Ads

ကြော်ငြာ

Sunday, July 14, 2013

Posted by ဆူးအေမီ on 10:21 PM in | 1 comment




No.1
Dustin Moskovitz


အသက် - ၂၈ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ

ဒပ်စတင် မော့စ်ကိုဗစ် ဆိုတာက မာ့ခ် ဇူကာဘတ်နဲ့တစ်ချိန်က တစ်ခန်းတည်းအတူနေသူငယ်ချင်းပါ။ Facebook ကို အတူတူတွဲထောင်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်ကစပြီး လမ်းခွဲလိုက်ပြီ။ Facebook ရဲ့ Share ၇ ဒသမ ၆ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားတယ်။ ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ Good Ventures ကို ရီးစားဖြစ်သူနဲ့ တွဲပြီး ထူထောင်ထားတယ်။ အခြား နာမည်ကျော် ပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့ GiveWell နဲ့လည်း တွဲဖက်ပြီးတော့ လူမှုရေးလုပ်ငန်းတွေ လိုက်လုပ်နေတယ်။
No.2
Mark Zuckerberg


အသက် - ၂၈ နှစ် 
ပိုင်ဆိုင်မှု - ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံ

ဇူကာဘတ်က မော့စ်ကိုဗစ်ထက် ၈ ရက်လောက်ကြီးတဲ့အတွက် ဒုတိယနေရာရောက်သွားတယ်။ ဒီအရွယ်နဲ့ CEO ဆိုတာတော့ အတော်လေးရှားမယ်ထင်တယ်။ ၂၀၁၂ ခုနှစ် မေလမှာ Facebook ကို အများပိုင်ကုမ္ပဏီတစ်ခုအနေနဲ့ ပြောင်းလဲလိုက်ပြီး နောက်တစ်နေ့မှာ လက်ထပ်တယ်။ အရွယ်ငယ်ငယ် ကိုယ်ပိုင်အားထုတ်မှုနဲ့ တကယ့်ကို ကြွယ်ဝခဲ့ရတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။

No.3
Albert von Thurn und Taxis

အသက် - ၂၉ နှစ် 
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ

အဲလ်ဘတ်ဟာ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကို အသက် ၈ နှစ်သားလောက်ကတည်းက ရောက်ခဲ့သူဖြစ်ပါ တယ်။ ဒါပေမဲ့ တရားဝင်အမွေကိုတော့ ၂၀၀၁ ခုနှစ်မှ ဆက်ခံခဲ့ရသူဖြစ်တယ်။ လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး ပြိုင်ကား မောင်းတာကို ဝါသနာထုံတယ်။

No.4
Scott Duncan

အသက် - ၃၀ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ

စကော့ ဒန်ကင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် စွမ်းအင်ပိုက်လိုင်းသူဌေးကြီး ဒင် ဒန်ကင်ရဲ့ အမွေဆက်ခံသူ သားသမီး လေးဦးအနက် အငယ်ဆုံးသားတစ်ယောက်ဖြစ်ပါတယ်။ သူ့ဖခင်ဟာ Enterprise Products Partners ကုမ္ပဏီကြီးကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ယနေ့ အဲဒီကုမ္ပဏီပိုင်ဆိုင်တဲ့ သဘာဝဓာတ်ငွေ့၊ ရေနံနဲ့ ရေနံဓာတုပိုက်လိုင်း အရှည်ဟာ မိုင်ပေါင်း ၅၀၀၀၀ ခန့်ရှိပါတယ်။

No. 5
Eduardo Saverin


အသက် - ၃၀ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ

Facebook ကိုပူးတွဲတည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကမှ အမေရိကန်နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အခွန်ရှောင်တိမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နိုင်ငံသားအဖြစ်က စွန့်သွား တယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ မာ့ခ် ဇူကာဘတ်နဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ပြီး Facebook ကို စတင်ထူထောင်စဉ်က အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သူတွေဖြစ်ပါတယ်။ Facebook ရဲ့ Share ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ခုတော့ ဘရားဇီးလ်နိုင်ငံသားအဖြစ် ခံယူထားပြီး၊ စင်ကာပူနိုင်ငံမှာ နေထိုင်တယ်။ လုပ်ငန်းသစ်တွေလုပ်ဖို့ ပြင်ဆင်နေတယ်။

No.6
Huiyan Yang


အသက် - ၃၁ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ

ယန်းဟာ Country Garden Holdings ကုမ္ပဏီကြီးကို ထူထောင်သူရဲ့ သမီးဖြစ်ပါတယ်။ အိမ်မြေယာရောင်းဝယ်ရေး အကျိုးဆောင်ကုမ္ပဏီကြီးတစ်ခုအနေနဲ့ တရုတ်ပြည်မှာထင်ရှားပါတယ်။ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး အမျိုးသမီးတစ် ယောက်လို့လည်း ဆိုနိုင်တယ်။ သူ့ဖခင်က ယန်းကို အမေရိကန်ပြည်ထောင်စုက အိုဟိုင်းအိုပြည်နယ် အိမ်ခြံမြေလုပ်ငန်းကြီးကို ၂၀၀၇ ခုနှစ်ကတည်းက လွှဲပေးထားတယ်။

No.7
Fahd Hariri

အသက် - ၃၂ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ

အသတ်ခံလိုက်ရတဲ့ လက်ဘနွန် ဝန်ကြီးချုပ် ရာဖစ် ဟာရီရီ ရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ Ecole Spéciale d'Architecture de Paris တက္ကသိုလ်ကနေ ၂၀၀၄ ခုနှစ်က ဘွဲ့ရခဲ့တယ်။ မြို့ဆင်ခြေဖုံးမှာ အဝတ်အထည် ဒီဇိုင်းစတူဒီယိုတစ်ခုထောင်ထားတယ်။ ဆော်ဒီ အာရေးဗီးယားက သူ့ဖောက်သည်တွေဆီကို ပရိဘောဂပစ္စည်း တွေ တင်ပို့ပေးတယ်။

No. 8
Marie Besnier Beauvalot
အသက် - ၃၂ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ

အသက် ၄၂ နှစ်အရွယ် အီမန်နျူရယ်၊ အသက် ၄၅ နှစ်အရွယ် ဂျင်း မစ်ချယ်တို့ရဲ့ ညီမဖြစ်ပြီးတော့ ပြင်သစ် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Lactalis ကို ပူးတွဲပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Président ဆိုတဲ့အမည်နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ နို့၊ ဒိန်ချဉ်တွေကို ထုတ်လုပ်ပါတယ်။

No. 9
Sean Parker


အသက် - ၃၃ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၂ ဘီလီယံ

ရှောင် ပါကာဟာ Airtime ဆိုတဲ့ ဗီဒီယို chatting လုပ်တဲ့ site ကို အခြား Web ကုမ္ပဏီတွေထက် ပိုပြီးကောင်းမွန် အောင် ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ အသက် ၁၉ နှစ်မှာ ပါကာဟာ ကောလိပ်တက်နေရာက ထွက်လိုက်ပါတယ်။ သူ့ရည်ရွယ်ချက်က တေးသံသွင်းလုပ်ငန်းတွေလုပ်နေတဲ့ Napster လို site မျိုးနဲ့အပြိုင် ဂီတ Website ကြီးတစ်ခုကို ထူထောင်ဖို့ဖြစ်ပါတယ်။ အသက် ၂၄ နှစ်မှာ Facebook ရဲ့ ပထမဦးဆုံး ဥက္ကဌအဖြစ် တာဝန်ယူခဲ့တယ်။

No. 10
Ayman Hariri
 
 
အသက် - ၃၄ နှစ်
ပိုင်ဆိုင်မှု - ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ

သူလည်း လုပ်ကြံခံရတဲ့ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟာရီရီရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ ဆော်ဒီ အာရေးဗီးယားမှာ အကြီးဆုံး ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Saudi Oger ကုမ္ပဏီကို တာဝန်ယူပြီး လုပ်ဆောင်နေသူဖြစ်ပါတယ်။ ဟာရီရီ အမွေဆက်ခံသူတစ်ယောက်ဖြစ်ပါတယ်။

maukkha
Posted by ဆူးအေမီ on 10:13 PM in | No comments


                     wa-taungyi-house-305.jpg
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်မှာရှိတဲ့ UWSA'ဝ' တပ်ဖွဲ့မှ
ဗိုလ်မှူးတုံချမ်း ပိုင်ဆိုင်တဲ့နေအိမ်ကိုတွေ့ ရစဉ်     Photo: RFA

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်မှာ ရှိတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်တဲ့နေအိမ်မှာ ကျပ်သိန်း ၁၄၀၀ ကျော်လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ အတူ လာရောက်သုံးစွဲရောင်းချနေသူ ၁၈ ဦးကို ဇူလိုင်လ ၁၃ ရက် ညနေ ၅ နာရီခန့်က ဖမ်းဆီးရမိ ခဲ့ပါတယ်။

အဲဒီအိမ်ကို တစ်လလောက် ကြိုတင်လေ့လာပြီးမှ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ မူးယစ်အထူးအဖွဲ့မှ ရဲအုပ် အောင်စိုးကြိုင်က RFA ကို အခုလို ပြောပါတယ်။


"သတင်းရတာတော့ကြာပြီပေါ့ ဒါပေမယ့် ဒီထဲဝင်ဖို့ထွက်ဖို့ သူတို့ထွက်ပြေးလွတ်မြောက်မှုမရှိဖို့ ၁ လလောက်တော့ အချိန်ယူရတယ်၊ ဒီအိမ်ထဲဝင်ဖို့ ဘယ်လိုလုပ်ဝင်လို့ရမလဲဆိုတာကို အရင်ဆုံးလေ့လာရတယ်၊ အဲ့မှာသတင်းရတော့ အရင်ဆုံးသွားပြီးကြည့်တယ်၊ ဝင်ပြီးတော့သုံးတဲ့သူတွေ၊ ဝယ်ပြီးထွက်တဲ့သူတွေရှိတယ် သူတို့ဘယ်လိုအချိန်မှာ ဟာပေါက်ရှိမလဲဆိုတာ သိမှအဲ့လိုအချိန်မှဝင်တာ"


အခု ဖမ်းဆီးမှုဟာ တောင်ကြီးမြို့မှာ  ဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးအမှုတွေထဲမှာ တရားခံအရေအတွက် အများဆုံးပါဝင်တဲ့ အမှုဖြစ်တယ်လို့လည်း ဦးအောင်စိုးကြိုင်က ဆက်လက်ပြောကြားပါတယ်။


အဲဒီလို ဖမ်းဆီးရာမှာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား သုံးသောင်းကျော် ၊ ဘိန်းဆီခဲ တစ်ကီလိုခွဲနီးပါးနဲ့ နေအိမ်ခြံဝန်းအတွင်းက မော်တော်ယာဉ် ၃ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းထားတယ်လို့ သိရပါတယ်။


အဲဒီအိမ်ကို ပိုင်ဆိုင်သူဟာ 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူး တုံချမ်းဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။


ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူ ၁၈ ဦးကို တောင်ကြီးမြို့၊ အမှတ် ၂ ရဲတပ်ဖွဲ့စခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။


RFA လွတ်လပ်တဲ့အာရှအသံ မှကူးယူဖေါ်ပြသည်
Posted by ဆူးအေမီ on 9:26 PM in | No comments

ဗန်ကောက်  ဇူလိုင်   ၁၄
အင်အား ၁ဝဝ ခန့်ရှိသော ထိုင်းစစ်ဘက်နှင့် ရဲပူးပေါင်း တပ်ဖွဲ့ဝင်များသည် လက်နက် ခဲယမ်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်နေသည် ဟူသော  သတင်းပေးချက် အရ ထိုင်းနိုင်ငံ
မဲဟောင်ဆောင် ပြည်နယ် မြောင်ခရိုင်ရှိ နေအိမ်တစ်လုံးအား ဇူလိုင် ၁၄ ရက် အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာ သံသယရှိသူ နှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး  ဒုံးပစ်လောင်ချာ နှင့်ခဲယမ်း အမြောက်အမြား သိမ်းဆည်း ရမိခဲ့ကြောင်း မဲဟောင်ဆောင် အုပ်ချုပ်ရေးမှူး နာရူမိုပါလာဝပ်က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင်  ပြောကြားခဲ့သည်။
သိမ်းဆည်း ရမိသည့် လက်နက် ခဲယမ်းများမှာ ဒုံးပစ်လောင်ချာ လေးလက်၊ M-16 ကျည်ဆန် ၃၁,၆ဝဝ တောင့်၊ AK-47 ကျည်ဆန် ၃၅,၉၆၄ တောင့် အပါအဝင် ကျည်ဆန် စုစုပေါင်း ၁ဝ၉, ၄၇၈ တောင့် ဖြစ်ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများ အရ ဖမ်းဆီး ရမိသူနှစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်ဟောင်း ဆူမယ်မစ်စီဘေနှင့် မြောင်ခရိုင်နေ ဂျွန်ဒီးယား ဆာဝပ်စ်ဒီးဆိုသူ ဖြစ်ကြောင်း သိရသည်။               
 

Saturday, July 13, 2013

Posted by ဆူးအေမီ on 8:46 PM in | No comments


'ရေနွေးကြမ်း သောက်ပါဦးလား' ဆိုတဲ့ စကားဟာ မန္တလေးမြို့အနောက်ဘက် ဧရာဝတီမြစ် ကမ်းနား တလျှောက်မှာတော့ သာမန် ဖိတ်ခေါ်မှုထက် ပိုတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်ဆိုတာ နယ်ခံ မဟုတ်ရင် မသိနိုင်လောက် ပါဘူး။ ကမ်းနား လမ်းဘက်ကို လူစိမ်း တစ်ယောက်ရောက်လာပြီ ဆိုရင် ဒီလိုလိုက် မေးတတ်တဲ့ သူတွေနဲ့ ကြုံရတတ်ပြီး တကယ်တမ်းမှာ ရေနွေးကြမ်းအစား သွေးသားနဲ့ ဧည့်ခံဖို့ စကားလုံး လှလှနဲ့ ဖိတ်ခေါ် လိုက်တာပဲ ဖြစ်ပါတယ်။ 
ခပ်ယဉ်ယဉ်ပြောရရင် လိင်လုပ်သား၊ ဒါမှမဟုတ် ပြည့်တန်ဆာတွေဟာ နိုင်ငံ အသီးသီးရဲ့ ကန့်လန့် ကာနောက် ကွယ်က အမှောင်ထဲမှာ ခေတ်အဆက်ဆက် ရှိခဲ့ကြမှာ ပါပဲ။ ဒီနိုင်ငံမှာလည်း မန္တလေး ရတနာပုံ မင်းနေပြည်တော်ကို ထူထောင်ခဲ့တဲ့ မင်းတုန်းမင်း တရားကြီး လက်ထက်ကတည်းက ပြည့်တန်ဆာ တွေရဲ့ ရပ်ကွက် ရှိခဲ့သလို မင်းတရားကြီး ကိုယ်တိုင်လည်း ပတ်သက်ခဲ့တယ် ဆိုတဲ့ သုတေသီတချို့ရဲ့ စာပေ အထောက်အထား တချို့ကို တွေ့ရပါတယ်။
ပြီးတော့ ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ သူတို့ရဲ့ကဏ္ဍဟာ အသွင်အမျိုးမျိုးနဲ့ ပိုကျယ်ပြန့်လာပါပြီ။ ဒါပေမဲ့ သေမင်းနဲ့ ထိပ်ပုတ်ခေါင်းပုတ် လုပ်နေရတဲ့ ရောဂါမျိုးနဲ့ လုံခြုံမှုနဲ့ အာမခံချက် မရှိတဲ့ ဘ၀မှာ သူတို့ဟာ ဘယ်လို စိတ်မျိုးနဲ့ ရှင်သန်နေနိုင်ကြသလဲ ဆိုတာ ဆန်းစစ်ချင် စရာ ကောင်းနေပါတယ်။
အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းက အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေကြသူ တချို့ရဲ့ ပြောစကားအရတော့ ပြည့်တန်ဆာ ဘ၀ရောက်ကြရတဲ့ သူတွေရဲ့ အနည်း ဆုံးထက် ၀က်ကျော်ဟာ ဆင်းရဲတွင်း နက်လွန်းလို့ ရောက်ကြရတယ်လို့ သုံးသပ်နိုင်ပါတယ်တဲ့။
ဆိုလိုတာက အနေအစားချောင်လို့ ပြည့်တန်ဆာ ဘ၀ကို ခံယူသူက ရှိတော့ရှိပေမယ့် ဆင်းရဲလို့ဖြစ်ရတဲ့ သူလောက် အရေအတွက် မများပါဘူး။ ပြည့်တန်ဆာတွေ၊ အနှိပ်ခန်းတွေ၊ ကေတီဗီနဲ့ စင်တင်က မိန်းကလေးတွေကို အေ့ဒ်စ်နဲ့ ပတ်သက်ပြီး ပညာပေးတာ၊ နှစ်သိမ့်ဆွေးနွေးတာတွေ လုပ်ပေးနေတဲ့ အင်န်ဂျီအိုအဖွဲ့တစ်ဖွဲ့က လုပ်သက်ရင့် ၀န်ထမ်းဖြစ်တဲ့ အိန်ဂျယ်လေး (နာမည်လွှဲ) ကတော့ ပြည့်တန်ဆာတွေ ကျက်စားတဲ့ နယ်ပယ်ကို လေးမျိုး လောက်ခွဲခြားနိုင်တယ်လို့ ပြောပါတယ်။
ဒါက ဘန်းစကားနဲ့ 'ဘိ' လို့ခေါ်တဲ့ သတ်သတ်မှတ်မှတ် နေရာတစ်ခုမှာ 'ခေါင်း' တွေရဲ့ အောက်မှာရှိသူတွေ၊ ဒုတိယက စင်တင်တချို့၊ နောက်ပြီး ဟိုတယ် တည်းခိုခန်းတွေမှာ စတည်းချ သူတွေနဲ့ အလွတ်လပ်ဆုံး လှုပ်ရှားနိုင်သူတွေက ကျုံးဘေးလို၊ လမ်းဘေးလို နေရာက ပြည့်တန်ဆာလို့ ဆိုပါတယ်။
ဒီနေရာမှာ တချို့ ပြည့်တန်ဆာတွေဟာ အခုအခါ အနည်းဆုံး ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပျမ်းမျှရကြလေ့ ရှိပေမယ့် 'ခေါင်း' ကို ပေးရတာနဲ့ ဘာမှ မကျန်ပါဘူးတဲ့။ 'ခေါင်း' ကဖြတ်တာနဲ့ ဘာနဲ့ဆိုရင် တချို့ ပြည့်တန်ဆာတွေဆို (တစ်ကြိမ်) ကို ကျပ် ၅၀၀ လောက်သာ ကျန်ပါသတဲ့။
"ရုပ်ရည်အရ ချို့ယွင်းချက် ရှိတဲ့သူတွေက 'ခေါင်း' အောက်မှာ လုပ်ကြရ တာများတယ်။ ပြီးတော့ သူတို့ရဲ့လုံခြုံ မှု အတွက်လည်း ခေါင်းတွေအောက်မှာ နေရင်း ဒီလိုခေါင်းပုံဖြတ်ခံပြီး လုပ်ကြ ရတာပဲ။ စီးပွားရေး လုပ်ဖို့ ဆိုတာလည်း အရင်းအနှီးရှိမှ ဖြစ်တာလေ၊ စားဖို့ တောင်မှ တပိန်ပိန် တလိမ်လိမ် ဘ၀မှာ အမေပေးတဲ့ လယ်တစ်ကွက်နဲ့ ဒီလိုပဲ လုပ်စားကြရတာ" လို့ အိန်ဂျယ်လေး က ပြောပါတယ်။
သူကိုယ်တိုင်က မိန်းမလျာ တစ်ယောက်ဖြစ်ပေမယ့် တချို့ ပြည့်တန်ဆာတွေရဲ့ ဘ၀က သူတို့ ဘ၀ လောက်တောင် ကျေနပ်ပျော်ရွှင် စရာ မကောင်းဘူးလို့ ပြောပါသေးတယ်။ "ကျွန်တော် သူတို့ (ပြည့်တန်ဆာတွေ) ကွန်ဒုံး သုံးမသုံး၊ ခေါင်းတွေကို ခွင့်တောင်းပြီး ချောင်းကြည့် ဖူးတယ်။ ကွန်ဒုံး သုံးကြတယ်ဗျ။ ဒါပေမဲ့ သူတို့ကို ကြည့်ရတာ စိတ်ပျက်စရာပါ၊ မျက်လုံးတွေ ကြောင်တောင်တောင်နဲ့ လုံးဝကို အသက်မဲ့တဲ့ သူတွေလိုပါပဲ" လို့ သူက ပြောပါတယ်။ သူ့အပြောအရ လိင်ဆက်ဆံဖက်များတဲ့ ပြည့်တန်ဆာတွေဟာ သူ့ အန္တရာယ်ကို သူကြောက်လို့ ကွန်ဒုံး သုံးဖို့ကြိုးစားကြတာများ တယ်လို့ သိရ ပါတယ်။
အန္တရာယ်ရှိပြီး ရောဂါဖြစ်နိုင် ခြေများတာက လိင်ဆက်ဆံဖက် နည်းလို့ ကိုယ့်ကိုယ်ကိုယ် သန့်တယ်ထင်တဲ့ သူတွေလို့ ဆိုပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး HIV/ AIDS Prevention and Care Centre အဖွဲ့က ဒေါ်ဖြူဖြူသင်း ကတော့ သူတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အနေအထားအရ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ရောဂါဖြစ်နှုန်းက ပိုမြင့်လာတာကို တွေ့ရတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ အဖွဲ့ စလှုပ်ရှားဖြစ်တာ ၂၀၀၂ ကပါ။ ၂၀၀၄ ခုနှစ်နောက်ပိုင်း မှာ ရောဂါဖြစ်ပွားနှုန်း ပိုမြင့်လာတာမှာ ၂၀၁၀ မှာ အယောက် ၈၀၊ ၂၀၁၃ ခုနှစ် မှာ အယောက် ၃၀၀ ကျော်အထိ တွေ့လာရပါတယ်။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ လုပ်နေတယ် ဆိုပေမယ့် မသိ သေးတာတွေ အများ ကြီးရှိနေဦး မှာပါ။ ပွင့်ပွင့်လင်းလင်းသာ လုပ်နိုင်မယ် ဆိုရင် ဒီထက် အဆများစွာ များနေနိုင်ပါတယ်" လို့ ပြောပါတယ်။ ကွန်ဒုံးကို လက်ဝယ် တွေ့ ရင်၊ ဆောင်ထားရင် တရားရုံးရောက် ကြရလို့ ပြည့်တန်ဆာတွေဟာ ကွန်ဒုံးကို အန္တရာယ် တစ်ခုလို မြင်လာကြောင်းလည်း ပြောပါတယ်။ ကွန်ဒုံး သုံးသင့်တာ သိပေမယ့် ပြည့်တန်ဆာတွေမှာ တောင်းဆို ပိုင်ခွင့် ငြင်းဆန် ပိုင်ခွင့် မရှိတာတွေဟာလည်း ရောဂါဖြစ်နှုန်းကို မြင့်စေတာပါပဲ။ ဒီအနေအထားမှာ သူတို့ရဲ့လုံခြုံမှုအတွက် တစ်ဖက်မှာ တရားဝင် လုပ်ကိုင်နိုင်မယ့် 'လိုင်စင်' ကို တချို့ပြည့်တန်ဆာတွေက လိုလား ကြတယ်လို့ ဆို ပါတယ်။
လိုင်စင်ရှိခြင်း အားဖြင့် ကျီးလန့်စာစား မဖြစ်တော့ဘဲ သူတို့လှုပ် ရှားတဲ့နေရာတွေမှာ လုံခြုံမှု ရနိုင်တယ်လို့ အိန်ဂျယ်လေးက ပြောပါတယ်။ "တစ်ယောက်က ခေါ်သွားပေမယ့် ဟိုရောက်မှ တစ်ယောက်မကဘဲ အုပ်စု လိုက် လေး၊ ငါးယောက် ဖြစ်နေတာ၊ ပိုက်ဆံ အပြည့်မပေးတာ၊ ကိုယ်ထိ လက်ရောက် ရိုက်တာမျိုးအပြင် ပိုက်ဆံ လုံးဝ မရလိုက်တဲ့ အဖြစ်မျိုးတွေလည်း ပြည့်တန်ဆာတွေ ကြုံရတတ်ပါတယ်။
လိုင်စင်ရှိရင် ပိုလုံခြုံမယ်။ လိုင်စင်လုပ်တာဟာ ဒါမျိုး လုပ်စားနေပါတယ် ဆိုပြီး ပေါ်တင်ပြနေမှာမျိုး မဟုတ်ပါဘူး။ သွေးစစ်ပြီး ရောဂါကင်းရင် လိုင်စင် လုပ်ပေးပေါ့၊ ကားတွေ လိုင်စင်လဲသလို ကာလ အပိုင်းအခြားနဲ့ လုပ်ရမှာပေါ့။ အင်န်ဂျီအို အဖွဲ့တွေ အားလုံး ပူးပေါင်း လုပ်ရင် ဘယ်သူမှ မလွတ်နိုင်ပါဘူး၊ တချို့က ကိုယ့်ကိုယ်ကိုယ် ပိုးရှိတာလည်း မယုံတာမျိုး ရှိတယ်" လို့ သူက ပြောပါတယ်။
လိုင်စင် ကိစ္စကို တစ်ဖက်မှာ လုပ်သလို ဒီဘ၀က ရုန်းထွက်ချင်သူတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်း တွေဖန်တီးပေးဖို့ အရေးကြီးကြောင်း ဒေါ်ဖြူဖြူသင်းက သုံးသပ်ပါတယ်။ "လိင်လုပ်သားတွေ အနေနဲ့ အကူ အညီမဲ့ နေပါတယ်။ သူတို့အတွက် ဥပဒေအရလည်း အားနည်းတော့ အခြေအနေ ဆိုးတယ်လို့ ပြောလို့ ရပါတယ်။ နိုင်ငံမှာ အပြောင်းအလဲတချို့ လုပ်ဆောင်နေပေမယ့် လိင်လုပ်သားတွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောင်းတာ မတွေ့ရသေးပါဘူး။ အားမရသေးပါဘူး" လို့ သူက ဆိုပါတယ်။
ပြည့်တန်ဆာတွေရဲ့ ဘ၀မှာ ကြားရတာတွေ ကလည်း စုံပါတယ်။ အသက် မပြည့်သေးတဲ့ သမီးကို နှစ်သိန်း၊ သုံးသိန်းရရင် ထည့်ပေးလိုက်တဲ့ အမေ တွေရှိနေသလို ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ်တိုင်မြင်ဖူး ကြားဖူးခဲ့ ပါတယ်။ ပြည့်တန်ဆာလောကမှာ 'အသစ်' လို့ ထင်အောင် သွေးဆွတ်ထားတဲ့ ဂွမ်းကို သားအိမ်အစပ်ထိ ထိုးထည့်ပြီး အင်္ဂါဇာတ်ကို ကျောက်ချဉ်စိမ်တာမျိုး ခေတ်စား သလို 'အသစ်' ကြိုက်တဲ့သူတွေ အညာမိနေတာလည်း ရှိကြောင်း အိန်ဂျယ်လေး ကပြောပြီး ဒါတွေဟာလည်း ကူးစက်ရောဂါနှုန်း များစေတဲ့ အချက်တွေထဲက တစ်ခုပါတဲ့။
From:စင်္ကာပူဖီး
www.mmdailystar.com


မိမိကိုယ်ပိုင်ဓါတ်ပုံတွေကို ဖုန်းထဲမှာပဲ တတ်တူးထိုးချင်ရင် ဒါလေးဆောင်ထား အထဲမှာ ကိုယ်ကြိုက်တဲ့
စတိုင်အမျိုးမျိုးလုပ်နိင်ပါတယ် တတ်တူး တင်မကပါဘူး ဓါတ်ပုံအလင်းအမှောင်နဲ့ အရောင်တွေကိုစိတ်ကြိုက် ပြုပြင်လို့ ရပါတယ် အဆင်ပြေပါစေဗျာ အောက်မှာဒေါင်းလော့ယူပါ
ဒေါင်းလော့ယူပြီးရင်တော့ installလုပ်တတ်မယ်ထင်ပါတယ် အခက်အခဲရှိပါကkhingsoeomg@gmail.comသို့ မေးမြန်းနိင်ပါသည်။

ဒီမှာဒေါင်းလော့ယူပါzippyshare

Google playမှာလေ့လာချင်ရင်
                                                           Admin ခိုင်စိုး(ရောသမမွှေ)
မောင်စွယ်စုံကျမ်း
Posted by ဆူးအေမီ on 10:47 AM in | No comments


ကျွန်တော်တို့ အရင်တုန်းကဆို online ကနေ download ဆွဲပြီးရလာတဲ့ video file တွေကို mp4 file ပြောင်းချင် တယ်ဆိုရင် ကွန်ပျူတာမှာ software သွင်းပြီး format ပြောင်းကြရပါတယ်။ အခုတော့အဲဒါတွေ လုပ်ဖို့မလိုတော့ပါဘူး။ ဒီ software လေးရှိတာနဲ့တင် အဆင်ပြေပါတယ်။ ကိုယ် download လုပ်ထားတဲ့ video file တွေကို ကိုယ့်ဖုန်းထဲမှာတင် mp4 format ပြန်ပြောင်းပြီး လုပ်ဆောင်နိုင်ပါပြီဗျာ။ကြိုက်တဲ့ video file လာ mp4 file အဖြစ်ပြောင်းလဲနိုင်ပါတယ်။




Download Here >>>>>www.mgpauk.org

Download Here>>>>> www.itstudier.blogspot.com

အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို သိနိုင်မှာမို့လို့ပါ။

အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet (IT studier)

Friday, July 12, 2013

Posted by ဆူးအေမီ on 2:49 AM in | No comments

   
             
 
 
မိထ္ထီလာမြို့(၉၉)တပ်မ ရှေ့တည့်တည့်တွင် ဗလီအသစ်တစ်ခုဆောက်လုပ်ပြီးစီး။ 
ထိုဗလီကိုမြို့ခံများဖျက်စီးမှာစိုးသောကြောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးအပြည့်ဝချထားပါတယ်။

အစိုးရလုပ်ပုံကဘာလဲ.တရားမ၀င်ဗလီ
တွေဖျက်ဆိုပီး အခုထိမဖျက်သေးတဲ့အပြင် နောက်ထပ်ဗလီအသစ်တစ်ခုပါ(၉၉)တပ်မရှေ့မှာ ဆာက်ပြီးပြီ။ အစိုးရကဘာလဲ ဘယ်လဲ မေးရမလိုဖြစ်နေပြီ။
ဒီလောက်မိထ္ထီလာအရေးခင်းဖြစ်နေတာ
တောင်..
ဗလီိကိုဆောက်ခွင့်ပေးဖြစ်အောင်ေ
ပးတာဘာသဘောလဲ.

မိထ္ထီလာမြို့ကုလားအရေးခင်း မာရှယ်လောကာလအတွင်းမှာ(၉၉)တပ်မအ
ရှေ့
တည့်တည့်မှာ ဗလီတစ်လုံးပြီးအောင်ဆောက်နိုင်တ
ယ်ဆိုတာ
ဗုဒ္ဓဘာသာပြည်သူတွေကိုအတိအလင်းစေ
ာ်ကား၊ စိန်ခေါ်လိုက်တာပဲ။
<<ဘုရားပုံတော်များ စုဆောင်းရေး>>
 
Myanmar News
 

Thursday, July 11, 2013


နာမည်ကို မြင် ဓာတ်ပုံကိုမြင်တာနဲ့ ဘာလည်းဆိုတော ဘောလုံးဝါသနာရှင်တွေ သိမှာပါ
လေးဒေါ်လာတောင်ပေးရတယ်ဆိုတော့ ဘာတွေကောင်းလည်းတော့သိဘူး
ဘောလုံးဝါသနာရှင်တွေ စိတ်ဝင်စားရင်အောက်မှာဒေါင်းသွာပါ 
Dwonload>>HotFile
အမျိုးသားကောင်း


ဒါကတော့စိတ်လှုပ်ရှားဖွယ်ကောင်ပြီး တကယ့် ပြိုင်ပွဲထဲ ရောက်နေ သလိုခံစားရမယ့် မြင်းလောင်း ဂိမ်းလေးပါ။

 
 
မောင်စွယ်စုံကျမ်း

Search Our Site