်းတွေအားလုံးအဆင်ပြေပါစေ
အခြား လုပ်ဆောင်ချက်တွေကိုတော့ 
 အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>>mirrorcreator (or)zippyshare (or)mediafire
မောင်စွယ်စုံကျမ်း

Posted by ဆူးအေမီ on 11:20 AM in | No comments

http://hacknmod.com/wp-content/uploads/2008/09/hack.jpg
ကဲဗျာ Hacking အကြောင်းကို အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ စာအုပ်တွေ 
ကိုသာဒေါင်းပြီး ဖတ်ကြည့်ကြပါဗျာ။ ဒီစာအုပ်လေးကိုတော့ FB မှာဘော်ဒါကြီး AC Vs DC  ဆီကနေ မလာ တာပါ။ ဘယ်လိုစာအုပ်တွေလည်းဆိုတာကတော့ အောက်မှာ အသေးစိတ်ရေးပြပေးထားပါတယ်ဗျာ။ Hacking နဲ့ပတ်သက်တဲ့စာအုပ်တွေဆိုတော့လည်း ဘာမှတော့ ရှည်ရှည်ဝေးဝေးဆက်မပြောချင်တော့ပါ ဘူး နည်းပညာနဲ့ပတ်သက်လာရင် ခြေတစ်လှမ်းနောက်ကျမှာစိုးတဲ့အတွက် မိမိကိုယ်မိမိကာကွယ်နိုင် ဖို့ အတွက်သာ တင်ပေးလိုက်တာပါ။ ခဏနေရင်လည်း Hacking ရန်မှကာကွယ် ဖို့အတွက် Software လေး လည်းတင်ပေးသွားမှာပါ။

Automatic+Bomb+Virus
backtrack_5_cookbook
BackTrack 5Wireless Penetration Testing
Basic Hacking
Basic Hacking(Upload by TEC)
BasicDNNHacking
BatFileProgramming
BoT NET Creator By L1nn L00N
BT Ebook
CREATE A DANGEROUS VIRUS USING NOTEPAD
Facebook hack ခံ ရခြင်းမှ ဘယ်လိုကာကွယ်မလဲ အပိုင်း(၁)
facebook lock ကျနေသော အကောင့်ပြန်ယူနည်း
Facebook အကြောင်းသိကောင်းစရာများ
GMAIL မှားယွင်းဖျက်မိသောcontact များကိုပြန်လည်၇ယူခြင်း
hacking myanmar
Hacking wireless network wep type^ByFUllPremiumNowFree.com
Hiren's BootCD အသုံးပြုနည်း(AC Vs DC)
HOW TO HACK FACEBOOK PASSWORD USING PHISHING METHOD
how to hide facebook your email
how to see bat file
IISWebsiteHackingwithWindows7
Kali linux myanmar
keylogger ရန် ကာကွယ်နည်း
Metasploit.Penetration.
Testing.Cookbook
NetworkHackingTesting
Networking အကြောင်းသိကောင်းစရာ
Poison the Network
stealer
Using_Virtual_Box
WEP WiFi Cracking
WiFi Hacking Basic 1
Wifi Hacking Basic 2
wifi internet connection hacking( WEP/WPA2 penetration testing)
Password သိတောင် Gmail အကောင့်ကို Hack လို့ မရစေရဘူး
IP address သိရင် ဘယ်လို hack လို့ရနိုင်သလဲ
Wifi မှန်သမျှ လွယ်လွယ်ဟက်မယ်
Window 7 Crack For 32 -Bit
မိမိ Facebook အကောင့် password မေ့သွားရင် ပြန်ယူတဲ့ နည်း
သိကောင်းစရာထက်ပိုတဲ့ Telnet အကြောင်း
Hacker တွေ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများ

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
 
မောင်စွယ်စုံကျမ်း

Friday, October 4, 2013

sky net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့ အတော်အဆင်ပြေတယ်ဗျာ :D ကျွန်တော်ကတော့ ခု ကြည့်နေပီ ကြည့်ချင်တဲ့ ဘော်ဘော်တွေ အောက်ကလင့်မှာဒေါင်းလိုက်နော်
<<Download>>

Making Money From Home
 
မောင်စွယ်စုံကျမ်း
NASCAR: Redline By Eutechnyx Limited For iPhone, iPad, and iPod 570MB
================================

ကားပြိုင်ဂိမ်းကြိုက်တဲ့ သူငယ်ချင်းတွေအတွက် 3ရက်မှာအသစ်ထွက်ရှိလာတဲ့ 
ဂိမ်းဖြစ်ပါတယ် Store မှာ 4.99ဒေါ်လာပေးရပြီး
free ရယူမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

http://www.zwmnna.com/2013/10/nascar-redline-by-eutechnyx-limited-for.html

Posted by ဆူးအေမီ on 6:08 AM in | No comments
အခုတလော  Facebook မှာ  Page လုပ်သူတွေ  တအားများလာတာတွေ့ တယ်

မလုပ်တတ်သေးသူတွေ ရှိနေလို့    ပြုလုပ်နည်းအသေးစိတ်  ရေးတင်လိုက်တာ

တစ်ဆင့်ချင်းလုပ်ကြည့်  10 မိနစ်မကြာဘူး ။  နာမည်ကျော်  မင်းသား မင်းသမီး

ကုန်ပစ္စည်းကြော်ငြာ  သတင်း  နည်းပညာ  နယ်ပယ်အစုံကနေ  Fan Page တွေ

ပြုလုပ်လာကြပီး  အကျိုးကျေးဇူးလည်း များပါတယ် ။Page တစ်ခုမှာ Like တဲ့သူ

အများကြီးရဖို့  လိုအပ်ပါတယ် ။ ဒါမှစာတင်တာ  ပုံတင်တာ  လူအများကြီးဆီကို

ချက်ချင်းရောက်တယ် ။ ဂျာနယ်ထဲ  ကြော်ငြာထည့်တာ   လူသိဖို့ သိပ်မမြန်ဘူး

နာမည်ရပီး  Like သူများတဲ့  Fan Page မှာ  ကြော်ငြာရင် ခဏလေးနဲ့  လူသိများ

နာမည်ကြီးတာပေါ့ ။ အဲ့ကြောင့်  ကုမ္ပဏီတွေ  မင်းသားမင်းသမီးတွေ Fan တွေ

လုပ်ပီး သုံးနေကြတာ အကျိုးကျေးဇူးကလည်းများပါတယ် ။ ကဗျာ စာပေသမား

သတင်းသမား အဆင်ပြေသလို ပြုလုပ်လို့ ရတယ် ။လုပ်ရတာလည်းလွယ်ကူပြီး

Facebook အကောင့်တစ်ခုရှိတာနဲ့  Fan Page တွေ  အများကြီး လုပ်လို့ ရတယ်

ပြုလုပ်ချင်သူများ  အောက်ကလင့်မှာ  တစ်ဆင့်ချင်း လိုက်လိုက်ပါ 5 မိနစ်ပါပဲ

http://www.zwmnna.com/2013/08/facebook-fan-page-facebook-like-page.html?m=0

Posted by ဆူးအေမီ on 6:06 AM in | No comments
အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့ 
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး 
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် .. 

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် ..အသေးစိတ် တစ်ဆင့်ချင်း အောက်ကလင့်မှာဖတ်လုပ်ပါ

http://www.zwmnna.com/2013/08/facebook-lock_30.html?m=0

Posted by ဆူးအေမီ on 6:03 AM in | No comments
Facebook သုံးသူတွေအနေနဲ့  အကောင့်ကို မြန်မာလို ပြောင်းချင်သူများ

ပြောင်းသုံးဖို့ ဒီပုံလေးတင်လိုက်ပါတယ် ဖွင့်ခါစကတော့ English လိုပါ

နောက်ပိုင်း လိုအပ်သလို နာမည်တွေ အမျိုးမျိုး မြန်မာလို တခြားဘာသာ

အစုံပလုံ ပြောင်းလာကြတာတွေ့ ရပါတယ် နာမည်ပြောင်းတာက မခက်ပါဘူး

ခက်နေတာက Facebook က ဒါကြောင့် အကောင့်တိုင်း ပြောင်းမရဘူး

မရဘူးဆို မရဘူးလို့ မှတ် သူ့ မှတ် သတ်မှတ်ချက်ရှိတယ် ခဏခဏပြောင်း

Fake Name ဖြစ်မစိုးလို့  Real Name သုံးပါလို့  First Name/Last Name

အောက်မှစာပါတယ်နော် ကိုယ့်ဟာကိုဖတ်ကြည့်။ မရတဲ့အကောင့်တွေမရ

များသောအားဖြင့်ရတတ်ပါတယ် နာမည်ပြောင်းချင် ပုံကြည့်လုပ်လိုက်ပါ

လက်တွေ့ ပြောင်းပြထားပါတယ် အဆင်လည်း ပြေပါတယ်

အရင်လည်းရေးထားဖူးပါတယ် မေးလာသူရှိလို့ လုပ်ပေးရင်းပြန်ပြပေးတာ

Posted by ဆူးအေမီ on 6:02 AM in | No comments
Facebook မှာ သူငယ်ချင်း List ကိုဖျောက်ချင်သူများ မေးလာတာဖြေရင်း

တိုက်ဆိုင်သူသုံးချင် အောက်ကနည်းအတိုင်းလုပ်ပါ လွယ်ပါတယ်နည်းက

ကိုယ့်ကဘယ်သူနဲ့ သူငယ်ချင်းဖြစ်နေလဲ ဘယ်သူတွေလဲ သူငယ်ချင်းက

ဘယ်လောက်များပီလဲ စပ်စုလို့ မရတော့ဘူး အဲ့တာ အရေးကြီးတယ်

ကျနော်ဆိုဖျောက်ထားတာ ကျနော်လည်း တခါတလေ စပ်စုဖူးတယ်

ငါ့ရည်းစား ဘယ်သူနဲ့  Friend ဖြစ်နေလဲ ဘယ်နှစ်ယောက်လဲပေါ့

အများကြီးအသုံးချရပါတယ် Own Privacy ပေါ့ လုပ်ချင်ရင်အောက်မယ်

ကိုယ့်Faceboo Wall သွားလိုက် Friend 3547 ဘာညာမြင်ရမယ်နှိပ်လိုက်

အပေါ်ဘက် ညာထောင့်မှာ Edit လုပ်ဖို့  ခဲတံပုံစံလေးမြင်လိမ့်မယ်

Search Your Friend ဆိုတဲ့အကွက်အထက်တည့်တည့်မှာရှိတယ်နော

နှိပ်လိုက် ပြီးရင် Edit Privacy ကိုနှိပ်..မမြင်စေချင်ရင် Only Me ထား

Friend only ဆိုလည်း ကိုယ်နဲ့  Friend ဖြစ်ထားသူပဲ ကြည့်လို့ ရမယ်

အဆင်ပြေတာထားပေါ့ လုပ်နည်းကတော့ လွယ်ပါတယ်..ရေထားပါတယ်

မဖတ်ဖြစ်လို့ နေမယ်..မသိသေးသူရှိပါက ပြန်ရှင်းပြလိုက်ပါ Share လိုက်ပါ

မောင်(စွယ်စုံကျမ်း)

Posted by ဆူးအေမီ on 6:01 AM in | No comments
အသိတစ်ယောက်က အခုလို လုပ်ချင်နေတာနဲ့  လုပ်ပေးကြည့်လိုက်တာ မိုက်တယ်ဗျ

ဟုတ်တော့ဟုတ်တယ်နော ။ ကိုယ့်သူငယ်ချင်းက  မိန်းကလေးတစ်ယောက်ဖြစ်တယ်

သူ့ စာမျက်နှာသွားပီးကြည့်လိုက်  သူ like လုပ်ထားတဲ့ဟာတွေက Sexy Page တွေ

ကိုယ့်သဘောနဲ့   ကိုယ်ဆိုပေမယ့်လည်း  သူများမြင်တော့ မကောင်းဘူးထင်ပါတယ်

Like လုပ်တယ်ဆိုတာကကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့  Page ကိုပဲ လုပ်တာ

ဒါနဲ့ ကျနော်လည်း  သူငယ်ချင်းတွေဆီလျှောက်သွားပီး ဘယ်သူက  ဘယ်လိုဟာတွေ

Like လုပ်ထားလဲကြည့်ကြည့်တယ် ။ စပ်စုကြည့်တာပေါ့  အခုတော့   စပ်စုမရအောင်

ကျနော်ပိတ်ထားလိုက်တယ် ။ ဒါဆို အခုကျနော့စာမျက်နှာလာကြည့် မမြင်ရတော့ဘူး

ကျနော်   ဘယ်လိုဟာတွေ   Like လုပ်ထားလဲ  သူများကြည့်မရတော့ဘူး  ဖွက်ထားပီ

တိတ်တိတ်လေးနဲ့  ဖလမ်းဖလမ်းထတာပေါ့ ။ ဆိုတော့ကာ  သူငယ်ချင်းတွေထဲမှာလဲ

အခုလို ဖျောက်ထားချင်တယ် သူများကိုမသိစေချင်ဘူးဆိုရင်   ဖွက်ထားလိုက်ကြပေါ့

ကိုယ့်သူငယ်ချင်း ဘယ်သူတွေဆိုတာမသိစေချင်ရင် ကိုယ့်သူငယ်ချင်းဘယ်လောက်

မသိစေချင်ရင်လည်း  ဖျောက်ထားလို့ ရတယ် လျှိုဝှက်သိုသိပ်စွာ နေထိုင်းနည်းလေး

တစ်မျိုးပါပဲ ။ တချို့ ကောင်မလေးတွေ  Sexy Page တွေ  အများကြီး Like တယ်ဗျ

ပြောတော့ မပြောပါဘူး  ။  ဘယ်သူတွေ ဘာ Like လည်း   ပတ်မွှေကြည့်လိုက်တာ

ကဲ ..အမွှေမခံချင်  ၊ သူများမသိစေချင်ရင်  ဖျောက်ထားလိုက်တော့   အေးဆေးပါပဲ

အောက်ကလင့်မှာ ပုံတွေနဲ့ အဆင့်လိုက်ပြထားပေးပါတယ်ဖတ်ပီးလုပ်ပါ

http://www.zwmnna.com/2013/06/facebook-liked.html?m=0

Posted by ဆူးအေမီ on 5:56 AM in | No comments

ဒီဆော့ဝ်လ်လေးက လန်းတယ်ဗျာ။ တစ်ခုတော့ ရှိတယ်။ မသုံးမီ အဲ့တစ်ခုစစ်ဆေးပါ။ အောက်ပါအတိုင်းဆက်ဖတ်ကြည့်ပေါ့။ သူက Windows 8 မှာလည်းသုံးလို့ရတယ်ဆိုပဲ။ အဲ့အဆင့်ရရင် ဆော့ဝ်လ်က လိုသလို သုံးလို့ရပါပြီဗျာ။

Ctrl + R ကိုကလစ်ပြီးရင် ကျွန်တော်မျှားထိုးထားတဲ့နေရာမှာ cmd လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။

CMD ရောက်ပြီဆိုတာနဲ့ netsh wlan show drivers ကိုရိုက်ထည့်ပါ။
Hosted network supported : Yes လို့ပြတာနဲ့ အိုခေပါပြီ။ No လို့ပြရင်တော့ ဒီအဆင့်မှာပဲရပ်လိုက်ပါတော့။

အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

Download => Link 1 / Link 2
 
အောင်လေး
 
Posted by ဆူးအေမီ on 5:50 AM in | No comments
ဒီစာအုပ်လေးကတော့ အခုမှစသုံးတဲ့လူတွေရော သုံးတာကြာတဲ့  လူတွေအတွက်ပါ

အသေချာချာ ရေးပြထားပါတယ် ။အကောင့်တစ်ခု  စတင်ပြုလုပ်သည်မှစပီး အကုန်

လုံခြုံစွာသုံးတတ်ရေး  အကောင့်အခိုးမခံရအောင် ဆောင်ရန် ရှောင်ရန် နည်းတွေနဲ့ 

ချက်တင်ပိုင်းဆိုင်ရာ သူငယ်ချင်းပိုင်းဆိုင်ရာ အစုံအလင်  ရေးပြထားတာမို့  လက်ရှိ

သုံးနေတဲ့သူများ အကောင့်ခဏခဏ ပျောက်သူများ ဖတ်သင်တဲ့စာအုပ်တစ်အုပ်ပါ

ကိုယ်နဲ့ အဆင်မပြေသူများ Block လုပ်နည်းနဲ့  ကိုယ့်စာမျက်နှာမှာ ညစ်ညမ်းပုံတွေ

မလိုအပ်တဲ့စာတွေ  လာရောက်နှောက်ယှက်  မရေးနိုင်အောင် ပိတ်ထားနည်းတွေ

အပြည့်အစုံရှင်းထားတာမို့  Facebook သုံးသူတွေအတွက်  ဖတ်သင့်တဲ့   စာအုပ်ပါ  
အောက်ကလင့်မှာ ဒေါင်းလုပ်ပီး အေးဆေးဖတ်မှတ်လေ့လာကြည့်ပါ

http://www.zwmnna.com/2013/02/facebook.html?m=0

Posted by ဆူးအေမီ on 5:48 AM in | No comments

မစွေတော့နဲ့တော့ဗျာ

ရွာသာရွာချလိုက်ပါ

အကြင်နာမိုး ၊ မေတ္တာမိုး ၊ သစ္စာမိုး ၊ အလွမ်းမိုး ၊ အဆွေးမိုး ၊

ကမ္ဘာပြုမိုး ၊ မရိုးနိုင်တဲ့ မိုးတွေ

ရွာသာရွာချလိုက်ပါ

ခမျာ  ... ခံစားမှု့တွေ တင်းလောက်ရော့ပေါ့

အထောက်တော်တွေ မလွှတ်ပါနဲ့တော့

ညီမျှခြင်းတွေနဲ့လက်တွဲ  .. ကွဲလွဲမှု့တွေအတွက်

ရွာသာရွာချလိုက်ပါ

အချစ်ဆိုတာ နားမလည်သူတစ်ယောက်ပါ

မျက်ရည်တွေ မိုင်တွေခြားသလို

အချစ်နဲ့ခြားနားနေသူပါ

မြွေပူရာကင်းမှောင့်  လောက်လောက်လားလားရွာ မရခဲ့သူပါ

ခြားနားမှု့တွေကို အဆုံးမသတ်တော့

စုပ်တသပ်သပ်နေနေရသူပါ

အဆိုးတွေ ...မိုးရေနဲ့မျှောချချင်သူပါ

မေတ္တာတွေအတိုးချ မငိုရတဲ့ဘဝကိုပိုင်ဆိုင်ချင်သူပါ

အမုန်းစစ်ပြေငြိမ်း ငြိမ်းချမ်းရေးငှက်လွှတ်ချင်သူပါ 

ရွာသာရွာချလိုက်ပါ

အသူတရာချောက်တွေပြည့်သွားပါစေ

မူမပါတဲ့ အပြုံးတစ်လက်ကိုပိုင်ဆိုင်ဖို့

အဖြူရောင်ချပ်ဝတ်တန်ဆာကိုဝတ် လို့ တိမ်ညိုညိုတွေကိုကြည့်ချင်နေသူပါ

ရွာသာရွာချလိုက်ပါ

သဘောကောင်းချင်ယောင်ဆောင်နေတဲ့

တိမ်တိုက်တွေလွင့်တဲ့အထိဖြိုခွင်း

မိုးလင်းခွင့်ကိုမုန်းတဲ့ မျက်ကန်းအတွက်ပေါ့

ရွာသာရွာချလိုက်ပါ

ဝေးခဲ့ရတဲ့နေ့ရက်တွေ

ဆွေးခဲ့ရတဲ့နေ့ရက်တွေ

နှလုံးသွေးခ ခဲ့ရတဲ့နေ့ရက်တွေ

အပြုံးနွေးမရတဲ့နေ့ရက်တွေ

တွေဝေခဲ့တဲ့နေ့ရက်တွေ

အဆင်မပြေခဲ့တဲ့နေ့ရက်တွေ

အသက်တိုးမသွားအောင်

ရွာသာရွာချလိုက်ပါ

မြေခ ခဲ့တဲ့မျက်ရည်တွေ

ကြွေကျခဲ့တဲ့ နှလုံးသားတွေ

လုံးပါးပါးမသွားအောင်

ရွာသာရွာချလိုက်ပါ

ဝေးကွာခဲ့တဲ့မေတ္တာတွေ

အလွှာကင်းမဲ့တဲ့သစ္စတွေ

အလျင်အမြန်ချုပ်စပ်တဲ့အထိ

ရွာသာရွာချလိုက်ပါ

အမှန်တရားကို မှန်ပေါ်တင်ကြည့်တဲ့အခါ

ခင်ဗျားရွာတာအပြစ်မရှိပါဘူးလေ   ။

                                                        မောင်ရေခဲ
Posted by ဆူးအေမီ on 5:45 AM in | No comments

မင်္ဂလာပါခင်ဗျာ။ Mizzima နေ့စဉ် သတင်းစာကို မနက်တိုင်း အခမဲ့ ဖတ်ရှုပြီး Samsung Galaxy Grand ဖုန်းကို ရယူနိုင်ပါပြီ။ ကံစမ်းရန် အတွက် (၁) မိမိတို့၏ Android ဖုန်း နှင့် Tablet များတွင် Mizzima Daily App ကိုထည့်သွင်းပါ။ (၂) နေ့ စဉ်ထွက် သတင်းစာ တစ်စောင်ကို Download ရယူပြီး ဖွင့်ကြည့်ပါ။ (၃) သတင်းစာတွင် ပါရှိသည့် Registration Form တွင် မိမိ၏ ဆက်သွယ်ရန် အချက်အလက်များ ဖြည့်သွင်းပြီး ကံစမ်းနိုင်ပါပြီ ခင်ဗျာ။ Download ရယူရန် Link များ- http://www.bitmyanmar.com.mm/kanaung/mizzima_daily Google Play Store မှ ရယူလိုသူများအတွက် -https://play.google.com/store/apps/details?id=com.bit.mizzimadailynews 1mobie မှ ရယူလိုသူများအတွက် - http://www.1mobile.com/mizzima-daily-newspaper-835182.html ကံထူးရှင် စာရင်းကို ၂၀၁၃ နိုဝင်ဘာလတွက် ကြေညာသွားပါမည် ခင်ဗျာ။ မဇ္ဈိမ သတင်းစာ Android Version သည် မနက်စောစောတွင် Update ဖြစ်သောကြောင့် ဖတ်ရှုသူများအနေဖြင့် နေ့စဉ်ဖြစ်ပျက်နေသော သတင်းဦး၊ သတင်းထူးများကို လက်မလွတ်နိုင်စေရန် ယခုပင် http://www.bitmyanmar.com.mm/kanaung/mizzima_daily တွင် Download ရယူနိုင်ပါပြီ။ မှတ်ချက်။ ။ iPhone များအတွက် မကြာမီ ထွက်ရှိလာမည်ဖြစ်ပါသည်။ Android Version မှ သတင်းစာများသည် စနေ၊ တနင်္ဂနွေနေ့များတွင် မထွက်ရှိပါ။
 
mizzima
Posted by ဆူးအေမီ on 5:42 AM in | No comments

'လူတွေဟာ တတိယကမ္ဘာစစ်ကို ဘယ်လိုလက်နက်တွေနဲ့ တိုက်ကြမယ်တော့ မဆိုနိုင်ဘူး။ ဒါပေမဲ့ စတုတ္တကမ္ဘာစစ်ကို တုတ်တွေ ကျောက်တုံးတွေနဲ့ တိုက်ကြမှာကတော့ သေချာတယ်' 'အဲလ်ဘတ် အိုင်းစတိုင်း' ပြောခဲ့တာဖြစ်ပါတယ်။ တတိယကမ္ဘာစစ်ဖြစ်ရင် ကမ္ဘာပျက်မယ်လို့ တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်ပြောသွားခဲ့တာပါ။
အဲလ်ဘတ် အိုင်းစတိုင်းဟာ ၁၄-၃-၁၈၇၉ ခုနှစ်မှာ ဂျာမဏီမှာဖွားမြင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ကမ္ဘာမှာ သြဇာတိက္ကမအကြီးမားဆုံး သိပ္ပံပညာရှင်အဖြစ်အားလုံးက အသိအမှတ်ပြုထားခြင်း ခံရသူဖြစ် ပါတယ်။ အိုင်းစတိုင်းဟာ ၁၉၂၁ခုနှစ်မှာ ရူပဗေဒဘာသာနဲ့ နိုဘယ်လ်ဆုကိုရရှိခဲ့ပါတယ်။ တကယ်တော့လည်း သူနိုဘယ်လ်ဆုမရခင် အဏုမြူလို့ခေါ်တဲ့ အက်တမ်ကိုကို ၁၈၉၈မှာ ပြင်သစ်ရူပဗေဒ ပညာရှင် 'ပီယားကျူရီ (Pierre Currie)က စတင်တွေ့ရှိစဉ်ကတည်းက ကမ္ဘာ့ရူပဗေဒလောကဟာ လုံးဝဥဿုံပြောင်းလဲသွားခဲ့တာပါ။ ၁၉၃၄ခုနှစ်မှာတော့ ဟန်ဂေရီ ရူပဗေဒပညာရှင် 'လီယိုဇီး လတ်' (Leo Szilare) (ဟန်ဂေရီ အသံထွက်အမှန်၊ လက်အိုဆီးလောက်) ဟာ အက်တမ်တွေရဲ့ ဆင့်ကဲဆင့်ကဲပေါက်ကွဲနိုင်စွမ်းကို တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဇီးလတ်ကို အဏုမြူဗုံးရဲ့ ဖခင်လို့ လူတွေက သတ်မှတ်ခဲ့ကြတာပါ။
ဇီးလတ်ဟာ အဏုမြူဗုံးကို တီထွင်ရင်ဖြစ်နိုင်ဖွယ်ရှိတဲ့အကြောင်း နာဇီတွေကလည်း ဒီကိစ္စကိုအသည်းအသန် ကြိတ်ကြံနေကြတဲ့ အကြောင်း စာတစ်စောင်ရေးပြီး ဒုတိယကမ္ဘာစစ်မဖြစ်ခင်လေးမှာ အမေရိကန်သမ္မတ ဖရန့်ကလင် ရုဇဗဲ့ဆီကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ စာကို သူကိုယ်တိုင်လက်မှတ်ထိုးတာမဟုတ်ပါဘူး။ ဇီးလတ်ဟာ ငယ်ပေါင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ပြီး အဲဒီအချိန် မှာကတည်းက နာမည်ကြီးနေပြီဖြစ်တဲ့ အိုင်းစတိုင်းကို ၂-၈-၁၉၃၉ ရက်နေ့မှာ လက်မှတ်ထိုးခိုင်းပြီးမှ သမ္မတကြီးဆီကို ပို့ခဲ့တာပါ။
'သမ္မတကြီးခင်ဗျား .... ကျွန်တော်တို့ သိပ္ပံပညာရှင်တစ်စု လွန်ခဲ့တဲ့ ၄လခန့်က အပတ်တကုတ်ရှာဖွေကြိုးပမ်းချက်အရ၊ အင်မတန်ပေါက်ကွဲအား ပြင်းထန်လှတဲ့ ဗုံးတစ်လုံးကို ထုတ်လုပ်နိုင်မယ့် လမ်းစတစ်ခုကို တွေ့ရှိထားကြပါပြီ။ ဒီဗုံးထုတ်လုပ်နိုင်မယ်ဆိုရင် လေးလွန်းလို့ လေယာဉ်နဲ့တော့ သယ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီဗုံးကို ဘင်္ဘောတစ်စီး ပေါ်တင်ပြီး ဆိပ်ကမ်းတစ်ခုခုကိုဝင်တိုက် လိုက်မယ်ဆိုရင်၊ ဆိပ်ကမ်းပြာကျသွားရုံသာမက အနီးအနားတ၀ိုက်မှာ ထောင်နေတာဆိုလို့ ဘာတစ်ခုမှ ကျန်ရစ်ခဲ့မှာ မဟုတ်ပါဘူး။
သမ္မတကြီးခွင့်ပြုလို့ သုတေသနလုပ်ခွင့်ရမယ်ဆိုရင် ဒီဗုံးဟာမကြာခင်ဖြစ်မြောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ရဲရဲကြီးအာမခံပါတယ်။ အဲလ်ဘတ် အိုင်းစတိုင်းလို့ ရေးခဲ့တာပါ။ ဒါပေမယ့် ဒီစာကို သမ္မတကြီးချက်ချင်းမဖတ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဟစ်တလာက ပိုလန်ကို ၁-၉-၁၉၃၉ ရက်နေ့မှာ ၀င်တိုက်ပြီး ဒုတိယကမ္ဘာစစ်ကြီး စဖြစ်သွားလို့ပါပဲ။ ဒါ့ကြောင့် ၁၁-၁၀-၁၉၃၉ နေ့ ရောက်တော့မှ ဒီစာကို ဖတ်နိုင်တော့တာပါ။
ဖတ်ပြီးပြီးချင်း ကော်မတီတစ်ခု ဖွဲ့လိုက်တာနဲ့ မန်ဟတ်အန် စီမံကိန်း' (Manhattan Project)ဆိုပြီး ဖြစ်ပေါ်လာရတော့တာပါပဲ။ နောက်ဆုံးမှာတော့ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ရက်နေ့ မနက် ၈နာရီ ၁၅မိနစ်မှာ ဟီရိုးရှီးမားပေါ် တစ်လုံး၊ နောက်သုံးရက်အကြာသြဂုတ်လ ၉ရက်နေ့ မနက် ၁၁နာရီ ၂မိနစ်မှာ နာဂစကီးပေါ်တစ်လုံး၊ အဏုမြူဗုံးထုတ်လုပ်ရေး စီမံကိန်းကြီးအောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။
စထုတ်တုန်းကတော့ ဂျာမဏီပေါ်ချဖို့ ထုတ်ခဲ့ကြတာပါပဲ။ နောက်တော့မှသာ ဂျပန်နိုင်ငံပေါ်မှာချခဲ့ကြတာပါ။ ဒါ့ကြောင့်လည်း ဆံပင်နီတဲ့လူတွေကျတော့ အချင်းချင်းမို့မချဘဲ၊ ဆံပင်နက်တဲ့ လူတွေ ပေါ်ကျမှရက်ရက်စက်စက် သက်သက်ဆော်လေခြင်းဆိုပြီး တချို့လူတွေမကျေမနပ်နဲ့ပြောကြတာ ဖြစ်ပါတယ်။
အိုင်းစတိုင်းကတော့ ဒီ 'မန်ဟတ်အန်' စီမံကိန်းထဲမှာ ဘာတစ်ခုမှ ၀င်မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ နိုဘယ်ဆု လွတ်လွတ်ကျွတ်ကျွတ် နှစ်ကြိမ်ရခဲ့တဲ့ ဓာတုဗေဒပညာရှင် 'လင်းနပ်စ်ဖေါလင်း' (Linus Pauling) က အိုင်းစတိုင်းဟာ ဒီစာကိုလက်မှတ်ထိုးခဲ့မိတဲ့အတွက် မသေမချင်းနောင်တရသွားတယ်လို့ ပြောခဲ့ဖူးပါတယ်။
အခုတော့ ကမ္ဘာပေါ်မှာ အဏုမြူဗုံးတင်မကတော့ပါဘူး။ ဟိုက်ဒရိုဂျင်ဗုံးတွေတောင် ပေါ်လာပါပြီ။ အရေအတွက်ကလည်း သောင်းဂဏန်းထိရှိလာပါတယ်။ ဒီကမ္ဘာကြီးထဲမှာ ဘယ်ချောင်မှာဝင်ပုန်း ပုန်း မလွတ်ပါဘူး။ အကုန်မျိုးပြုတ်သွားအောင် ပစ်နိုင်တဲ့ဗုံးတွေဖြစ်ကြပါတယ်။ ဒီဗုံးတွေကို နိုင်ငံကိုးနိုင်ငံက ပိုင်ဆိုင်ထားကြတာပါဖော်ပြပါ ခုနှစ်တွေအတိုင်း ပထမဆုံးစမ်းသပ်အောင်မြင်ခဲ့ကြပြီး နျူကလီးယားထိပ်ဖူးတပ်ဗုံးတွေကို ဖော်ပြပါအရေအတွက်အတိုင်း ပိုင်ဆိုင်ထားကြပါတယ်-
၁။ အမေရိကန်ပြည်ထောင်စု၊ ၁၉၄၅၊ ၉၄၀၀
၂။ ရုရှား၊ ၁၉၄၉၊ ၁၂၀၀၀
၃။ အင်္ဂလန်၊ ၁၉၅၂၊ ၁၈၅
၎။ ပြင်သစ်၊ ၁၉၆၀၊ ၃၀၀
၅။ တရုတ်၊ ၁၉၆၄၊ ၂၄၀
၆။ အိန္ဒိယ၊ ၁၉၇၄၊ ၈၀
၇။ ပါကစ္စတန်၊ ၁၉၉၈၊ ၉၀
၈။ မြောက်ကိုရီးယား၊ ၂၀၀၆၊ ၁၀
၉။ အစ္စရေး၊ ၁၉၇၉၊ ၈၀  (တရားဝင် မကြော်ငြာ) တို့ဖြစ်ကြပါတယ်။
အခုတလော လူတွေ မင်္ဂလာဆောင်မှာရော၊ လက်ဖက်ရည်ဆိုင်တွေမှာပါမကျန် ၂၀၁၂ ခုနှစ်ကျရင် ကမ္ဘာကြီးပျက်မယ် ပျက်မယ်ဆိုပြီး ပြောနေကြလို့ပါပဲ။ ဒီလိုဗုံးမျိုး တစ်တန်အလေးချိန်ရှိတဲ့ ဗုံး တစ်လုံးကိုခွဲရင် ယမ်းဘီလူးအလေးချိန်တန် တစ်သန်းကိုတစ်ပြိုင်တည်းခွဲလိုက်တာလောက် ပေါက်ကွဲအားပြင်းထန်တယ်လို့ဆိုပါတယ်။
စစ်အေးခေတ်ကာလတုန်းက အမေရိကားနဲ့ ရုရှားသူ့ငါချိန် ငါ့သူချိန်နဲ့ ဒီတိုက်ချင်းပစ်ဒုံးပျံတွေမှာ အဏုမြူဗုံးထိပ်ဖူးတွေ တပ်ပြီးချိန်ထားခဲ့ကြတာပါ။ အချက်ပေးစနစ်တွေကလည်းကောင်းပါတယ်။ ဒါပေမဲ့စက်တွေပဲဥစ္စာ၊ ဘယ်ရာနှုန်းပြည့်တော့ စိတ်ချလို့ရပါ့မလဲ။ စက်ကမှားပြလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လူကမှားဖတ်မိလို့ပဲဖြစ်ဖြစ် 'ဟ ... ချပဟ' ဆိုပြီး ကိုယ့်ဆီက ခလုတ်တွေကိုလန့်ဖျပ်နှိပ်လိုက် မိတာနဲ့ တစ်ကမ္ဘာလုံးပွဲသိမ်းသွားနိုင်တာမဟုတ်လား။ ဒီလို နျူးကလီးယားလန့်တဲ့အကြိမ်ပေါင်းကလည်း မရေတွက်နိုင်တော့ပါဘူး။ ဘဲငန်းအုပ်တွေ ပြန်လာတာကိုလည်း ရေဒါထဲမှာဒုံးပျံတွေတက် လာပဟဆိုပြီး လန့်ရပါတယ်။ ငန်းတွေပျံလာတာကို တွေ့ရတော့လည်း ရေဒါထဲမှာ 'မစ်' တိုက်လေယာဉ် (MiGs) တွေ အုပ်လိုက်ပျံလာနေပြီဟေ့ဆိုပြီး လန့်ရပါတယ်။ အမေရိကားကလည်း ပုလဲ ဆိပ်ကမ်းမှာ စိစိညက်ညက်ကြေအောင် တစ်ခါအဆော်ခံရပြီးကတည်းက ခဲမှန်ဖူးတဲ့စာသူငယ်လို နဂိုထဲကိုက အလိုလိုခပ်လန့်လန့်ဖြစ်နေတာမဟုတ်လား။
ဒီတော့ အခုလည်းပဲ လန့်လို့ကောင်းနေတာပေါ့။ ၁၉၇၇ ကနေ ၁၉၈၄ခုအကြား စစ်အေးတိုက်ပဲကာလအတွင်းမှာ အကြိမ် ၁၁၅၂ကြိမ်တောင် လန့်ခဲ့ကြတာပါ။ တစ်နှစ်ကို ၁၄၄ကြိမ်နှုန်းနဲ့  လန့်ရတာ ဆိုတော့ နှစ်ရက်ခွဲတစ်ကြိမ်လန့်ရတဲ့သဘောပါပဲ။ ဒါပေမဲ့ အဲဒီလိုတစ်ပတ်သုံးခါလောက်လန့်နေပေမယ့် ပြဿနာမရှိခဲ့ပါဘူး။ လန့်ရတဲ့အကြောင်းရင်းကိုချက်ချင်းအဖြေရှာတွေ့ခဲ့ကြလို့ပဲဖြစ်ပါတယ်။
တစ်ခါတလေတော့လည်း အဲဒီလိုလန့်တာမဟုတ်ဘဲ၊ နိုင်ငံရေးအခြေအနအရ ချလုချလုဖြစ်နေတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာပျက်နာရီ (Doomsday Clock) ဆိုတာ ပေါ်လာရတာပါပဲ။ ကမ္ဘာပျက်နာရီဟာ ၁၉၄၇ခုနှစ်ကတည်းကစပြီး ပေါ်ခဲ့တာပါ။ 'ရှိခါးဂို' တက္ကသိုလ် (University of Chicago) က အဏုမြူသိပ္ပံပညာရှင်တစ်စု တည်ထွင်ပြီးဒီကနေ့ထိ ထိန်းသိမ်း လာခဲ့ကြတာဖြစ်ပါတယ်။ နာရီဟာ ည ၁၂နာရီထိုးဖို့ဘယ်နှမိနစ်လိုသေးသလဲဆိုတာကို အမြဲပြနေပါတယ်။ အဏုမြူစစ်ပွဲကြီးဖြစ်ပြီး ကမ္ဘာကြီးပျက်ဖို့ ဘယ်လောက်နီးနေပြီလဲဆိုတာကို
ပြတဲ့သဘောပါပဲ။
နာရီကို ၁၉၄၇ ခုနှစ်မှာကတည်းက ၁၂နာရီထိုးဖို့  ၇မိနစ်အလိုမှာထားပြီး စဖွင့်ခဲ့ကြတာပါ။ ၁၉၄၉ ခုနှစ်မှာ ဆိုဗီယက်က အဏုမြူဗုံးစပြီးစမ်းသပ်တော့ ၁၂နာရီထိုးဖို့ ၃မိနစ်အလိုကို ရှေ့ကိုတိုးထား လိုက်ကြတယ်။ ၁၉၅၃ ခုနှစ်မှာ အမေရိကန်ကရော ဆိုဗီယက်ကပါ အဏုမြူဗုံးထက် ပြင်းထန်တဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေကို ကိုးလအတွင်း အပြန်ပြန်အလှန်လှန် စမ်းသပ်နေကြတော့ နာရီဟာ ၁၁နာရီ
၅၈မိနစ်ထိရောက်သွားပါပြီ။ ကမ္ဘာပျက်ဖို့ ၂မိနစ်ပဲလိုပါတော့တယ်။ ခုချိန်ထိကမ္ဘာပျက်ဖို့ အနီးဆုံးထိရောက်ခဲ့တဲ့အချိန်ပါပဲ။ တစ်ခါရွှေ့တိုင်း အကြောင်းအရာ၊ ဒါမှမဟုတ် အဖြစ်အပျက်တစ်ခုခုကို အခြေခံပြီး ရွှေ့ခဲ့ကြတာပါ။ ရှေ့တိုးနောက်ဆုတ်လုပ်ရတဲ့ အကြောင်းရင်းတွေကို အသေးစိတ်မဖော်ပြဘဲလိုရင်းလောက်သာ အကျဉ်းချုံးဖော်ပြရမယ်ဆိုရင်တော့ ၁၉၈၆မှာ ပြင်သစ်နဲ့ တရုတ်တို့
အဏုမြူဗုံး ၅၉၆ ကြိမ်ထိ စမ်းသပ်ကြတဲ့အချိန် (၁၁း၄၈ မှ ၁၁၅၃ ထိရှေ့ကို ၅ မိနစ်တိုး)။ ၂၀၀၇ မှာ မြောက်ကိုးရီးယားက အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲလိုက်တဲ့အချိန်နဲ့ အီရန်က နျူကလီးယား စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သူ့ရည်ရွယ်ချက်တွေကို ထုတ်ဖော်ပြောလိုက်တဲ့ အချိန်တွေမှာ၊ (၁၁း၅၃ မှ ၁၁း၅၅ ထိ ရှေ့ကို ၂မိနစ်တိုး) တို့ ဖြစ်ကြပါတယ်။
အဲဒီလို ၁၂နာရီိထိုးဖို့ ရှေ့တိုးသွားခဲ့ကြသလို။ ၁၉၉၀ မှာ ဆိုဗီယက် ပြိုကွဲသွားတဲ့အချိန်မှာတော့ နာရီဟာ ၁၂ နာရီထိုးဖို့ ၁၇ မိနစ်အလိုထိနောက်ပြန်ရွှေ့သွားပါတယ်။ အခုအချိန်အထိ ကမ္ဘာပျက်ဖို့ အဝေးဆုံးအချိန်လည်းဖြစ်ခဲ့ပါတယ်။
နျူကလီးယားလက်နက်ကြီးတွေ ဖျက်သိမ်းရေးနဲ့ လျှော့ချရေး သဘောတူညီမှုစာချုပ်တွေကို လက်မှတ်ရေးထိုးကြတဲ့အချိန်၊ ဘာလင်တံတိုင်း ကျိုးကျတဲ့အချိန်တွေမှာ နာရီဟာ နောက်ပြန် ပြန်ဆုတ်သွားပါတယ်။ ၁၉၄၇ ခုနှစ်ကနေ ဒီကနေ့ထိ ၁၉ကြိမ်ရွှေ့ခဲ့ပြီးပါပြီ။ ၂၀၀၇ ခုနှစ်ကစပြီး နာရီကိုရွှေ့ရတဲ့အကြောင်းရင်းတွေထဲမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေနဲ့ အနုစိတ်ကမ္ဘာကို လေ့လာ တဲ့ဘာသာရပ်တွေကိုပါ ထည့်သွင်းတွက်ချက်လာကြပါပြီ။ ရာသီဥတုဖောက်ပြန်ရင် ကမ္ဘာပျက်နိုင်သလို၊ အနုစိတ်ကမ္ဘာကို လေ့လာတဲ့ပညာရပ်တွေ ထွန်းကားလာရင်လည်း လူတွေကပြောင်း ကပြန် ဖြစ်ကုန်နိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။
အခုခေတ်မှာ အရင်တုန်းကအိမ်မက်ထဲမှာတောင် စိတ်ကူးမကြည့်ဖူးခဲ့တဲ့ တယ်လီဖုန်းမှာ (Smart Card) ကင်မရာမှာ (Memory Card) ဆိုတာတွေပေါ်လာပါပြီ။ (MP3,MP4) တို့လည်း ပေါ်လာပါပြီ။ ၁၅-၁၂-၂၀၀၀ ရက်နေ့မှာ (IBM U 8 MB) ရှိတဲ့ (USB Flash Drive) ကို ဈေးကွက်ထဲမှာ စရောင်းနိုင်ခဲ့ပါတယ်။ Micro ဆိုတာ ၁၀-၆ တစ်သန်းပုံ တစ်ပုံဖြစ်ပြီး၊ Nano ဆိုတာ ၁၀-၉ သန်းတစ်ထောင်ပုံတစ်ပုံဖြစ်ပါတယ်။ အဲဒီလောက်သေးငယ်တဲ့ အနုစိတ်ကမ္ဘာကို လေ့လာတဲ့ ဘာသာရပ်ကို (Nonotechnology) အတိုကောက် (Nanotech) လို့ခေါ်ကြပါတယ်။ ဒီလောက်သေးငယ်တာလေးတွေကို ကိုင်တွယ်ထိန်းချုပ်နိုင်တဲ့အတွက် အချက်အလက်တွေကိုလည်း ကြောက်ခမန်းလိလိ သိုမှီးလာနိုင်ပါတယ်။ ဒါ့ကြောင့် ၂၀၀၉ ခုနှစ် ၊ဇူလိုင်မှာ ပေါ်လာပြီး ၂၉၉ ဒသမ ၉၅ ဒေါ်လာပေးရတဲ့ ၂၅၆ GB Kingston Flash Drive ဟာ ဟိုတစ်နေ့က အကယ်ဒမီရသွားတဲ့ ရုပ်ရှင်ဇာတ်ကားမျိုး ၅၁ကားလောက်ကို သိုမှီးလာနိုင်တာဖြစ်ပါတယ်။
ဒီလက်မလောက်စာလေးကို ယူသွားပြီး ဘယ်နေရာရောက်ရောက်ကွန်ပျူတာထဲထည့် ကြိုက်တဲ့ကားကြည့်ရုံပါပဲ။ သိပ္ပံပညာရှင်တွေဟာ ဒီတိုးတက်မှုကို ၀မ်းလည်းသာရင်လည်း တမမနဲ့ကြည့်နေ ကြရတာပါ။ သီချင်းဂီတသာမက ဆေးပညာပါ မကျန်နေရာတိုင်းမှာ ဒီပညာကိုသုံးနေကြပါပြီ။ အနုစိတ်ကမ္ဘာနဲ့ပတ်သက်ပြီး လေ့လာတဲ့ဘာသာရပ်တေကို ဆေးပညာမှာအသုံးချလာတဲ့အခါ အံ့သြ တုန်လှုပ်စရာကောင်းတဲ့ ရလဒ်တွေကို တွေ့လာရပါတယ်။ အင်မတန်သေးငယ်တဲ့စက်ရုပ် (nanorobot) လေးတွေကို ခန္ဓာကိုယ်ထဲစေလွှတ်နိုင်မယ့်လမ်းစတွေတွေ့လာကြလို့ပါပဲ။
ဒီကလာပ်စည်း (celt) အရွယ်လောက်ပဲရှိတဲ့ စက်ရုပ်လေးတွေဟာ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကင်ဆာဆဲလ်လေးတွေဆီသွားပြီး ပူးကပ်လိုက်ကြမယ်။ နောက်ပြီး အပြင်ကနေ သယ်လာတဲ့ အပူဓာတ်တွေနဲ့ ဓာတ်ကင်ပေးမယ်။ လိုအပ်ရင် ကလာပ်စည်းအကောင်းတွေကို မထိခိုက်စေဘဲ အဲဒီကင်ဆာဆဲလ်တွေကို အမှားအယွင်းအတိမ်းအစောင်းမရှိအောင် ဖျက်ဆီးပစ်လိုက်ကြမှာ ဖြစ်ပါတယ်။
နောက်ပြီး ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားရောဂါမှန်သမျှ ဆေးလိမ်းရုံနဲ့ မယုံကြည်နိုင်စရာကောင်းလောက်အောင် ချက်ချင်းပျောက်ကင်းသွားမှာတွေ၊ အရိုးအဆစ်တွေ ထိခိုက်ပျက်စီးသွား တဲ့အခါမှာ အရိုးနုလေးတွေပြန်ထွက်လာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေစသဖြင့် လူသားတွေအတွက်အလွန်အကျိုးထူးမယ့် နည်းလမ်းတွေကို သုတေသနလုပ်တဲ့ဟာလုပ်၊ တိရာစ္ဆာန်စမ်းသပ် တဲ့ဟာစမ်းသပ်၊ လူကိုစမ်းသပ်တဲ့ဟာ စမ်းသပ်၊ ဈေးကွက်ထဲမှာ ရောင်းခွင့်ရတဲ့ဟာ ရောင်းခွင့်ရနဲ့ ဖြစ်ကုန်ကြပါပြီ။
'သိကြားလက်နက် တစ်ဝက်ရက ကမ္ဘာပျက်လတ္တံ့' လို့ ရှေးလူကြီးတွေပြောခဲ့ကြသလို နည်းပညာတွေကြောင့် သိကြားလက်နက်ငါးပုံတစ်ပုံလောက်ကို လူတွေရနေကြပြီလို့ ဆိုရတော့မလိုဖြစ်နေ ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာပျက်နာရီကို ရွှေ့ကြရတဲ့အကြောင်းရင်းတွေထဲမှာ ဒီပညာကိုထည့်သွင်းတွက်ချက်ဖို့ စဉ်းစားလာကြတာပါပဲ။
ဒီပညာကို အခြေခံပြီး ပြုလုပ်ထားတဲ့ စက်ရုပ်တွေက အလိုလိုပုံတူတွေအများကြီး ပွားလာကြပြီး၊ ကမ္ဘာလောကကြီးထဲက သစ်တောတွေနဲ့ ငါးပုစွန်တွေကို အကုန်စားပစ်ကြလို့ကမ္ဘာပျက်သွားရတဲ့ ဇာတ်ညွှန်းတွေ ဇာတ်လမ်းတွေကိုလည်း ရေးနေကြပါပြီ။ ဒါ့ကြောင့် ကမ္ဘာ့ပျက်ခြောက်အိမ်မက်တွေကိုတော့ ကမ္ဘာနဲ့အ၀ှမ်းမက်နေကြတာကတော့ အမှန်ပါပဲ။
တကယ်ကမ္ဘာပျက်နိုင်သလား မပျက်နိုင်ဘူးလားဆိုတာကိုတော့ ကိုယ့်မှာရှိတဲ့ ဗဟုသုတနဲ့တွေးခေါ်စဉ်းစားနိုင်မှုကို အခြေခံပြီး စဉ်းစားကြရမှာပါ။ ၁၄-၁-၂၀၁၀ ရက်နေ့ကတည်းက ကမ္ဘာ့ပျက်နာရီ ၁၂ထိုးဖို့ ၆မိနစ်အလိုမှာပြနေခဲ့တာ ဒီနေ့ထိပါပဲ။ ၁၉၅၃ ခုနှစ်ပြခဲ့တဲ့ ၁၂နာရီ ၅၈မိနစ်နဲ့ နှိုင်းစာမယ်ဆိုရင် ညဘက်မှာ အိပ်ပျော်ရုံတင်မကဘူး၊ ဟောက်တောင်ဟောက်လို့ ရပါသေးတယ်။
ဒီအကြောင်းအရာနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စတစ်ခုကတော့ လယ်ပိုင်းအမေရိကားဖြစ်တဲ့ မက်ဆီကိုနဲ့ ဂွါတီမားလာတို့မှာ နေထိုင်ကြတဲ့ 'မိုင်းယာ' လူမျိုးတွေရဲ့ အတွေးအခေါ်အယူအဆကိစ္စပဲဖြစ်ပါ တယ်။ လူဦးရေ ခုနစ်သန်းလောက်ပဲရှိပြီး ရက်အင်ဒီးယန်းမျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ (ဘီစီ ၃၁၁၄) လောက်ကစပြီး နေလကြယ်တာရာတွေကို လေ့လာပြီး ပြက္ခဒိန် ဆွဲထားခဲ့ကြတာပါ။ သူတို့ပြက္ခဒိန်ဟာ ၂၀၁၂ မှာ ကုန်ဆုံးနေပါတယ်။ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက်နေ့မှာ ကမ္ဘာပျက်ပြီး၊ ကမ္ဘာဦးခေတ်ကို ပြန်ရောက်မယ်လို့ ယုံကြည်နေကြသူတွေပါ။
တချို့ကလည်း အဲဒီနေ့မှာ ဂြိုဟ်တစ်ခုက ကမ္ဘာကိုလာတိုက်မယ်လို့ ပြောနေကြပါတယ်။ နောက်နေမင်းကြီးက အပူရှိန်အလွန်ပြင်းပြီး ကမ္ဘာကြီးပျက်မယ်လို့ ပြောနေကြသူတွေလည်းရှိပါတယ်။
ဂြိုဟ်တစ်ခုက ကမ္ဘာကိုဝင်တိုက်မှာကို မသိရအောင်က အခုခေတ်ကအရင်တုန်းကလိုမှ မဟုတ်တာဘဲ။ စကြ၀ဋ္ဌာကြီးထဲကို လက်လှမ်းမီသင့်သလောက် မီနေပြီပဲဥစ္စာ။ နောက်ပြီး နေမင်းကြီးရဲ့ အီကွေတာဟာ နေမင်းကြီးရဲ့ ၀င်ရိုးစွန်းတွေထက် လည်နှုန်းမြန်လို့ သံလိုက်စက်ကွင်းတွေ အပြောင်းအလဲဖြစ်ကုန်ပြီး နေမင်းကြီးဟာ အေးတဲ့အခါအေး ပူတဲ့အခါ ပူဖြစ်နေပါတယ်။
ဒါကိုလူတွေအသေးစိတ် သိနေတာပဲ။ သိပ်ပူလာရင် နေပေါ်မှာ အမည်းစက်တွေကိုတွေ့ရပါတယ်။ အဲဒီလို ၂၂နှစ်တစ်ခါ အစီအစဉ်တကျ အပူရှိန်ပြောင်းလဲနေတာကို ပြက္ခဒိန်လိုမျိုး အချိန်ဇယား တောင် လူတွေဆွဲထားနိုင်တာပဲဥစ္စာ။ ဘယ်လိုလုပ် နေအပူရှိန်ပြင်းပြီး ကမ္ဘာကြီး ပျက်နိုင်မှာလဲ။ ဒီလို ကောလဟာလ ဖြစ်နေရတာတွေရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတွေအမြဲရှိတယ်။ လူတွေ စိုးရိမ်သောကတွေများပြီး ပူပန်နေကြတဲ့ အချိန်အခါမျိုးမှာ စီးပွားရှာလို့ကောင်းတဲ့ လူတွေရှိနေကြလို့ပါပဲ။ လူ့စိတ်တွေ များများမတည်ငြိမ်လေ စီးပွားဖြစ်လေပါ။
ဒီအကြောင်းကို ပြောရင်းနဲ့တစ်ခါတုန်းက ဘကြီးပြောခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်သွား သတိရမိပါတယ်။ ဂျပန့်ခေတ်တုန်းက ဘကြီးတို့ရွာမှာလူတစ်ယောက်ပျောက်နေတယ်။ လိုက်ရှာကြ ပေမယ့် မတွေ့ကြဘူး။ အဲဒီရွာထဲက စိတ်မနှံ့တဲ့လူတစ်ယောက်က 'ထောင်တဲ့လူကလည်း ထောင်၊ တိုးတဲ့လူကလည်း တိုးသကွာ' ဆိုပြီး တတွတ်တွတ်ပြောနေပါတယ်။
အဲဒါ လူကြီးတွေက မသင်္ကာလို့ချော့မေးတော့မှ အဲဒီစိတ်မနှံ့တဲ့လူလိုက်ပြလို့ ရွာအပြင်ကသစ်ပင်တစ်ပင်မှာ ပျောက်နေတဲ့လူကြိုးဆွဲချပြီး သေနေတာကိုတွေ့ကြရတော့တာကိုး။ ဘနဖူးကို သိုက်တူးနေကြတဲ့ ဒီခေတ်ကြီးထဲမှာ ထောင်တဲ့လူတွေကတော့ နေရာအနှံ့လိုက်ထောင်နေကြမှာပါပဲ။ ဒါပေမဲ့ ဘယ်သူတွေ ဘယ်လိုပဲထောင်ထောင်၊ ယောင်တောင်ပေါင်တောင်နဲ့ ကိုယ်ဝင်မတိုး မိဖို့သာအဓိကပါ။
Ref: 1 Maynard.Andrew. The Twinkie Guide to Nanotech-nology
       2 "Doomsday Clock" Bulletin of the Atomic Scientists. 2007-01-17
နီမင်းဆွေ

Search Our Site