Ads
ကြော်ငြာ
Wednesday, February 27, 2013
Posted by ဆူးအေမီ on 7:48 AM in | No comments
ဒီလို Chatting မျိုးကအနောက်တိုင်းမှာအင်မတန်ရေပန်းစားပါတယ်။အနောက်တိုင်းရယ် လို့တောင်မဟုတ် ပဲ ဂျပန်၊တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အစရှိသဖြင့် အာရှနိုင်ငံများမှာပါ ရေပန်းစားလာတဲ့ Chatting ဖြစ်ပါ တယ်။ စကားပြောဆိုရုံ Chatting, ရုပ်မြင်ရုံ ဗီဒီယိုChatting တင်မဟုတ်တော့ပဲ မမြင်သင့်တာတွေ ပါ မြင်အောင် ပြတဲ့ Chatting အမျိုးအစား ဟာမြန်မာပြည်မှာပါ ရေပန်းစားလို့နေပါပြီ။ အများစု က နိုင်ငံခြားရောက်နေ တဲ့ ချစ်သူနဲ့ စကားပြော ဆက်သွယ်တဲ့အခါ မှာဖြစ်ပါ တယ်။အ နောက် တိုင်း မှာ ခေတ်စားတာကတော့ မဆန်းပြားပါဘူး။
ဒီလိုတွေခေတ် စားသလို Video Chatting က Record လုပ်ထားတာတွေဟာလည်း ပလူ ပျံနေ တတ်ကြပါတယ်။ မြန်မာဖြစ် Sexy Chatting – မှတ်တမ်းတင် ထားမှုတွေဟာလည်း အနောက်တိုင်းနဲ့ ရင်ဘောင်တန်းလို့ အင်တာနက်စာမျက်နှာ တွေမှာပလူ ပျံ နေပါပြီ။ ချစ်သူချင်းမဟုတ်ပဲ အွန်လိုင်းမှာ သိပြီး စိတ်ဝင်စားတဲ့ သူအချင်းချင်းတောင် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာတဲ့ အထိတောင်ကြားနေရပါ တယ်။ ဒါဟာဘာကြောင့်လဲ? ဘုရားဟောတရားနဲ့သာ တရားကိုယ်ကောက်ရရင် တဏှာအရင်းခံပြီး ဖြစ်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။အိန္ဒြိယ လက္ခဏာ ချို့ ယွင်းမှု တစ်ခုပါပဲ။ ချစ်ရုံကြိုက်ယုံနဲ့ မိမိမှာရှိတဲ့ အရှက် (ဟီရိ) တရား ပါ လက်လွတ် စပယ်ပြုလိုက် တာမျိုးဟာမရင့်ကျက်တဲ့ သူများ ဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော် သက်လူငယ်များ၊ အသက်ကြီးသော် လည်း စာရိတ္တပျက်ပြားသော အမျိုးသား၊ အမျိုးသမီး များ ဖြစ်ပါ တယ်။ပြန့်လွင့် သွားနိုင်တဲ့ ဗီဒီယိုတွေကို ပြန်ပြီး Recover လုပ်ပေး မယ့် ဆော့ဖ်ဝဲ၊ဘာညာ အစရှိသဖြင့် ပေါ်ပေါက်လာပါတယ်။
သို့ပေမယ့် အင်တာနက်ခေတ်ကြီးထဲမှာ ဒါတွေဟာ ပုရွတ်တစ်ကောင်လောက်အောင် အစွမ်းမထက်ပါဘူး။ သို့ပေမယ့် အစွမ်းအထက်ဆုံး နည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက အင်တာနက်ပေါ် ပျံလွင့်မှု လုံးဝ မဖြစ်စေတော့ ပါဘူး။လုံးဝ (လုံးဝ) Sexy Chatting မလုပ်ဖို့ပဲဖြစ်ပါတယ်။ ကိုယ်နဲ့ ယခုမှ စသိတဲ့ သူပဲ ဖြစ်ဖြစ်၊ နှစ်လရှည်ကြာ တွဲလာတဲ့ ချစ်သူပဲ ဖြစ်ဖြစ်ချက်တင်ထိုင်တဲ့အခါ လိင်ပိုင်းဆိုင်ရာ ရိုင်း စိုင်းသော ပြောဆိုမှု ကို ရှောင်ရှားရန် လိုအပ်ပါတယ်။ အဲလို သာရှောင်ရှားရင်တော့ Sex Chatting ဘက်ကို ရောက်ဖို့ အင်မတန်ဝေးသွားပါပြီ။ အချို့ ကျ သိသိမသိသိ တစ်ဖက်သားကို ဇွတ်အတင်း မြင်အောင်၊ ဖတ်အောင် ကြိုးပမ်းကြ သူများ ဖြစ်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ဘလော့ (Block) ပစ်ဖို့လိုအပ်ပါတယ်။ ချစ်သူအရင်းခေါက်ခေါက် ဖြစ်နေခဲ့ရင် လမ်းခွဲမယ်လို့ သတိပေးတဲ့ အဆင့် ထိ ပြောဆိုရန် သတ္တိရှိပါတယ်။ ဟုတ်ပါတယ်။ ဒီလို မကြိုက် ဘူးလို့ပြော ထားရဲ့သားဇွတ်အတင်းပြောဆိုပြသနေရင်ဒါတကယ်ချစ်တာမဟုတ်ပါဘူး။အကယ်၍ ပျံလွင့် သွားရင်   ဖြစ်လာ  မယ့် အ ကျိုးဆက်က စာရေးသူ မပြောလည်း သိကြမယ် ထင်ပါတယ်။ အချို့ ကျတော့ Chatting မဟုတ်ပဲ Record လုပ်ထားတဲ့ အပျော် ဗီဒီယို၊ အသံဖိုင် အစရှိသဖြင့် ဖြန့်ဝေ ကြပါ တယ်။ဒီမှာလည်း ထိုနည်းတူစွာ ပါပဲ။
 ဒီကိစ္စတွေကို ရှောင်ရှား ထားရင် ပြဿနာဆိုတာ ဖြစ်လာစရာ အကြောင်းမရှိ ပါဘူး။မရှောင် ရှားနိုင်ဘူး ဆိုရင်တော့ ဗီဒီယို ရိုက်တဲ့ချစ်သူ မျိုးဆိုရင် မတွဲသင့်တာ လုံးဝ သေချာနေပါပြီ။ ဒါဘာရည်ရွယ်ချက်လည်း။ ဘာလို့မှတ်တမ်းတင်တာလဲ။ အသိဥာဏ်ရှိရှိ စဉ်းစား တွေးခေါ် သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ဒါကြောင့် ဒီြ ပဿနာတွေ၊ အန္တရာယ်တွေ ကင်းကောင် တစ်ခုတည်းသော နည်း လမ်းက လုံးဝ (လုံးဝ) မပြု လုပ်ခြင်း၊   ရှောင်ကြဉ်ခြင်းသာဖြစ်ပါ တယ်။
From: အောင်ခမ်း ( တေဇမောင်အီမေးဖြင့် ပို့  သည်)
News Collection
Posted by ဆူးအေမီ on 7:31 AM in | 3 comments
ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။
 အဆိုပါ နည်းများဖြင့် လိင်ဖျော်ဖြေရေး လုပ်ကိုင် နေသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စစ်ဆေး အရေးယူမှုများကြောင့် ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘဲ မသိမသာ ပုံစံဖြင့်သာ ကိုယ်ယောင်ဖျောက် လုပ်ကိုင် နေကြသော်လည်း ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အနေဖြင့် ပေါက်သည့်နဖူး မထူး ဟူသော စကား အတိုင်း မထူးဆန်း လှသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့် သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။
 လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင် ကြားသိ နေရသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၌ အင်တာနက် ကဖေး တစ်ခုကို ဦးစီးလုပ်ကိုင်နေသည့် ညီငယ်တစ်ယောက်၏ အတွေ့အကြုံများကို MMDailynews.com မှ မေးမြန်းခဲ့ရာ သူက.. "ဟုတ်... အွန်လိုင်းကနေ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေတာတွေ ရှိတယ် အစ်ကို၊ ဆိုင်မှာလာသုံးနေတဲ့ User တစ်ယောက်ပေါ့။ သူက ကောင်မလေး တစ်ယောက်ရဲ့ အကောင့်ကို ရလို့ Gtalk ကနေ Add လိုက်တယ်။ အစကတော့ သူဘာဆိုတာ မပြောဘူး ပြီးတော့ အပြင်မှာချိန်းတယ်။ အဲ့ဒီမှာ သူတို့ လုပ်စရာ ရှိတာတွေ ဆက်လုပ်ကြတယ် အဲ့တာက တစ်မျိုး အခကြေးငွေ အတွက် တည်းခိုခန်းမှာချိန်း ဘယ်လောက်ရရင် လိုက်မယ်ပေါ့။ နောက်တစ်ခုက အကြီးစား ပြည့်တန်ဆာ တွေပေါ့။ အွန်လိုင်းကနေ တွေ့တယ်။ ပြီးရင် ချိန်းတယ် ကြိုက်ရင် လိုက်သွားတယ်(ကက) သီးသန့်ပေါ့။
အခု နောက်ပိုင်း အွန်လိုင်းကို ပြည့်တန်ဆာတွေ တော်တော် သုံးလာကြတယ်။ Online ကနေ ရတဲ့ ဖေါက်သည် တွေကလဲ ငွေကြေးများများ ပေးနိုင်တာကိုး။ ဒီလုပ်ငန်း ဖြစ်လာတာ ခန့်မှန်း ရသလောက် အထူးသဖြင့် ရန်ကုန်မှာပေါ့။ 2008 ခုနှစ် နောက်ပိုင်း အခု 2010 ခုနှစ် မှာ အမြင့်ဆုံးကို ရောက်နေတယ်လို့ ထင်ပါတယ်။ ဒီလို ပြည့်တန်ဆာတွေ လှူပ်ရှားလာတော့ ကျန်တဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ မူဒိန်းမှူတွေနဲ့ ကိုယ်ကျင့်တရား အထိန်းသိမ်း လျော့ရဲတာတွေ ပါ ဖြစ်လာနိုင်ပါတယ်။
အွန်လိုင်း ပြည့်တန်ဆာတွေရဲ့ ပစ်မှတ်က အွန်လိုင်း(ချက်တင်)ကို အသုံးပြုတတ်ခါစ လူတွေ၊ အပြင်မှာ တစ်ခါမှ လက်တွေ့ မစမ်းရဲကြတဲ့ ဆယ်ကျော်သက်တွေ ငွေကြေး တတ်နိုင်တဲ့ သူတွေလို့ ထင်ပါတယ်။ သူတို့က Gtalk နဲ့ VZO ကို အများဆုံး အသုံးပြုပါတယ်။ အခုနောက်ပိုင်းပေါ့။ မြန်မာဘလော့ဂါအချို့ရဲ့ sex ၀က်ဆိုဒ်တွေမှာ Member ၀င်ပြီးလဲ ဆက်သွယ် နေကြပါတယ်။ ကျွန်တော်ကိုယ်တိုင် တစ်ခါတော့ကြုံဘူးတယ်။ အကောင့်က ကျွန်တော့် Gtalk ကို အမှတ်မထင် ရောက်လာတယ်။ ကျွန်တော်က လက်ခံလိုက်တယ်။ သူဂျီတော့မှာ မက်ဆေ့ခ်ျ တစ်ခု တင်ထားတယ်။ သူနဲ့ ပျော်ချင်ပါသလား တစ်ည ( Edit ) ဆိုပြီး။
ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီလောက် ရဲတင်းလှတာ ကောင်မလေး တကယ်ဟုတ်မဟုတ် မေးမယ် ဆိုပြီး သူငယ်ချင်းတွေ သူ့အကောင့်ကို ၀ိုင်း Add ကြတယ်။ အပြင်မှာ ချိန်းတယ် တကယ့် ကောင်မလေးပါဘဲ။ သူက ဘယ် တည်းခိုခန်းမှာ ဘယ်လိုဆို ဘယ်လောက် စိတ်ကြိုက် ကြိုက်တာခိုင်း ဆိုဘယ်လောက်။ လူ ဘယ်နှစ်ယောက်ဆို ဘယ်လောက် ဆိုပြီး ဈေးတွေတောင် Online ကနေ ညှိ ခဲ့ဘူးတယ်။ တကယ် သူချိန်းတဲ့ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်က သွားပြီး စောင့်ကြည့်တယ်။ တကယ် ဟုတ်မဟုတ်။ တကယ်ပါဘဲ ကောင်မလေး တော်တော်ချောချော လေးပါဘဲ။ မထင်ရက်စရာပေါ့။ အသက် ၁၉ နှစ် ၂၀နှစ် ၀န်းကျင်လေးပါ။ တကယ်တော့ ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။
 နောက်ပိုင်းတော့ သူ့အကောင့်ကို Block လိုက်ပါတယ်။ အသိ User တစ်ယောက်တော့ အွန်လိုင်းကနေတွေ့ပြီး တစ်ခါ အလုပ်ဖြစ်ခဲ့ဖူးတယ် ပြောပါတယ်။..... ဟု ပုဇွန်တောင်မြို့နယ်ရှိ Hero Cyber Cafe မှ ကိုအေးမင်းထွန်း က MMDailynews.com သို့ သူ့အတွေ့အကြုံများကို ပြောသည်။ အခြား အင်တာနက်ဆိုင်မှ ၀န်ထမ်း တစ်ဦးကလည်း "ဟုတ်ကဲ့ ခင်ဗျ ၊ ဂျီတော့မှာကို ဖော်ချွတ်ပုံတင်ပြီး တကယ်လိုက်တဲ့ အကောင့် ပိုင်ရှင်တွေ ရှိပါတယ် ။ ဆိုင်တွေမှာလည်း အဲ့သလို အကြောင်းကိစ္စတွေအတွက် အသုံးပြုနေတာတွေ အနည်းနဲ့ အများတော့ မြင်နေရပါတယ် ။
အွန်လိုင်းမှာပဲချိန်းပြီး ကားနဲ့ လာကြို သွားတဲ့အထိ တွေ့ ခဲ့ဖူးပါတယ်" ဟု သူမြင်တွေ့ ခဲ့ရသမျှ ပြောသည်။ အွန်လိုင်းမှ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ဖေါက်သည်ရှာရန် အတွက် သီးခြား ပြင်ဆင်စရာ မလိုသည့် အပြင် ပြောဆို ညှိ့နှိုင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် မျက်နှာပူစရာ မလိုခြင်း၊ ဈေးညှိနှိုင်းနေစဉ် အဖမ်းအဆီး ခံရမည့် အရေး အတွက်လည်း ကျီးလန့်စာစား ဖြစ်စရာမလိုခြင်း၊ ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများက ရိပ်မိ သွားမည်ကိုပါ စိုးရိမ်စရာမလိုသည့် အခြေအနေများကြောင့် အွန်လိုင်းမှ ဖေါက်သည် ရှာခြင်း လုပ်ငန်းကို တိုးမြှင့် ဆောင်ရွက် လာကြခြင်း ဖြစ်သည်။
 မြန်မာလူမျိုး မိဘများအနေဖြင့် သားသမီးများကို ခေတ်မှီ နည်းပညာများနှင့် ထိတွေ့ ရင်းနှီုးလာစေလိုသော သဘောဖြင့် အင်တာနက် အသုံးပြုမှုကို လွတ်လပ်စွာ ခွင့်ပြုထားကြ သော်လည်း ကျန်းမာရေး ရှုထောင့်အရ ကြည့်မည် ဆိုပါက လည်းကောင်း အကျင့် သိက္ခာပိုင်းအရ လည်းကောင်း ထိခိုက်နစ်နာမှုများ မဖြစ်လာစေရေး အတွက် သားသမီးတို့၏ အင်တာနက် အသုံးပြုမှုကို အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းသိမ်း စောင့်ရှောက် သွားရန်ပါ လိုအပ်လာပြီ ဖြစ်သည်။
 http://asnkonge.blogspot.com
Tuesday, February 26, 2013
Posted by ဆူးအေမီ on 6:11 AM in | No comments
ဘာလို့ လည်းဆို အထဲက Tools တွေ အသုံးမပြုတတ်ရင် Tools တွေရဲ့အဓိပ္ပာယ်ကို
သဘောမပေါက်ရင်  အခြေခံပညာသင်တွေ အနေနဲ့ သိမှာမဟုတ်ပါဘူး ။ အဲ့တော့
Photoshop ကို တတ်ချင်တာ သင်တန်းမတက်ခဲ့ရဘူးဆို  ဒီစာအုပ်ကိုဖိတ်ပြီးတော့
အရောင်တင်တာ  ဘယ်ဟာက  မျက်နှာပြင်တာ ဆိုပီး အသေးစိတ် သိပါလိမ့်မယ်
Photoshop ၀ါသနာပါတယ်ဆို  ဒါတွေမသိရင် ဘာမှဆက်လုပ်လို့  ရမှာမဟုတ်ဘူး
အခြေခံပညာသင်တွေအတွက် အခြေခံအကျဆုံး အဆင့်ကတော့ ဒီစာအုပ်ပါပဲ ...။
ဒီလင့်မှာ Download ယူပါ - www.mediafire.com/Photoshop အခြေခံစာအုပ်
ဒီလင့်မှာ Download ယူပါ - http://i.minus.com/Photoshop အခြေခံစာအုပ်
http://www.zwmnna.com
Posted by ဆူးအေမီ on 5:00 AM in | No comments
Posted by ဆူးအေမီ on 12:41 AM in | No comments
ဖို-မ ရေးရာများဖြစ်ပါတယ်၊ စိတ်မ၀င်စားရင် လှည့်ပြန်ပါတော့…
ဆရာရှင့်
ရိုသေစွာ တိုင်ပင်ပါရစေ။
သမီးနာမည်က “နွဲ့”ပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုကြောင့် ငယ်ရွယ်စဉ်ကတည်းက အတတ်ကောင်းတစ်ခုကို တတ်ခဲ့တယ်လေ။ တစ်ကိုယ်ရေ အာသာဖြေတတ်ခဲ့တာပါ။
အသက် ၁၈ နှစ်လောက်မှာပေါ့။ အခု အသက်က ၂၇ ဖြစ်လောတော့လေ မကောင်းဘူးဆိုတာ သိလာခဲ့တယ်။ ဒါပေမယ့်လည်း သိနေတဲ့ အရသာတစ်ခုကို မလုပ်သင့်ဘူး ထင်ပေမယ့် လက်တွေ့မှာ မရှောင်နိုင်ခဲ့ဘူး။ သမီးလည်း လူပဲလေ ဆရာရယ်။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကြိုးစားတာပဲ။
အခုလေ သိပ်ချစ်ရမယ့်လူ ရှိလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မဖြူစင်ဘူးလို့ ခံစားလာရတယ်။  ထပ်မကျူးလွန်ချင်တော့ဘူး ဆရာရယ်။
ဒါပေမယ့် သေချာပြောနိုင်တာက ကိုယ်က အဲ့လိုမျိုးမို့ မထူးပါဘူးဆိုပြီး ချစ်သူနဲ့ အတူနေလိုက်မယ့် မိန်းကလေးမျိုးတော့ မဟုတ်ပါဘူး။
အခုလေ အရင်ကလို ဘာမှ မသိတဲ့ဘ၀မျိုးကို လိုချင်တယ်။
သမီးကို ဆူနိုင်ပါတယ်။
ပြီးရင်တော့ အကြံဥာဏ်လေးတော့ပေးပါ။
ဘာသာရေးဘက်က ကြည့်ရင်ကော သမီးက ငါးပါးသီလကို မလုံတာနဲ့ အတူတူပဲလား။
ကျေးဇူးပြုပြီး ဖြေပေးပါလို့ တောင်းဆိုပါတယ်။ နောက်တစ်ခုက ချစ်သူနဲ့ ဘ၀တစ်ခု ထူထောင်မယ်ဆို ဒါမျိုးက မကောင်းဘူးလို့ ထင်တယ်လေ။ ရိုသေစွာ
သမီး “နွဲ့”
အောက်တိုဘာ ၂၄ ရက်နေ့က ကျွန်တော့်ဆီ ရောက်လာတဲ့ စာလေးပါ။ စိတ်များညစ်ပါရဲ့ဗျာ။ ဘယ့်နှယ်က ဘယ့်နှယ် သူ့ကို တစ်ကိုယ်ရေ အာသာဖြေတာ မကောင်းဘူးလို့ ဘယ်သူကများ သွန်သင်လိုက်သလဲ မသိပါဘူး။
လောကီလူ့ဘောင် လူဝတ်ကြောင်ကို စွန့်ပြီး သည်ဘ၀မှာ နိဗ္ဗာန်ကိုသာ မရောက်ရောက်အောင် ကြိုးစားတော့မယ်၊ နိဗ္ဗာန်မရောက်ရင်တောင်မှ အနည်းဆုံးတော့ သောတာပန်လောက်ဖြစ်အောင် အားထုတ်မယ်ဆိုပြီး စိတ်ဖြတ်ထားတယ်ဆိုရင်တော့လည်း ဒါမျိုးဟာ မလုပ်ကောင်းဘူးပေါ့ဗျာ။ မှားတာပေါ့ဗျာ။
အဲလိုမှ မဟုတ်ဘဲ လင်ယူသားမွေးလုပ်ဖို့ ရည်းစားတောင် ထားနေတဲ့ မမက တစ်ကိုယ်ရေအာသာဖြေတာကျတော့မှ မှားတယ်ထင်နေတာကြီးက မဟုတ်သေးပါဘူး။ ကျွန်တော်တို့ဆီမှာလည်း လူမဆန်တဲ့ သွန်သင်မှု အလွဲတွေ ပြန့်ပွားလှိုက်စားနေပုံများ လူကြားလို့တောင် မကောင်းဘူး။
လူရယ်လို့ ဖြစ်လာပြီးတော့နောက် နိဗ္ဗာန်ရောက်အောင်အထိ ပြင်းပြင်းထန်ထန် အားထုတ်ကျင့်ကြံဖို့ စိတ်ကူးမထားဘဲ လူလိုပဲ နေသွားဖို့ စိတ်ကူးရှိတဲ့  ပုထုဇဉ် လူသားတိုင်းအတွက် တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုအဖြစ် ပြောလိုက်ချင်ပါတယ်။
တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ…
  1. လိင်စိတ်တင်းကျပ်မှုတွေကို ပြေလျော့စေနိုင်တဲ့ နည်းလမ်းဖြစ်ပြီး အင်မတန်မှ ဘေးအန္တရာယ်ကင်းရှင်းပါတယ်။ လိင်မှ တစ်ဆင့် ကူးစက်ရောဂါတွေ၊ ကိုယ်ဝန် ရှိလာမှာတွေ တစ်စက်မှ မပူရပါဘူး။
  2. မိမိရဲ့ မျိုးဆက်ပွား ကိုယ်အင်္ဂါအစိတ်အပိုင်းများနဲ့ အဲဒီ့ အစိတ်အပိုင်း အသီးသီးရဲ့ တုံ့ပြန်ပုံ၊ နိုးကြားပုံများကို မိမိဘာသာ ကြိုတင် စူးစမ်း သိရှိနေစေတဲ့ အတွက် အိမ်ထောင်ရေးဘ၀မှာ အင်မတန် အကျိုးများပါတယ်။ အမျိုးသားတွေအနေနဲ့ ဆိုရင် တစ်ကိုယ်ရေ အာသာဖြေတဲ့ အလေ့အထကြောင့် ဘယ်လို အချိန်မှာ ကိုယ့်စိတ်က အတက်ကြွဆုံးကို ရောက်ရှိကာ ဇာတ်သိမ်းကို ရောက်ရှိသွားနိုင်တယ်ဆိုတာကို သိရှိထားနိုင်တာမို့ အဲသလို အခြေအနေမျိုးကို ရောက်လာရင် ဇာတ်သိမ်းအထိ မရောက်အောင် ဘယ်လို ထိန်းသိမ်းမယ်ဆိုတာကို ပွဲမ၀င်ခင် အပြင်ကတည်းက ကြိုတင် လေ့ကျင့်ထားနိုင်ပါတယ်။ အမျိုးသမီးတွေအတွက်ကလည်း ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကို ဇာတ်သိမ်းဆီအထိ ခေါ်မသွားနိုင်ဘူးဆိုရင် သူ့ကို ဘယ်လို ဖျောင့်ဖျနိုင်တယ်၊ ကိုယ်က ဘယ်လိုမှ ဇာတ်သိမ်းနိုင်တယ်ဆိုတာကို သူ သိရှိလာအောင် ပြောပြထားခြင်းအားဖြင့် အိမ်ထောင်ရေးဘ၀မှာ အထောက်အကူ အများကြီး ဖြစ်စေပါတယ်။ တစ်နည်းပြောရရင် အိမ်ထောင်ရေးဘ၀ ချစ်တင်းနှောရာမှာ လင်သားဘက်ကသာ ကျေနပ်မှု ရရှိပြီး ဇနီးသည်ဘက်က စိတ်ပျက်ညည်းငွေ့စရာ ဖြစ်နေလေမယ့် တစ်ဘီးထဲလိမ့်နေတဲ့ ဘ၀ကို ကျော်လွှားနိုင်အောင် မိမိရဲ့ နိုးကြားမှုနဲ့ ဇာတ်သိမ်းအထိ ရောက်ရှိနိုင်မှု အခြေအနေများကို သိရှိကာ တင်ပြ ဆွေးနွေးထားနိုင်ပါတယ်။
ငါးပါးသီလအကြောင်းတော့ လာမပြောပါနဲ့ဗျာ။ ခြင်ကို ဖျန်းခနဲ လွယ်လွယ်ပဲ ရိုက်ချနေကြ၊ လိမ်ညာဖြီးဖြန်းတာကိုလည်း ထမင်းစားရေသောက်တွေ လုပ်နေကြ၊ ဟိုလူမသိအောင် ဖုံးရတာနဲ့၊ သည်လူ မသိအောင် ဖိရတာနဲ့၊ ပါးစပ်က အလိမ်အညာ မပြောတာပဲ ရှိတယ်၊ အမှန်ကို ဖုံးကွယ်ထားတဲ့နည်းနဲ့ မုသာဝါဒကံကိုလည်း ကျူးလွန်နေကြတာရော ဘယ်လောက်တောင် လုံနေကြလို့တုံး။
“ကာမေသု မိစ္ဆာစာရကံ”ဆိုတဲ့အထဲမှာ ကာမဂုဏ်အာရုံကို မိစ္ဆာစာရ = မှားသောအကျင့်ဖြင့် ကျူးလွန်ခြင်းလို့သာ ပါပါတယ်။ “မှားသောအကျင့်”ဆိုတာကို ဘယ်ပေတံနဲ့ တိုင်းမလဲဆိုတာက ပြဿနာပဲ။
အဲဒါကို အသာထား၊ သေချာတာက ကာမဂုဏ်အာရုံ။ ကာမဂုဏ်အာရုံ ခံစားတဲ့အထဲမှာ နားကို ကြက်တောင်လေးနဲ့ ကြပ်ရင်း ဇိမ်ခံတာလည်း ပါသဗျ၊ အနှိပ်ခံတာလည်း ကာမဂုဏ် အာရုံခံစားတာပဲဗျ၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဆိုပြီး ကာမဂုဏ် ငါးပါးရှိပါတယ်။ အရပ်စကားနဲ့ ပြောရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်စတာများမှာ တပ်ငြိတာ၊ မက်မောတာ၊ လိုချင်တောင့်တတာ အားလုံးဟာ ကာမဂုဏ်အာရုံများသာ ဖြစ်ပါတယ်။  ဟယ်… ဟို ပိုက်ဆံအိတ်လေး လှလိုက်တာ၊ လိုချင်လွန်းလို့ မျက်စိထဲကတောင် မထွက်ဘူးဆိုရင်လည်း ကာမဂုဏ်အာရုံပါပဲ။ တစ်အိမ်လုံး နားငြီးပြီး အော့ကြောလန်ကုန်တဲ့အထိ ကိုယ်သိပ်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို အထပ်ထပ်ဖွင့်နေတယ်ဆိုရင်လည်း ကာမဂုဏ်အာရုံခံစားတာပါပဲ။  မုံ့ဟင်းခါးလေးကို ငရုတ်သီးလေး စပ်စပ်လေးထည့်၊ သံပရာရည်လေး ညှစ်၊ ငံပြာရေးလေးပါ နှစ်စက်လောက် ထပ်ဆမ်းပြီး အားရပါးရ လွေးတာလည်း ကာမဂုဏ်အာရုံခံစားတာပါပဲ။
အဲဒါတွေကို မှားသောအကျင့်နဲ့ ပြောရင် ဘယ်ပေတံနဲ့ တိုင်းမလဲ။ ပုထုဇဉ်ဆိုတာကိုကျတော့ “ကာမဘုံသား ဆုံလည်နွား”လို့ တရားသမားတွေက သတ်မှတ်တယ်။ သိပ်မှန်တာပေါ့။ ကာမဂုဏ်အရသာကို တပ်မက်နေကြတာချည်းကိုး။ အမယ်… အိုင်ဖုန်းလေးလည်း လိုချင်၊ အိုင်ပက်(ထ်)လေးလည်း လိုချင်၊ ပူတဲ့အခါ ပါးပါးလျလျ အေးအေးအထည်လေးလည်း ၀တ်ချင်၊ လေအေးစက်လေးနဲ့လည်း နေချင်၊ ကားကောင်းကောင်းလည်း စီးချင်၊ အစားကောင်းကောင်းလည်း စားချင်နေကြသူတွေဟာ ဘယ်နားက ကာမဂုဏ်အာရုံက လွတ်နေလို့တုံး။
အဲဒါကို တစ်ကိုယ်ရေ အာသာဖြေတာ၊ ချစ်တင်းနှောတာကိုကျမှ ငါးပါးသီလ လုံပါ့မလားလို့ ပူနေသေးတော့… အင်း… လွဲမှားတဲ့ အကျင့်နဲ့ တပ်မက်မိနေတဲ့ အာရုံပေါင်းက သောင်းခြောက်ထောင်၊ ပူနေတာက “ကာမ”ဆိုတဲ့ စကားလုံးကြောင့် လိင်ကိစ္စနဲ့ကျတော့မှ အပူကြီးပူနေတာဖြစ်နေပါပေါ့လား။ မဆီလေးရယ်တဲ့မှ အိုမဆိုင်ဆိုတဲ့အထဲကပါပဲ။
ငါးပါးသီလ သိပ် လုံချင်သလား၊ ပထမဆုံးက အဲဒီ့ လိင်စိတ်ကို အသာထား၊ ဘာကိုမှ မကွယ်မ၀ှက်၊ မဖုံးမဖိဘဲ၊ မလိမ်မညာဘဲ ခြောက်လတိတိလောက် အရင်နေကြည့်လိုက်ပါဦး။ နေ့စဉ် သတိထားပြီး နေပါနော်။ ရက်ပေါင်း ၁၈၀ ပြည့်ပြီဆိုရင် အစာစားတဲ့အခါတိုင်း ကိုယ့်ရှေ့ကို ဘာပဲ ရောက်လာလာ စားမယ်၊ ကြိုက်တာတွေ မကြိုက်တာတွေ မတွေးဘူး၊ ငါ့ခန္ဓာကိုယ်အတ္တဘော အသက်ရှင်တည်မြဲရေးအတွက်သာ ပါးစပ်ထဲ ထည့်တယ်၊ ၀ါးတယ်၊ မျိုတယ်ဆိုပြီး ထမင်းလုပ်တိုင်းကို အမှတ်နဲ့ ဆက်စားကြည့်ပါ။ အဲဒါလည်း ရက်ပေါင်း ၁၈၀ လောက် တစ်နပ်မှ မပျက်စေဘဲ ကြိုးစားကြည့်လိုက်ပါ။
အဲလောက် လုပ်လို့ရပြီဆိုရင် မုသာဝါဒကံနဲ့ ကာမေသုမိစ္ဆာစာရကံတွေ အတော်လုံသွားပါပြီ။ ဒါဆို တစ်ကိုယ်ရေ အာသာဖြေဖို့လည်း စိတ်ကူးတော့မှာ မဟုတ်ဘူး၊ လင်ယူ၊ မယားယူ၊ အိမ်ထောင်ထူဖို့လည်း စဉ်းစားတော့မှာ မဟုတ်ဘူး။ တစ်ခါတည်း တောထွက်လို့ ရပါပြီ။ နိဗ္ဗာန်ရောက်ကြောင်းတရားလည်း စတင် ကျင့်ကြံ ပွားများလို့ ရပါပြီ။
အဲလိုမှ မဟုတ်လို့ကတော့ဗျာ၊ တစ်ကိုယ်ရေ အာသာဖြေတာများ ရဲရဲသာ ဖြေလိုက်စမ်းပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်ဗျာ။
 http://nookycontent.wordpress.com/2010/11/05/303/
Monday, February 25, 2013
Posted by ဆူးအေမီ on 11:59 PM in | No comments
ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ မန်းစည်ပင်အခွန်ဌာနာသို့ မတ်လ၈ရက် နေ့နောက်ဆုံးထားလျှောက်ထားနိုင်ပြီးဖြစ်ကြောင်း မန်းစည်ပင် အခွန်ဌာနမှသိရသည်။ 
ကျုံးဘေးပတ်လည် တွင်တည်ဆောက်လိုသော မဏ္ဍပ်များမှာ အာမခံကြေးငါးသိန်းပေးချေရမည်ဖြစ်ပြီး ကန်တော်ကြီးပတ်လည်နှင့် မို့တွင်းနေရာများတွင် အာမခံကြေးပေးသွင်းရန်မလိုဘဲ မဏ္ဍပ်တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ရေပိုက် ၁၂၀နှင့် တီးဝိုင်းမပါလျှင် ရေပိုက် ၈၀အထိသာ လက်ခံဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မတ်လ၁၃ရက်နေ့တွင် မဏ္ဍပ်နေရာများအတွက် မဲနှိုက်မည်ဖြစ်ပြီး ၁၅ရက်နေ့တွင် တည်ဆောက်ခွင့်ပေးသွား မည်ဖြစ်ကြောင်း မန်းစည် ပင် အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မဏ္ဍပ်တွေကို စည်းကမ်းချက်တွေနှင့် အညီတည်ဆောက်ရပါမယ်။ တည်ဆောက်ခြင်းမရှိတဲ့မဏ္ဍပ်တွေ ကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ် ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
မဏ္ဍပ်တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့်နေရာတွင် သတ်မှတ်ထားသည့် အကျယ်အ၀န်းအတိုင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန်ထားရှိရ မည်ဖြစ်ကာ ယာယီရေလောင်းအိမ်သာထားရှိရမည်ဖြစ်သည်။ ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများကပ်ခြင်း၊ ချိပ်ဆွဲခြင်းများမပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်းအတွင်း သာတည်ဆောက်ရမည်ဖြစ်ပြီး လေအိုးသုံးရေပိုက်၊ မီးသက်ပိုက်ခေါင်းများဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လိုက်နာခြင်းမရှိပါက Black Listာရင်းသွင်းရ်ျ လိုအပ်သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ်တည်ဆောက်လိုသူများလိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် စည်း ကမ်းချက်များအရသိရသည်။
 www.MyanmarExpress.net
Posted by ဆူးအေမီ on 11:53 PM in | No comments
                  ဒီ Post လေးကိုတော့ လူတိုင်းကြိုက်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။ ဒီကောင်လေး
ရဲ့နာမည်ကတော့ GiliSoft USB Stick Encryption 4.0 ဘဲဖြစ်ပါတယ်။ အရှေ့မှာလည်း v2.0 ကိုတင်
ပေးခဲ့ဖူးပါတယ်။ USB အတွက်တော့ အသင့်တော်ဆုံးပါဘဲ။ ဘာလို့လည်းဆိုတော့ ကျွန်တော်လွန်ခဲ့
တဲ့ 1နှစ်လောက်ကတည်းက အဲဒါမျိုးလေးသုံးဖူးပါတယ်။ ဒါပေမယ့် အခု Software လောက်မကောင်း
ပါဘူး။ ဒီကောင်လေးက ဘာတွေပိုကောင်းလည်းဆိုရင်တော့ ပေါ့ပေါ့ပါးပါးသုံးနိုင်တယ်ဗျာ ပြီးတော့
ဘယ် USB မျိုးကိုမဆို လွယ်ကူစွာနဲ့ဘဲ အလုပ်လုပ်ပါတယ်ဗျာ။ တခြား အလားတူ Software တွေရှိပါ
တယ်။ဒါပေမယ့် အဲဒီ Software တွေက သူရဲ့မူပိုင် USB တစ်မျိုးတည်းသာ အလုပ်လုပ်ပါတယ်။အခြား
 USB တွေမှာအလုပ်မလုပ်ပါဘူး။ဒီကောင်လေးရဲ့ အသုံးဝင်ပုံလေးကတော့ ခေါင်းစဉ်လေးကိုဖတ်လိုက်
တာနဲ့တင် ဘယ်လိုနေရာတွေမှာအသုံးဝင်နိုင်သလဲဆိုတာသိလောက်ပြီထင်ပါတယ်ဗျာ။ အောက်မှာ
အသုံးပြုပုံကို ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။
သူ့ရဲ့ အသုံးပြုပုံလေးကိုကျွန်တော်စပြီးရှင်းပြပေးပါ့မယ်။ ကျွန်တော်က လူတိုင်းနားလည်လွယ်အောင်
အသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။
        ဒါလေးကတော့ သူ့ရဲ့ Install ပြုလုပ်ပုံအဆင့်ဆင့်ပါ။ ကျွန်တော်တို့ပုံမှန် Software တွေ
ကို Install ပြုလုပ်နေကြပုံစံလေးဖြစ်လို့ အသေးစိတ်ရှင်းပြမနေတော့ပါဘူးနော်။ရလောက်
မယ်ထင်ပါတယ်။ Install လုပ်ပြီးသွားပြီဆိုရင်တော့ Gilisoft USB Stick Encryption ကို
Double Click နှိပ်လိုက်ပါ။ ခဏလေးဗျ Double Click မနှိပ်ခင် ကျွန်တော်သေသေချာချာ
လေးမှာချင်ပါတယ်ဗျာ။ဘာလည်းဆိုတော့ မိမိ Install လုပ်မယ့် USB ထဲမှာ Data တွေ
တစ်ခုမှ ထားလို့မရပါဘူး။ Data တွေကိုတော့ Computer ထဲကို အရင်ကူးထည့်ထားပေးပါ
ကူးထည့်မထားဘူးဆိုရင်တော့ Data တွေကိုတစ်ခုမှပြန်ရမှာမဟုတ်ပါဘူး။အကုန်လုံး
Format ချလိုက်တဲ့အထဲပါကုန်မှာမို့လို့ပါဗျာ။
အခုမြင်နေရတာကတော့ Install လုပ်ပြီးသွားတဲ့အဆင့်ဘဲဖြစ်ပါတယ်။
1                    ကျွန်တော်နမူနာလုပ်ပြတဲ့ USB က 4GB ဖြစ်တဲ့အတွက်သူ့ရဲ့ Size က 3982MB
ဆိုပြီးပြနေတာဖြစ်ပါတယ်။
2                    ဒါကတော့ မိမိဖွက်ထားမယ့်အပိုင်းဘဲဖြစ်ပါတယ်။ကျွန်တော်ကတော့ နမူနာအနေနဲ့
1024MB ကို Partition ပိုင်းပြီး ဖွက်ထားမယ်လို့ လုပ်ပြထားတာဖြစ်ပါတယ်။
3                    မြှားလေးနှစ်ခုကြားက အတုံးလေးကို အတိုးအလျှော့လုပ်ပြီး Partition ပိုင်းနှိုင်မှာဖြစ်
ပါတယ်။
          4        အဆင့် 1 မှ3 အထိ ပြီးသွားပြီဆိုရင်တော့ Install ကိုနှိပ်လိုက်ပါ။
ဒီအဆင့်ကတော့ မြင်ရတဲ့အတိုင်းပါဘဲ User Name နဲ့ Password ဖြည့်ရမှာဖြစ်ပါတယ်။
Password ကတော့ အနည်းဆုံး 6လုံးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ Password ကိုတော့ မမေ့
ဖို့အရေးကြီးပါတယ်။
အပေါ်မှာလည်းကျွန်တော်တစ်ကြိမ်သတိပေးပြီးသွားပါပြီ ။ ဒီအဆင့်ကတော့ မိမိရဲ့ USB ထဲမှာ
Data တွေရှိနေပါက တစ်နေရာရာမှာ Backup လုပ်ထားပေးပါဆိုတဲ့ Message ဘဲဖြစ်ပါတယ်။
ပြီးသွားရင်တော့ Yes ကိုနှိပ်ပေးပါ။
အခုမြင်နေရတဲ့အဆင့်ကတော့ USB တစ်ခုလုံးကို Format ချပြီး Partition ပိုင်းနေတဲ့အဆင့်ဘဲ
ဖြစ်ပါတယ်။
အခုမြင်နေရတာကတော့ မိမိရဲ့ USB ထဲမှာ agent.exe ဆိုတဲ့ File လေးရောက်လာပါပြီ။
1                    agent.exe ကို Double Click နှိပ်ပေးပါ။
2                    Register လုပ်ခိုင်းတာပါ။ Register ကိုနှိပ်ပေးပါ။
3                    ကျွန်တော်ပေးထားတဲ့ Serial လေးကို ကူးထည့်ပေးလိုက်ပါ။
4                    ပြီးသွားပြီဆိုရင် Register ကိုနှိပ်လိုက်ပါ။
အခုမြင်နေရတာကတော့ ခုနတုန်းကကျွန်တောတို့ရိုက်ခဲ့တဲ့ Password ကိုရိုက်ထည့်
ပေးရမှာဖြစ်ပါတယ်။ Serial Key ထည့်ပြီးတဲ့အတွက် Full Version ဖြစ်သွားပါပြီ။
 Register လုပ်စရာမလိုတော့ပါဘူး။ Open ကိုနှိပ်ပေးပါ။
Open နှိပ်ပြီးသွားရင်တော့ Secure Area (Z:\) ဆိုတဲ့ နောက်ထပ် Partition တစ်ပိုင်းထပ်ပေါ်လာ
ပါပြီ။ အဲဒီ Partition (Z:\) ထဲမှာ မိမိ လျှို့ဝှက်စွာ သိမ်းထားချင်တဲ့ Data များကိုသိမ်းဆည်းနိုင်
ပါတယ်။ agent.exe ရှိတဲ့ အပိုင်းကတော့ ပုံမှန် Data တွေ လျှို့ဝှက်ချက်မရှိတဲ့ Data တွေကို
သိမ်းဆည်းထားနိုင်ပါတယ်။
 ဒါလေးကတော့ ကွန်ပြူတာရဲ့ ညာဖက်အောက်ကထောင့်နားမှာပေါ်နေတဲ့ agent ဆိုတဲ့ Icon လေးကို 
Right Click နှိပ်လိုက်ပါ။မိမိ ဖွက်ထားချင်တဲ့ (Z:\) အပိုင်းလေးကို ပြန်ပြီးပိတ်ချင်တယ်ဆိုရင်
Close Secure Area (Z:\) ကို နှိပ်ပေးပါ။ Exit ကတော့ USB တစ်ခုလုံးကို ပိတ်လိုက်တာဘဲဖြစ်ပါ
တယ်။သေချာနားလည်အောင်ပြောရရင်တော့ USB မှာရှိတဲ့ Partition နှစ်ပိုင်းလုံးကို ကွန်ပြူတာက
နေ ပိတ်လိုက်တာဘဲဖြစ်ပါတယ်။ Save Remove USB ပုံစံမျိုးပါဘဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့
USB ကို နှစ်ပိုင်းပိုင်းပြီး တစ်ပိုင်းမှာ Data တွေဖွက်ထားတဲ့ လုပ်ဆောင်ချက်ပြီးဆုံးသွားပါပြီ။
ကျွန်တော် ပြောတာကို နားမလည်ရင် မရှင်းရင် ပြန်လည်မေးမြန်းနိုင်ပါတယ်။ ဒီ Software လေးက
တစ်ကြိမ်တည်း Install လုပ်ရုံနဲ့ ဘယ်ကွန်ပြူတာမှာမဆို အသုံးပြုနိုင်ပါတယ်။ USB တော်တော်များ
များနဲ့လည်းကျွန်တော်စမ်းသပ်ကြည့်ဖူးပါတယ်။ အားလုံးနဲ့အဆင်ပြေပါတယ်။ Window XP , Vista နဲ့ Window 7 သုံးမျိုးစလုံးမှာအလုပ်လုပ်ပါတယ်။
1                    ဒါကတော့ Password ပြန်ပြောင်းချင်ရင် Password ကိုနှိပ်ပြီးပြောင်းပေးပါ။
2                    ဒီ Software ကို မသုံးချင်တော့ဘူး USB ကို Partition မပိုင်းချင်တော့ဘူး
ဆိုရင် Uninstall ကိုနှိပ်ပေးပါ။ Uninstall မလုပ်ခင် Data တွေကို Backup လုပ်
ထားဖို့ သတိပေးပါရစေ။
အခုလောက်ဆိုရင်တော့ သူငယ်ချင်းများအားလုံးနားလည်းသဘောပေါက်လိမ့်မယ်
လို့ထင်ပါတယ်ဗျာ။ ကိုယ်တိုင်စမ်းသပ်ကြည့်လိုက်ရင်တော့ ပိုပြီးနားလည်းလွယ်ပါလိမ့်
                မယ်။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
ဝင်းကမ္ဘာကျော်
Posted by ဆူးအေမီ on 11:39 PM in | No comments
မင်္ဂလာပါ..
ဒီနေ့ကတော့ SEO ရဲ့ (အတိအကျ ပြောရရင်တော့ on page seo ရဲ့) အရေးကြီးဆုံး အသက်ဖြစ်တဲ့၊ title tag အကြောင်းကို ပြောမှာဖြစ်ပါတယ်။ ဒီတော့ နမူနာ website တစ်ခုနဲ့သင်ပေးပါမယ်။
နမူနာ website ကိုတော့ Singapore SEO website နဲ့ ထားလိုက်ပါမယ်။ အဲဒီတော့ အရင်ဆုံး keyword research လုပ်ပါမယ်။ site ရဲ့ အဓိက ရည်ရွယ်ချက်က Singapore မှာ SEO ဝန်ဆောင်မှုတွေကို ပေးဖို့ပါ၊ အဲဒီတော့ ကျွန်တော်တို့ ရွေးသင့်တဲ့ အဓိက keywords တွေက SEO, Singapore SEO, Singapore SEO Services တွေဖြစ်ပါတယ်။ (တစ်ကယ်တော့ site တစ်ခုအတွက် ဒီထက်ပိုများသင့်ပါတယ်၊ ဥပမာပြတာမို့လို့ နည်းနည်းပဲ ရွေးပြထားပါတယ်)။ Target ကတော့ အဲဒီ keywords တွေနဲ့ www.google.com.sg မှာ တက်အောင်လုပ်ရပါမယ်။
ဒီတော့ကာ ရော့အင့်ဆိုပြီး သင်ခန်းစာ မပေးခင်၊ title tag ရဲ့ အကျိုးကျေးဇူးလေးတွေကို ပြောပြချင်ပါတယ်။ မပြောခင် နည်းနည်းမေးချင်ပါတယ်။ သင်ခန်းစာတွေကို ဒီအထိအောင် ဖတ်လာပြီးပြီဆိုတော့ google.com မှာ တစ်စုံတစ်ရာကို ရှာဖူးကြပါသလား? ရှာဖူးတယ်ဆိုရင်ကော ဘာတွေက ဘယ်လိုရှိလဲဆိုတာ သတိထားမိကြပါသလား? ထားမိမိ မမိမိ ကျွန်တော်ပြောပြတော့မယ်။
၁။ title tag က search လုပ်တဲ့အခါမှာ ထိပ်ဆုံးက ပေါ်ပါတယ်။
သေချာရှင်းပြပါ့မယ်။ အရင်ဆုံး Myanmar Web Designer ဆိုက်ကိုသွားကြည့်ရပါမယ်။ အဲဒီ website ရဲ့ title မှာ ထည့်ထားတာက Myanmar Web Designer - SEO services, website design creator အဲဒါကို သိပြီးပြီဆိုရင်တော့ google.com မှာ ရှာကြည့်ပါမယ်။ google မှာ Myanmar SEO ဆိုတဲ့ စကားလုံးနဲ့ ရှာကြည့်ပါ။ တက်လာတဲ့ စာမျက်နှာကို ကြည့်ပါ။ အပေါ်ဆုံးမှာ ရှိတာက ကျွန်တော်တို့ title မှာ ထည့်ထားတဲ့ စကားလုံးတွေထဲက တူညီတဲ့ စကားလုံးတွေကို bold လုပ်ပြထားပါတယ်။
နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ နမူနာ ထားထားတဲ့ Singapore SEO website ကို သွားကြည့်ပါ။ Title tag စာသားက SEO - Singapore SEO consultant services, affordable price ဖြစ်ပါတယ်။ ပြီးရင်တော့ google.com.sg မှာ SEO price ဆိုတဲ့ keyword နဲ့ ရှာကြည့်ပါ။ နံပါတ်နှစ် နေရာလောက်မှာ တက်မယ်ထင်ပါတယ်။ သူလည်းပဲ title tag မှာ ပါတဲ့ တူတဲ့ စကားလုံးတွေကို bold လုပ်ပြီး ပြထားပါတယ်။
အဲဒီလို ကျွန်တော်တို့ ရှာတာနဲ့ ကိုက်တဲ့ result တွေ တက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကလည်း ကျွန်တော်တို့ ရှာတာနဲ့ တူတဲ့ ခေါင်းစဉ်ကိုပဲ click နှိပ်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ title tag မှာ ကိုယ်တစ်ကယ်တက်ချင်တဲ့ keyword တွေပဲ ထည့်ပါ။ ဒါမှ တစ်အချက် အကျိုးရလဒ်က ကိုယ့်ရဲ့ website ကို click နှိပ်တဲ့လူ များစေမှာ ဖြစ်ပါတယ်။
title tag မှာ space အပါအဝင် စာလုံး အလုံး ၆၀ လောက်ပဲ ထည့်ပါ။ စာလုံး width ကျဉ်းတဲ့ စကားလုံးမျိုး (ဥပမာ။   ။ l, i, t, j) ဆိုရင်တော့ များများထည့်လို့ရပေမယ့် ပျမ်းမျှ အလုံး ၆၀ ပဲထည့်ပါ။
၂။ search engine တွေက title tag ကို ဖတ်ပြီးတော့ ranking ပေးတာဖြစ်လို့ title tag က ကောင်းနေ၊ မှန်နေရင် ranking ကောင်းမယ်။
၃။ user တွေက title မှာရေးထားတဲ့ အကြောင်းအရာတွေကို သေချာသိပြီးမှ click လုပ်နိုင်တဲ့အတွက်၊
တစ်ကယ့် အလားအလာရှိတဲ့ user မျိုးကိုပဲ ကိုယ့်ဆီ ရောက်လာစေတယ်။ (ဥပမာ။  ။အလုပ်အပ်မယ့်သူ၊ ကိုယ်နဲ့ နယ်ပယ်တူ ပူးပေါင်းလုပ်ချင်တဲ့သူ၊ စသည်..)
ကဲ ... ဒီလောက်ဆိုရင်တော့ title tag အကြောင်းကို ရှင်းလောက်ပြီ ထင်ပါတယ်။
Facebook တွင် မျှဝေရန် | Twitter တွင် မျှဝေရန်
website SEO နဲ့ ပတ်သတ်ပြီး အကူအညီ၊ ဆွေးနွေးမှု၊ စသည်တို့ကို လိုအပ်တယ်ဆိုရင်ဖြင့် myanmarwd@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။
Posted by ဆူးအေမီ on 11:37 PM in | 1 comment
တရုတ်စကားပြော သင်တန်းတက်နေတဲ့ သူငယ်ချင်းတွေအတွက်အသုံးတည့်မယ် စာအုပ်လေးပါ
ခောတ်ပြောင်းလဲလာတဲ့အမျှ တရုတ်စကားကလည်း ကမ္ဘာမှာ အသုံးပြုတဲ့နှုန်းကျယ်ပြန့်လာပါတယ်
ဒါကြောင့် တရုတ်စကားလေ့လာတဲ့ စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်
နောက်တစ်ခုက တရုတ်ကနေ မြန်မာစကားကိုလေ့လာတဲ့ တရုတ်လူမျိုးအတွက်လည်း အဆင်ပြေပါတယ် 
Download>>>sharebeast (or)mediafire
Ref>>>khtnetpc.webs.com
 အမျိုးကောင်း သား
Posted by ဆူးအေမီ on 11:31 PM in | No comments
Android Phone သုံးသူတိုင်း သူ့ဖုန်းလေးကိုမြန်မြန်ဆန်ဆန်နဲ့ ချောချောမွေ့မွေ့လေး (ပြောရရင်တော့ သွက်သွက်ကလေးပေါ့) ဖြစ်နေစေချင်ကြပါတယ်။ ဒါပေမဲ့ခက်တာက ဖုန်းကသုံးနေရင်းသုံးနေရင်း လေးလေးလာတယ်။ Dial Pad ကိုနှိပ်လို့တောင် တော်တော်နဲ့ပေါ်မလာချင်ဘူး။ Android 2.3.6 ရဲ့အောက် OS တွေမှာ သိပ်မသိသာပေမဲ့ ခုနောက်ထွက်လာတဲ့ Android 4.0 နောက်ပိုင်းမှာ ဖုန်းကသုံးရင်းသုံးရင်း လေးလေးလာပါတယ်။ Game များများဆော့တဲ့သူတွေဆိုပိုဆိုးတာပေါ့။ အကြောင်းကတော့ App တွေများများသွင်းကြတယ်၊ Game တွေထည့်တာများလာတယ်၊ Internet သုံးလာကြတယ်၊ တပြိုင်ထဲ App တွေလိုတာထက် ပိုဖွင့်မိနေတာကို သတိမထားမိကြတာများတယ်၊ ဖုန်း OS နဲ့ App တွေက Temp File တွေကိုရှင်းကြပေမဲ့ RAM ကိုအကောင်းဆုံး Management မလုပ်မိကြဘူး။ ဒါကြောင့် (RAM ကြောင့်) စက်လေးပြီးနှေးနှေး လာပါတယ်။ RAM က Ph မှာထပ်တိုးလို့မှမရပဲ။ ဒီတော့ ဖုန်းရဲ့ RAM ကိုအကောင်းဆုံး အသုံးချနိုင်ရင် အဲဒီဖုန်းလေးသွက်ပြီး သုံးရတာစိတ်ချမ်းသာလာမှာပါ။ ခုပြောမှာကလဲ RAM ကိုအကောင်းဆုံး အသုံးချနိုင်အောင် လုပ်ပေးတဲ့ Software လေးပါပဲ။ SuperCharger လို့ခေါ်ပါတယ်။ SuperCharger = Speed + Multitasking!.... No more lag! No more launcher redraws! Smooth & Snappy!....It's the ONLY Complete Memory Management Fix!...There is NOTHING ELSE LIKE IT! တဲ့ဗျာ..
အင်း----ဒါလေးတော့ပြောချင်တယ်ဗျာ---
**  ဖုန်းက ROOT လုပ်ပြီးဖြစ်ရပါမယ်။ Official StockRom ဆိုပိုကောင်းပါတယ်။
** Android Version ပေါ်မူတည်ပြီး အခြေအနေမတူနိုင်ပါ။ 
** လုပ်နေကြပုံစံမဟုတ်တဲ့အတွက် အခက်အခဲ(အနည်း/အများ)ရှိနိုင်ပါတယ်။
** Backup လုပ်ထားဖို့မမေ့ပါနဲ့၊ စက်ရဲ့အတွင်းပိုင်းကို ၀င်မွှေမှာဖြစ်တဲ့အတွက် သတိထားပါ။
** မိမိဆန္ဒအလျောက်သာလုပ်ပါ၊ အမှားတစ်ခုခုဖြစ်နိုင်ပါတယ်။
** Phone ကို Root ထားပြီးမှ Apps တွေသွင်းဖို့ 50MB လောက် Free Space ရှိရပါမယ်။
** BusyBox သွင်းပြီးဖြစ်ခဲ့ရင် အဲဒီအဆင့်ကိုကျော်သွားပါ(အချို့က Root ပြီးသားဆိုရင် BusyBox ရှိနေတတ်လို့ပါ)။ မရမှ အဟောင်းကိုပြန်ဖြုတ်ပြီး BusyBox အသစ်နဲ့ပြန်လုပ်ကြည့်ပါ။
Installation အဆင့်ဆင့်ကတော့----------
အဆင့်(၁) Link ကနေ ဒေါင်းလို့ရလာတဲ့ SpeedUp ကို Unzip လုပ်၊
အဆင့်(၂) ဖိုင်(၅)ခုပါပါတယ်။ gscript Folder နဲ့ V6_SuperCharger-AOR Folder (၂)ခုကို အဲဒီအတိုင်းပဲ Phone SD ကဒ်ထဲတိုက်ရိုက်ထည့်(တိုက်ရိုက်နော်)။ နောက် Apk (၃)ခုဖြစ်တဲ့ stericson.busybox.126, os.tools.scriptmanager.80 နဲ့ gscript lite ကိုဖုန်းမှာ ပုံမှန် App သွင်းသလို Install လုပ်ပါ။ SuperUser Request တောင်းရင်ပေးလိုက်ပါ။
အဆင့်(၃) အပေါ်ကအဆင့်တွေအဆင်ပြေပြီဆိုရင်----
(၃-က) Phone App List မှာ BusyBox ကိုဖွင့်၊ SuperUser Request မေးရင်ပေး၊ ဟိုလှည့်ဒီလှည့် လုပ်နေရင်စောင့်၊ Welcome ဘာညာ Box ပေါ်လာရင်ပိတ်၊ BusyBox 1.20.2 ကို /system/xbin မှာ Install လုပ်ပါ။( Ver တိုး/လျှော့လုပ်နိုင်ပါသည်)။
(၃-ခ) BusyBox သွင်းတာအဆင်ပြေပြီဆိုရင် Phone App List ထဲက GScript Lite ကိုဖွင့်ပါ။ Menu နှိပ်ပါ။ Add Script ရွေးပါ။ Needs SU အမှန်ခြစ်နေရပါမယ်၊ Load File နှိပ်ပါ၊ !Autostarts ----- ကိုရွေးပြီး Save နှိပ်ပါ။ ဒါဆို Script List မှာ !Autostarts ----လေးတိုးလာပါပြီ။ သူ့ကိုနှိပ်ပြီး Run လိုက်ပါ။ Finish ပြပြီဆိုရင် App ကပြန်ထွက်ပြီး Phone ကို Restart ချလိုက်ပါ။
(၃-ဂ) အဲဒီအဆင့်ထိ Ok ပြီဆိုရင် Phone App List ထဲကနောက်ဆုံးကျန်တဲ့ SManager ကိုဖွင့်ပါ။ ထုံးစံအတိုင်း SuperUser ဆိုရင်တော့ Grant(or)Allow ပေါ့။ ပြီးရင် SD Card ထဲမှာ ကိုထည့်ထားတဲ့ V6_SuperCharger-AOR Folder ကိုရှာ၊ သူ့ထဲကိုဝင်၊ Open Recovery ကိုဆက်ဝင်၊ Scripts ကိုဆက်ဝင်၊ ကဲအဲဒီမှာ တွေ့တဲ့ V6_SuperCharger ကို Select လိုက်၊ အပေါ်မှာအရိုးခေါင်းပုံ SU လေးကိုနှိပ်ပြီး Run နှိပ်ပေးလိုက်ပါ။ စာတန်းတွေအများကြီးတက်လာတာစောင့်....After Reboot ဘာညာပေါ်လာရင် App ကိုအဆင့်ဆင့်ထွက်ပြီး Phone ကို Restart ချလိုက်ပါ။ ၀ူး...........
အဆင့်အားလုံးအောင်အောင်မြင်မြင်ဆိုရင်တော့ အသွက်ဆုံးဖုန်းတစ်လုံးကို ပိုင်ဆိုင်ပါပြီဗျာ။---
ကဲအဲဒီလိုလုပ်ပြီးအောင်မြင်သွားတဲ့သူတွေ ဘာပြောကြသလဲကြည့်ရအောင်----
Memorable User Comments:
    "Feels like I have a new phone!"
    "V6 is one the best things to come to android."
    "Supercharger rocks bro, I'm actually mad I waited so long to do it..."
    "I wish I hadn't upgraded yet"
    "Now I can wait to upgrade",
    "I was about to throw this phone through the wall",
    "I was about to return it but now I don't have to",
    "This cured my phone of cancer!"
    "Oh man... just applied the V6 Supercharger Script by ZeppelinRox on my Android.. I think it fixed everything..",
    "My phone is better than new!",
    "my phones has turned god mode on or somthing",
    "I never notice this at all, until I flash a new rom and realize its not there anymore lol."
( မူရင်း Link မှာကြည့်ချင်ရင် http://forum.xda-developers.com/showthread.php?t=991276 )
အောက်က Link မှာဒေါင်းကြပါ။ လိုတာအားလုံးစုစည်းပြီး Zip လုပ်ထားပါတယ်။ 2.1 MB ရှိပါတယ်။
ဒီမှာ SolidFiles
ဒီမှာ TusFiles
                                                            ဒီကမလာတာပါ
ညီသွေး
Posted by ဆူးအေမီ on 9:19 PM in | No comments
Photo: မြို့လယ်ခေါင်က ဒေါ်လာပွဲစားလူလိမ်များအား တိုင်းဒေသကြီးအစိုးရမှ ထိရောက်စွာအရေးယူရန်လို
February 25, 2013Home,
ရန်ကုန်မြို့ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးရှိ နိုင်ငံခြားငွေ ပွဲစားများအနေဖြင့် အုပ်စုဖွဲ့ကာ ငွေကြေးလိမ်လည်မှုများပြုလုပ်လျက် ရှိနေပြီး ယင်းတို့ကြောင့် မြန်မာ များအပြင်နိုင်ငံခြားခရီးသွားဧည့် သည်များပါထိခိုက်နစ်နာနေရသဖြင့် ယင်းတို့အား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ အစီအစဉ်တစ် ရပ်ချမှတ်ကာ ထိရောက်ပြင်းထန် စွာအရေးယူသွားရန်လိုကြောင်း မကြာခဏမြင်တွေ့နေရသူတစ်ဦး ကဆိုသည်။
“သူတို့ကအုပ်စုနဲ့ ဖွဲ့လိမ်တာ လိမ်တာကလည်းမြို့လည်ခေါင် ကြီးမှာ အများစုကဘာသာခြားတွေ သူတို့လိမ်တာကအရေးမကြီးဘူး။ ပြဿနာတွေက အကြီးကြီးဖြစ် သွားနိုင်တယ်။ လိမ်ရင်သူတို့က ဒေါ်လာဈေးကဥပမာ ၈၅၀ ပေါက်တယ်ဆို သူတို့က ဈေးပို ပေးတယ်။ အဲဒါကိုမက်ပြီး အရောင်းအ၀ယ်လုပ်တဲ့သူကတော့ လိမ်ခံရပြီသာမှတ် ကျွန်တော်တစ် ခါဒေါ်လာရောင်းတာကျွန်တော် ကိုပေါက်ဈေးထက်ပိုပေးတယ်။ ငွေရှင်းခါနီးကျတော့ ရဲလာတယ် ဆိုပြီး။ သူတို့ထဲက တစ်ယောက် ကိုလက်ညှိုးထိုးပြတယ်။ အဲဒီမှာ ရဲဆိုတာအကြောင်းပြပြီး ပေးတဲ့ ငွေကိုလက်နဲ့ လျှိုထားလိုက်တယ်။ ပြီးတော့ ငွေရေကြည့်တော့ နှစ် သောင်းခွဲလောက်လျော့နေတယ်။ သူတို့ကမြန်မာတွေတင် လိမ်နေ တာမဟုတ်ဘူး။ နိုင်ငံခြားသား တွေလည်း လိမ်တယ်။ နောင်ဆို သူတို့ကိုလိမ်နေတဲ့သူတွေကြောင့် တိုင်းပြည်လည်းသိက္ခာကျမယ်။ ရန်ကုန်မြို့ကြီးကိုလည်း လူလိမ် များတဲ့ မြို့ကိုထင်သွားနိုင်တယ်။ ဒါကို တိုင်းဒေသကြီးအစိုးရနဲ့ အစီအစဉ်တစ်ရပ်အနေနဲ့ ပြင်းပြင်း ထန်ထန်အရေးယူသင့်တယ်”ဟု လူလိမ်ပွဲစားများ၏လိမ်လည်မှုကို ခံရသူတစ်ဦးဖြစ်သူဦးကျော်အေး (ဘုရင့်နောင်ကုန်စည်ဒိုင်)က ဖေဖော်ဝါရီ ၂၄ ရက်က Hot News သို့ပြောကြားသွားသည်။
မကြာသေးမီကလည်း ရန်ကုန် မြို့တော်ခန်းမရှေ့၌ မနက်အချိန် စောစော၌ လူလိမ်ခွဲစားများ မမှန် မကန်လဲလှယ်မှုပြုသဖြင့် နိုင်ငံခြား ခရီးသွားဧည်သည်တစ်ဦးမှ အကြီး အကျယ်ဒေါသထွက်ကာ မိမိ၏ ပိုက်ဆံအား ပြန်ပေးရန် ပြောဆို နေပြီး။ ယင်းလူလိမ်များမှ ယခု အခါတွင် အတင့်ရဲကာ ထင်ပေါ် စွာဖြင့် နိုင်ငံခြားဧည့်သည်များအား လိမ်နေကာသက်ဆိုင်ရာ၏ ထိရောက်သောအရေးယူမှုမရှိပါက ရေရှည်တွင်အခြေအနေပိုဆိုးလာ နိုင်ကြောင်း မကြာခဏမြင်တွေ့ နေရသူများကဆိုသည်။
ခန့်ခန့် (ဒဿနိက)
ရန်ကုန်မြို့ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးရှိ နိုင်ငံခြားငွေ ပွဲစားများအနေဖြင့် အုပ်စုဖွဲ့ကာ ငွေကြေးလိမ်လည်မှုများပြုလုပ်လျက် ရှိနေပြီး ယင်းတို့ကြောင့် မြန်မာ များအပြင်နိုင်ငံခြားခရီးသွားဧည့် သည်များပါထိခိုက်နစ်နာနေရသဖြင့် ယင်းတို့အား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ အစီအစဉ်တစ် ရပ်ချမှတ်ကာ ထိရောက်ပြင်းထန် စွာအရေးယူသွားရန်လိုကြောင်း မကြာခဏမြင်တွေ့နေရသူတစ်ဦး ကဆိုသည်။
“သူတို့ကအုပ်စုနဲ့ ဖွဲ့လိမ်တာ လိမ်တာကလည်းမြို့လည်ခေါင် ကြီးမှာ အများစုကဘာသာခြားတွေ သူတို့လိမ်တာကအရေးမကြီးဘူး။ ပြဿနာတွေက အကြီးကြီးဖြစ် သွားနိုင်တယ်။ လိမ်ရင်သူတို့က ဒေါ်လာဈေးကဥပမာ ၈၅၀ ပေါက်တယ်ဆို သူတို့က ဈေးပို ပေးတယ်။ အဲဒါကိုမက်ပြီး အရောင်းအ၀ယ်လုပ်တဲ့သူကတော့ လိမ်ခံရပြီသာမှတ် ကျွန်တော်တစ် ခါဒေါ်လာရောင်းတာကျွန်တော် ကိုပေါက်ဈေးထက်ပိုပေးတယ်။ ငွေရှင်းခါနီးကျတော့ ရဲလာတယ် ဆိုပြီး။ သူတို့ထဲက တစ်ယောက် ကိုလက်ညှိုးထိုးပြတယ်။ အဲဒီမှာ ရဲဆိုတာအကြောင်းပြပြီး ပေးတဲ့ ငွေကိုလက်နဲ့ လျှိုထားလိုက်တယ်။ ပြီးတော့ ငွေရေကြည့်တော့ နှစ် သောင်းခွဲလောက်လျော့နေတယ်။ သူတို့ကမြန်မာတွေတင် လိမ်နေ တာမဟုတ်ဘူး။ နိုင်ငံခြားသား တွေလည်း လိမ်တယ်။ နောင်ဆို သူတို့ကိုလိမ်နေတဲ့သူတွေကြောင့် တိုင်းပြည်လည်းသိက္ခာကျမယ်။ ရန်ကုန်မြို့ကြီးကိုလည်း လူလိမ် များတဲ့ မြို့ကိုထင်သွားနိုင်တယ်။ ဒါကို တိုင်းဒေသကြီးအစိုးရနဲ့ အစီအစဉ်တစ်ရပ်အနေနဲ့ ပြင်းပြင်း ထန်ထန်အရေးယူသင့်တယ်”ဟု လူလိမ်ပွဲစားများ၏လိမ်လည်မှုကို ခံရသူတစ်ဦးဖြစ်သူဦးကျော်အေး (ဘုရင့်နောင်ကုန်စည်ဒိုင်)က ဖေဖော်ဝါရီ ၂၄ ရက်က Hot News သို့ပြောကြားသွားသည်။
မကြာသေးမီကလည်း ရန်ကုန် မြို့တော်ခန်းမရှေ့၌ မနက်အချိန် စောစော၌ လူလိမ်ခွဲစားများ မမှန် မကန်လဲလှယ်မှုပြုသဖြင့် နိုင်ငံခြား ခရီးသွားဧည်သည်တစ်ဦးမှ အကြီး အကျယ်ဒေါသထွက်ကာ မိမိ၏ ပိုက်ဆံအား ပြန်ပေးရန် ပြောဆို နေပြီး။ ယင်းလူလိမ်များမှ ယခု အခါတွင် အတင့်ရဲကာ ထင်ပေါ် စွာဖြင့် နိုင်ငံခြားဧည့်သည်များအား လိမ်နေကာသက်ဆိုင်ရာ၏ ထိရောက်သောအရေးယူမှုမရှိပါက ရေရှည်တွင်အခြေအနေပိုဆိုးလာ နိုင်ကြောင်း မကြာခဏမြင်တွေ့ နေရသူများကဆိုသည်။
ခန့်ခန့် (ဒဿနိက)
Posted by ဆူးအေမီ on 9:13 PM in | No comments
မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။ မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့အနေအထားတစ်ခု ဖြစ်ပါတယ်။သို့ပေမ့ယ်ဒါကို ဖြေရှင်းပေးမယ့်နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။ အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။
http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Aung Kham (TSJ team) မှ သိသမျှ ။
Posted by ဆူးအေမီ on 9:03 PM in | No comments
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ်မနှံသူတစ်ဦး၏သတ်ဖြတ်မှုကြောင့် သူ့ မိဘအပါင်အ၀င် လူ(၆)ယောက် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားပုံမှာ တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏
ရိုးရာနတ်ကနားပွဲကျင်းပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ နတ်ကနားပွဲအတွင်းသို့  ၀င်ရောက်လာပြီး နတ်ကနားပွဲမှ နီးစပ်ရာလူများအား သူ့ နှင့်အတူ ပါလာသော
ဓါးရှည်ဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။ထိုခုတ်သတ်မှုကြောင့် သူ့ မိခင်(တရားခံမောင်မြထွန်း၏မိခင်)
အပါအ၀င် လူ(၅)ယောက်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ထိုဒဏ်ရာသူများအား မင်းပြားမြို့ ၊ ပြည်သူ့ ဆေးရုံကြီးသို့ နံနက်(၁၀)နာရီခန့် လောက်တွင်
ရွာလူကြီးများနှင့်အတူ ရွာသားများက ဆေးရုံသို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။သို့ သော်လည်း
ဒဏ်ရာအပြင်းထန်ရရှိသူ(၃)ဦးအားယခုအခါစစ်တွေဆေးရုံသို့ အချိန်မီပို့ ဆောင်နိုင်ရန် ပြင်ဆင်လျှက်
ရှိကြောင်း ဆေးရုံတာဝန်ရှိသူများ၏ပြောကြားချက်အရသိရပါသည်။
အခင်းဖြစ်ပွားမှုကြောင့် သေဆုံး၊ဒဏ်ရာရရှိစာရင်း
----------------------------------------------------
သေဆုံးသူ - ဦးဖိုးမြင့် (အသက်-၅၁)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
ဒဏ်ရာရသူများ - (၁)ဦးကျော်သန်း(အသက်-၅၂)နှစ်-(ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
                      (၂)ဒေါ်မချော-တရားခံ၏မိခင်(အသက်-၆၀)နှစ်-( ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
                      (၃)ဒေါ်မသန်းမြ(အသက်-၅၂)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
                      (၄)ဒေါ်မကြာ(အသက်-၅၅)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
                      (၅)စောယဉ်စိန်-နတ်ကတော် ( အသက်-ရ၈)နှစ်-(ရခိုင်တိုင်းရင်းသား -မင်းပြား)
ယခုအခါ စိတ်မနှံသူတရားခံ မောင်မြထွန်းအား မင်းပြား ၊ပြည်သူ့ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းချုပ်ထားကြောင်း
သိရသည်။
                      မာရုသူရ
                   (လေးမြို့ သတင်းမီဒီယာ)
Posted by ဆူးအေမီ on 8:57 PM in | No comments
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
အားလုံးမင်္ဂလာပါ။ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
          ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ကျင်းပတဲ့နေ့မှာ နာယကကြီးက လွှတ်တော်ဆောင်ပုဒ်ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခဲ့သလို ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေထဲက သတိပြုဆင်ခြင် စဉ်းစားသုံးသပ်ရမည့် ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
ယခုအခါ ပြည်ထောင်စုအစိုးရက တင်ပြလာတဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဥပဒေကြမ်းများအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များဟာ အပြုသဘောဆောင်ပြီး ကျယ်ကျယ် ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ရှိပါတယ်။ ပြည်သူ့အသံများ၊ ပြည်သူ့ဆန္ဒများ၊ ပြည်သူ့ လိုအပ်ချက်များကို ထင်ဟပ်ပြီး ပြည်သူ့အကျိုး၊ ပြည်ထောင်စုအကျိုးအတွက် ဖော်ဆောင်ရွက်နိုင်တဲ့ ဆွေးနွေးမှုများဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။
          ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူ့အကျိုး၊ ပြည်ထောင်စုအကျိုးအတွက် စေတနာကောင်းဖြင့်‌ ဆွေးနွေးညှိနှိုင်းမှုများကို ပြည်ထောင်စုလွှတ်တော်က အလေးထား စဉ်းစား ဆုံးဖြတ်ပေးသွားခြင်းဖြင့် ပြည်သူတို့၏မျှော်လင့်ချက်ကို ဖော်ဆောင် သွားရန် လိုအပ်မည်ဖြစ်ပါကြောင်းလည်း ဦးစွာကြိုတင် တင်ပြလိုပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ပြည်ထောင်စုအစိုးရက တင်ပြလာသော စီမံကိန်းနှင့် ဘတ်ဂျက် ဥပဒေကြမ်း များကို လေ့လာသုံးသပ်ပြီး ကောင်းမွန်သော ဥပဒေ၊ ပြည်သူများ၏ဆန္ဒနှင့် လိုအပ်ချက်ကို အမှန်တကယ်ဖြစ်စေသော ပြည်သူ့အကျိုးစီးပွားနှင့် ပြည်ထောင်စု အကျိုးစီးပွားကိုဖြစ်စေသော ဥပဒေများ ဖြစ်လာရန် ပြည်ထောင်စုလွှတ်တော်တွင် တာဝန်ရှိနေပြီဖြစ်ပါတယ်။
          ဒါ့ကြောင့် ဥပဒေကြမ်းမှာပါရှိနေတဲ့ အချက်အလက်နှင့် အကြောင်းအရာ များကို  မဆီလျော်တာများ ဆီလျော်အောင်၊ ရှေ့နောက်မညီတာများ ရှေ့နောက် ညီအောင်၊ မမျှတတာတွေ မျှတအောင်၊ အကျိုးမရှိတာတွေ အကျိုးရှိအောင် ပြန်လည်စိစစ်ဆောင်ရွက်ပေးဖို့ လိုအပ်ပြီ ဖြစ်ပါတယ်။
          ပြည်ထောင်စုအစိုးရကတင်ပြလာတဲ့ ယခုဘဏ္ဍာနှစ်အတွက် သုံးမည့် ငွေများဟာ ယခုလို ပြုပြင်ပြောင်းလဲနေပြီး နိုင်ငံကို ပြန်လည်ထူထောင်နေသည့် ကာလတွင် မဖြစ်မနေသုံးစွဲရမှာဖြစ်သည့်အတွက်  ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုသင့်ပါတယ်။ သို့ရာတွင် ယခုကာလမှာ မလိုအပ်သေးသော ကဏ္ဍတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းတွေမှာ သုံးမည့်အစား ယခု ယနေ့ကာလမှာ အမှန်တကယ်သုံးရန်လိုအပ်သည့် ကဏ္ဍတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းတွေမှာ ဦးစားပေးအသုံးပြုဖို့ လိုအပ်ပါတယ်။ သဘော ကတော့ အသုံးပြုရန်တင်ပြလာသော ဘတ်ဂျက်အသုံးကို ဖြတ်တောက်ခြင်း၊ လျော့ချခြင်း လုံးဝမပြုဘဲ ယနေ့ကာလအတွက် အမှန်တကယ်လိုအပ်သည့်နေရာ တွေမှာ အသုံးပြုရေးကို လွှတ်တော်က ဆုံးဖြတ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          အလုပ်လက်မဲ့ဖြစ်နေသော ပြည်သူများ အထူးသဖြင့် လူငယ်များအတွက် လည်းကောင်း၊ ဆင်းရဲပြီး ဒုက္ခများနှင့်ရင်ဆိုင်နေရသော အောက်ခြေနိုင်ငံ့ဝန်ထမ်းများ အတွက်လည်းကောင်း၊ ဆင်းရဲပြီးကြွေးအထပ်ထပ် တင်နေသော တောင်သူလယ်သမား များနှင့် မွေးမြူရေးသမားများအတွက်လည်းကောင်း၊ ဆင်းရဲပြီးနေကြရသော အောက်ခြေအလုပ်သမားများအတွက်လည်းကောင်း၊ ငြိမ်းချမ်းရေးရလိုသူများ ငြိမ်းချမ်းရေးဖော်ဆောင်ရန်  အတွက်လည်းကောင်း သက်ဆိုင်သည့်ကဏ္ဍအသီးသီး တွင် စီမံကိန်းအသွင် Campaign အသွင် စီမံချက်ရေးဆွဲဆောင်ရွက်ရန် လိုအပ်သလို ထိုစီမံကိန်းများကို ဥပဒေအဖြစ်ပြဋ္ဌာန်း၍ ငွေကြေးအသုံးပြုနိုင်ရေးဟာ ယနေ့ကာလအတွက် မလုပ်မဖြစ် လုပ်ရမည့် ကိစ္စများဖြစ်ပါတယ်။
          မသင်မနေရ မူလတန်းပညာရေးစနစ်ကျင့်သုံးရန်ဦးတည်နေသော ကျွန်တော်တို့ နိုင်ငံမှာ တွဲဖက်ကျောင်း၊ မူလွန်ကျောင်း၊ ကိုယ့်အားကိုယ်ကိုးကျောင်း၊ ကိုယ်ထူ ကိုယ်ထကျောင်းနှင့် ဘုန်းတော်ကြီးစာသင်ကျောင်းများတွင် ရပ်ရွာပြည်သူလူထု ငွေကြေးဖြင့်ခန့်ထားသော ဆရာ၊ ဆရာမများအား စိစစ်၍  ထောက်ပံ့မှုနှင့် ချီးမြှင့်ငွေကို လာမည့်ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ပေးနိုင်ရေး၊ ဆေးတက္ကသိုလ် ကျောင်းဆင်း၊ အလုပ်သင်ဆရာဝန်ဆင်းပြီး အလုပ်ထဲဝင်ဖို့ ဝန်ထမ်းရွေးချယ်ရေးမှ အကြောင်း မညီညွှတ်၍ အောင်မြင်မှုမရှိသောသူများကိုလည်း ဆေးကောင်စီလိုအဖွဲ့က (သို့မဟုတ်)သင့်တော်သည့်အဖွဲ့က စိစစ်ပြီး လိုအပ်တဲ့နေရာတွေမှာ ဆရာဝန် ခန့်ထားပြီး လိုအပ်ပါက နောင်မှပြန်ပြီး ဝန်ထမ်းလေ့ကျင့်ရေးကျောင်းတွင် သင်တန်းတက်ရေးကို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ အခြားသင့်တော်ရာနည်းလမ်းတစ်ခုခုဖြင့်လည်းကောင်း အလျင်အမြန်ဆောင်ရွက် ပေးပြီး ကျေးလက်နှင့် မြို့ပြကျန်းမာရေးစောင့်ရှောက်မှုများစွာ မကွာဟစေရန် တို့ကို ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          လွှတ်တော်များက ပြည်သူ့လိုအပ်ချက်များကို ဖော်ဆောင်ပေးတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ယနေ့ ခံယူဆောင်ရွက်နေကြတဲ့အတိုင်း ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် အယူဘာသာ အစွဲမထားဘဲ နိုင်ငံတော်အတွက်၊ နိုင်ငံသားအကျိုးအတွက် အဓိကထား ဆောင်ရွက်နေခြင်းသည် ကောင်းမွန်မှန်ကန်တဲ့ ခံယူချက်နှင့် လုပ်ဆောင်ချက်များ ဖြစ်ကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများက ဖော်ပြနေပါတယ်။
          ကျွန်တော်တို့တစ်တွေ ပြည်တွင်းငြိမ်းချမ်းရေး တကယ်လိုချင်တယ်ဆိုရင် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး၊ အမျိုးသားပြန်လည် သင့်‌မြတ်ရေးများ ရှိဖို့ အတွက် တည်ဆဲဥပဒေများကို အားလုံးက လေးစားလိုက်နာရေးနှင့် တည်ငြိမ် အေးချမ်းရေးရရှိအောင် ဆောင်ရွက်ကြဖို့ လိုပါတယ်။
          ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန်အတွက် ဥပဒေပြုရန် လိုအပ်၊ မလိုအပ် စဉ်းစားရန် လိုပါတယ်။ ဥပဒေအဖြစ်ပြဋ္ဌာန်းရန် မလိုအပ်သေးဟု ယူဆလျှင်လည်း ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်ရာမှာ ငွေကုန်ကြေးကျခံပြီး ဆောင်ရွက်ရမှာဖြစ်လို့ ပြည်သူ့ငွေများမှ ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်။
          ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီး၏ အကူအညီတွေ တကယ် ရမှာလား၊ ဘယ်လောက်ရမှာလဲ၊ ဘယ်တော့ရမှာလဲဆိုတာတွေ သေချာစွာ မသိရသေး လျှင်လည်း မိမိတို့၏ ပြည်သူ့ငွေများကို ဥစ္စာရင်လို ဥစ္စာရင်ခဲ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်၍ လွှတ်တော်က ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုပါတယ်။ ထို့အတူ ငြိမ်းချမ်းရေးရရှိနိုင်ရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး ငွေကြေးအကုန်အကျခံ ဆောင်ရွက်ရုံဖြင့် မရရှိနိုင်သေးပါဘူး၊ ပြည်ထောင်စုသား တိုင်းရင်းသားများအားလုံးက စိတ်စေတနာကောင်းများဖြင့် ပါဝင်ရန်လိုအပ်မှာဖြစ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ကြော်ငြာစာ၊ ညွှန်ကြားချက်များသည် လက်တွေ့လိုက်နာနိုင်သော ဥပဒေ အဆင့်ဆင့်ရှိဖို့ အမှန်တကယ်လိုအပ်သလို ကိုင်တွယ်ကျင့်သုံးသောဌာနနှင့် နိုင်ငံ့ဝန်ထမ်းများသည်လည်း ကိုယ့်ဂုဏ်ကိုယ့်သိက္ခာနှင့် နေနိုင်၊ စားသောက်နိုင်တဲ့ အခြေအနေနှင့် အနေအထားရှိမှ ဖြစ်ပါမယ်။ ထိုအနေအထားမျိုး ရောက်ရှိ စေရန်နှင့် ဝန်ထမ်းတွေကို မလုပ်တတ်လျှင် လုပ်တတ်အောင်၊ မလုပ်ချင်လျှင် လုပ်ချင်အောင်၊ မလုပ်နိုင်လျှင် လုပ်နိုင်အောင် လေ့ကျင့်မှုတွေ၊ စီစဉ်ပေးမှုတွေနှင့် ပံ့ပိုးမှုတွေ ပြုလုပ်ပေးရန်လိုပါတယ်။ ဒါမှသာ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပေါ် ပြည်သူလူထုက ယုံကြည်လေးစားပြီး ပြုပြင်ပြောင်းလဲရေး သွက်လက်မြန်ဆန် လာနိုင်ပါမယ်။ ထို့အတူ တရားဥပဒေစိုးမိုးရေး(Rule of Law)အတွက်လည်း အထောက်အကူဖြစ်လာနိုင်ပါမယ်။ ယနေ့ပြောနေကြတဲ့ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမယ်” ဆိုတဲ့စကားဟာလည်း ရုပ်လုံးပေါ် မှန်ကန်လာမှာ ဖြစ်ပါတယ်။
          မနှစ်က ဒီလို ဘတ်ဂျက်အစည်းအဝေးကာလမှာ ဆွေးနွေးခဲ့ကြတဲ့အတွက် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် (သုံးသောင်းကျပ်)ကို ပေးနိုင် ခဲ့ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်ကရခဲ့တဲ့ ထောက်ပံ့ငွေကို လစာငွေအဖြစ် လည်းကောင်း၊ ထပ်၍ သာမန်အသုံးငွေမှစိစစ်၍ စိစစ်ပြီးရရှိလာသောငွေကို ထောက်ပံ့ငွေအဖြစ်လည်းကောင်း ဆောင်ရွက်ပေးနိုင်ပါက ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စုအစိုးရနှင့် အစိုးရဝန်ထမ်းများ၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့်လိုအင်ဆန္ဒများအပေါ် အလေးထားပါကြောင်း၊ ကတိစကားများလည်း တည်ကြည်စေမှုပြုပေးနိုင်ပါကြောင်းကို ပြသဖော်ဆောင် နိုင်မည် ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဘဏ္ဍာနှစ်မှာ လစာတိုးပေးမည် ဆိုသောကတိစကားကို လွှတ်တော်ကိုယ်စားလှယ်များမှတ်သားပြီး ယခုလွှတ်တော် အတွင်းမှာ ဆွေးနွေးတောင်းဆိုပေးမှုများဟာလည်း အစိုးရအပေါ်နှင့် နိုင်ငံ့ဝန်ထမ်း များအပေါ် စေတနာထားခြင်းဖြစ်သလို နိုင်ငံတော်ကောင်းအောင် ဆွေးနွေးတောင်းဆိုခြင်းပဲလို့ မှတ်ယူလက်ခံပြီး ကျေးဇူးလည်းတင်ရမှာ ဖြစ်ပါတယ်။
          ထို့အတူပဲ ရဲတပ်ဖွဲ့ဝင်အချို့ ငွေတောင်းခြင်း၊ အချို့ဝန်ထမ်းအဖွဲ့အစည်း များက မလျော်သော ငွေကြေးများ ရယူနေခြင်းများကို ဤခေတ်ပြောင်းကာလ ပြုပြင်ပြောင်းလဲရေးအချိန်တွင် မဖြစ်သင့်‌ကြောင်း ထောက်ပြဆွေးနွေး တင်ပြ နေကြခြင်းဟာလည်း အပြုသဘောဆောင်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          ကိုယ်စားလှယ်များ၏ တင်ပြချက်များဟာ မှန်နိုင်ပါတယ်၊ ရဲတစ်ယောက်၊ အောက်ခြေဝန်ထမ်း တစ်ယောက်သည် သူနှင့် သူ့မိသားစု စားဝတ်နေရေး၊ လူမှုရေး အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ ဘယ်လိုနေမလဲ ဆိုတာကို စဉ်းစားကြည့်ဖို့ လိုသလို အောက်ခြေဝန်ထမ်းဦးစီးမှူး တစ်ယောက်အတွက်လည်း ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားပေးဖို့ လိုမှာဖြစ်ပါတယ်။ ယနေ့အချိန်အခါ အခြေအနေနှင့် ယှဉ်တွဲ စဉ်းစား သုံးသပ်ကြည့်ရင် ဘယ်လိုဖြစ်နေကြမလဲ။ ဒါကို စိစစ် စဉ်းစား သုံးသပ်ကြဖို့ လိုပါတယ်။ အဆင်မပြေလို့ ပုံစံအမျိုးမျိုးနှင့် ထွက်ခွာ သွားတာတွေ ရှိနေနိုင်ပါတယ်။ ကိုယ့်နိုင်ငံမှာ သင်ကြားတတ်မြောက်ထားတဲ့ ပညာနှင့် အစိုးရ ဝန်ထမ်းအဖြစ် ဝင်လုပ်မယ်ဆိုရင် ရတဲ့လစာနှင့် စရိတ်က ဘဝရပ်တည်ရှင်သန်ရေးအတွက် အခက်အခဲရှိလို့ နိုင်ငံရပ်ခြားကို ထွက်ခွာသွားနေတာတွေ ဘယ်လောက် ရှိပြီလဲ။ တစ်ချို့ကျတော့ အပြင်မှာလည်း အလုပ်မရှိ၊ အလုပ်မရ ဒါကြောင့် ဒီမှာကပ်ပြီး ဖြစ်သလိုလုပ် ဖြစ်သလိုနေနေရတာတွေ ဘယ်လောက်များနေလဲ။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          အောက်ခြေဝန်ထမ်းတွေ အဆင်မပြေဘူးဆိုတာကိုသိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာတာဝန်ရှိကြသလဲ၊ ဘယ်သူတွေတာဝန်ယူမလဲ။ တာဝန်ယူတာဝန်ခံ ရမည့် အဖွဲ့အစည်းများမရှိဘူးဆိုလျှင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်လိုက်လျှင် မသင့်ဘူးလား၊ မကောင်းဘူးလား။လုပ်ဖို့ သင့်တယ်၊ တာဝန်ယူဖို့သင့်တယ် ဆိုလျှင်လည်း အခုလွှတ်တော်အတွင်းမှာပဲ ဆောင်ရွက်ပေးနိုင်မလား စတဲ့မေးခွန်းများမေးလာရင်လွှတ်တော်က တာဝန်ယူ တာဝန်ခံ ဆောင်ရွက်သင့်တယ်ဆိုရင် - လွှတ်တော်ကိုတင်ပြလာမယ့် သာမန် အသုံးစရိတ်ငွေများကို စိစစ်ပြီး အမှန်တကယ် လိုအပ်မှာနှင့် မလိုအပ်သေး တာတွေကို ခွဲခြားကာ စိတ်ကောင်းစေတနာဖြင့် တာဝန်ယူ တာဝန်ခံပြီး ရုံးအဆင့်အတန်းအလိုက် လျော်ညီစွာအသုံးပြုရန် သင့်တင့်မျှတသော ရုံးအသုံး စရိတ်၊ အထွေထွေစရိတ်၊ ဝန်ထမ်းများ၏ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြား စရိတ်များကို စိစစ်တိုးမြှင့်ပေးဖို့နှင့် တကယ်လို့ ငွေပိုနေသေးလျှင် ဝန်ထမ်းများ အတွက် လစာငွေနှင့် ထောက်ပံ့ငွေ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်း စိစစ်ဆောင်ရွက်လျှင် ဖြစ်နိုင်ခြေရှိနိုင်ကြောင်းကိုလည်း လေ့လာတွေ့ရှိထား ပါတယ်။ ဒီကိစ္စအတွက် လွှတ်တော်သို့တင်ပြလာလျှင် အတည်ပြုပေးသင့်ကြောင်း လွှတ်တော်သို့ တင်ပြအပ်ပါတယ်။
နာယကကြီးနှင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          ကျွန်တော်တို့ လွှတ်တော်ဟာ ပြည်သူလူထုအကျိုး  ပြည်ထောင်စုအကျိုးကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ၊ ပြည်ထောင်စုအကျိုး ပြည်သူ့အကျိုးကို ဖြစ်ထွန်းစေသော ဥပဒေများပြုဖို့ အဓိကတာဝန်ရှိပြီး တာဝန်ကျေအောင်  ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။ ဥပဒေပြုတယ်ဆိုရာမှာ အသစ်ပြဌာန်းခြင်း၊ တည်ဆဲဥပဒေများအား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အစားထိုးခြင်း တို့ပါဝင် ပါတယ်။ ဒါဟာလည်း ပြည်ထောင်စုလွှတ်တော်၏ အဓိက တာဝန်တစ်ရပ် ဖြစ်ပါတယ်။
          ဥပဒေတစ်ရပ်ဖြစ်လာလျင် ထိုဥပဒေဟာ ပြည်သူပြည်သားတွေ လိုက်နာ နိုင်သော တရားမျှတသောဥပဒေများ ဖြစ်ဖို့လိုပါတယ်။ တရားမျှတမှုမရှိသော ဥပဒေများဖြစ်လျင် ၎င်းကိုအကြောင်းပြုပြီး မလိုက်နာနိုင်ကြတဲ့ ပြည်သူတွေဟာ အလိုအလျောက် ဥပဒေချိုးဖောက်သူတွေ လိုက်နာရန်ပျက်ကွက်သူတွေဖြစ်ပြီး ပြစ်ဒဏ်တွေခံရလျှင် ဝမ်းနည်းစရာကောင်းပါတယ်။ နိုင်ငံစည်းလုံးညီညွတ်မှု အားနှင့် စွမ်းဆောင်မှုအားတွေ ယုတ်လျော့သွားစေပါတယ်။
          ဒါ့ကြောင့် ဥပဒေအရပ်ရပ်တိုင်းမှာ အကြောင်းအကျိုးလျော်ညီသော တရား မျှတသော အားလုံးက လိုက်နာသင့်‌သော လိုက်နာနိုင်သော ဥပဒေများဖြစ်ဖို့ လိုပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          အခွန်အခကောက်ယူနေခြင်းကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသုံးသပ်မှုများ ရှိပါတယ်။ ဒါဟာအကြောင်းအကျိုးလျော်ညီပြီး တရားမျှတ သော ဥပဒေကောင်းဖြစ်ဖို့ လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြသည့် တင်ပြချက်များတွင် ကဏ္ဍအလိုက်၊ နယ်ပယ်အလိုက်၊ လုပ်ငန်းအလိုက် ကောက်ခံကြမည့် နှုန်းထားနှင့် ကောက်ခံမှုပုံစံ၊ နည်းလမ်းများကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့ကိုယ်စားလှယ်များအား အသိပေးတင်ပြရန် လိုအပ်ပါတယ်။ ထိုအခါကျမှသာ ပြည်သူ့ကိုယ်စားလှယ် များက ဆွေးနွေးဆုံးဖြတ်ပြီး၊ အတည်ပြုပြဋ္ဌာန်းပေးနိုင်မှာဖြစ်လို့ အခွန်အခကောက်ခံ နေသည့် ဌာနအသီးသီးမှ လာမည့်ဘဏ္ဍာနှစ်အတွင်း ကောက်ခံမည့် အခွန်အခ ဆိုင်ရာ အမိန့်၊ ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို လွှတ်တော်သို့ အမြန်ဆုံး တင်ပြရန် လိုအပ်ပါတယ်။
          တင်ပြလာသော ဥပဒေကြမ်းများကိုလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့်‌ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ကြရမည့် သက်ဆိုင်ရာ ဌာနများ ဆွေးနွေးကြမှသာ အများပြည်သူတို့ အမှန်တကယ် လိုက်နာဆောင်ရွက် နိုင်သော အခွန်အခဆိုင်ရာ ဥပဒေကောင်းများ ပေါ်ထွက်လာပြီး နိုင်ငံတော် အကျိုးစီးပွားဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ သို့မှသာ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုများပိုမိုရရှိလာပြီး ယနေ့ကြုံတွေ့နေသော အခွန်အခဆိုင်ရာများနှင့်‌ စပ်လျဉ်းသော ကိစ္စရပ်များဖြစ်သည့် အခွန်ရှောင်ခြင်း၊ ပုန်းကွယ်ခြင်း၊ အခွန်ဆောင်သူနှင့်‌ အခွန်စည်းကြပ်သူ အကြား ဖြစ်ပေါ်လေ့ရှိတတ်သော အဂတိတရား၊ လာဘ်ပေးလာဘ်ယူမှုနှင့် မဖွယ်မရာပြုမှုများကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
          ထိုအ‌ဖြေကောင်းနှင့် လုပ်နည်းလုပ်ဟန်များရရှိရေးအတွက်ကို အခွန်ထမ်းများ၊ ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အကြံဉာဏ်နှင့် ပူးပေါင်းပါဝင်မှု များဟာ များစွာ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံတကာအကူအညီ၊ အဖွဲ့အစည်း များ၏အကူအညီ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဘဏ်များ၏အကူအညီ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကိုရယူခြင်းဟာ လိုအပ်တာအမှန်ပင်ဖြစ်ပါတယ်။ သူတို့တစ်တွေ လာရောက်ကူညီ ရင်းနှီးမြှုပ်နှံကြလျှင်လည်း သူတို့အတွက် တန်ရာတန်ကြေး ပြန်ပေးလိုက်ရမှာဖြစ်ပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ကျွန်တော်တို့ နိုင်ငံ၏ အများစုဖြစ်သော တောင်သူလယ်သမားများ၊ မွေးမြူရေးသမားများ၏ ဆင်းရဲမှုလျော့နည်းရေးအတွက် စီမံကိန်းအသွင်ဖြင့် ဥပဒေများပြဌာန်း ဆောင်ရွက် ပေးလျှင်အောက်ခြေအလုပ်သမားများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် စီမံ ဆောင်ရွက်ပေးလျှင် ယနေ့မြန်မာနိုင်ငံ၏ဆင်းရဲမှုရာခိုင်နှုန်းဟာ ခဏချင်းပင် ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့လွှတ်တော်က ဖော်ဆောင်ပြီး အားလုံးနှင့်ပူးပေါင်း ဆောင်ရွက်သွားရပါမယ်။ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ တောင်သူလယ်သမားများအတွက် ကာကွယ်ပေးမည့်ဥပဒေများ အလျင်အမြန်ထုတ်ပြန်ပြီး လက်တွေ့ကျကျ ဆောင်ရွက်အကောင်အထည်ဖော်ပေးဖို့ လိုပါတယ်။ ဆင်းရဲမှုလျော့နည်းရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေပမာဏ၊ အတိုးနှုန်းထား၊ ပြန်လည်ပေးဆပ်ရမည့် ကာလသတ်မှတ်ချက်ကို ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ခြင်း၊ လယ်ယာထွက်ကုန်သီးနှံများအား အနိမ့်ဆုံးဈေးနှုန်း သတ်မှတ် ဝယ်ယူရေးဥပဒေကို အချိန်ကာလသတ်မှတ်ကာ ပြဋ္ဌာန်းခြင်းအား လက်တွေ့ကျကျ ဆောင်ရွက်ပါလျှင် အကြွေးထူသော ဆင်းရဲဒုက္ခရောက်နေကြသော တောင်သူ လယ်သမားများကို အကောင်းဆုံး ကူညီဆောင်ရွက်ပေးရာရောက်သလို သီးနှံများ ထွက်ရှိမှုပမာဏ ပိုများလာခြင်း၊ အရည်အသွေး ပိုကောင်းလာခြင်းများကြောင့် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုအခန်းကဏ္ဍပါ ပိုမိုတိုးတက်လာကာ အလုပ်အကိုင်ရရှိမှု၊ အခွင့်အလမ်း၊ လုပ်ခလစာမြင့်မားလာမှုများကို လယ်ယာလုပ်သားများသာမက အခြားလုပ်သားများအတွက်ပါ ပိုမိုရရှိလာမှာ သေချာပါတယ်။ ထို့အတူ မွေးမြူရေးသမားများအတွက်လည်း ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဤစီမံကိန်းသည် လက်တွေ့ကျပြီး အလျင်အမြန် အကျိုးဖြစ်ထွန်းလာမည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့နည်းရေး စီမံကိန်းပင် ဖြစ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          နိုင်ငံစီးပွားရေးအတွက်၊ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘဏ်စနစ် ကောင်းမွန်ဖို့လိုသလို ငွေကြေးမူဝါဒ (Monetary Policy) နှင့် ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) ဟာလည်း အလွန်အရေးကြီးပါတယ်။ ထို့အတူ နိုင်ငံစီးပွားရေး အတွက် သင့်တင့်မျှတသော ငွေလဲနှုန်းများရှိဖို့၊ အထူးသဖြင့် ကိုယ့်နိုင်ငံ အကျိုးစီးပွားရှိဖို့အတွက် ကိုယ့်နိုင်ငံထွက်ကုန်၊ ထုတ်ကုန်များအပေါ် နိုင်ငံသုံးငွေ ထိုက်တန်စွာရဖို့အတွက် ဆောင်ရွက်နေရမှာဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာမှာ ကိုယ့်နိုင်ငံ ငွေကြေးတန်ဖိုး မလိုအပ်ပဲမြင့်မားအောင် ဖန်တီး ပြုလုပ်မှုကိုမခံပဲ နိုင်ငံစီးပွားရေး ဆက်လက်ကောင်းမွန်နေအောင် ငွေလဲနှုန်းများကို သင့်တော်သလို ထိန်းညှိပေးလို့ စီးပွားရေးကောင်းလာပြီး ဆက်လက် ကောင်းအောင်လည်း ဆောင်ရွက်နိုင်တဲ့နိုင်ငံများကို သိသာထင်ရှားစွာ တွေ့မြင်နေပါလျက်နဲ့ ကျွန်တော်တို့ နိုင်ငံဟာ ထိုနိုင်ငံများကဲ့သို့ ဘာလို့မကျင့်သုံးနိုင်ရတာလဲ ဆိုတဲ့ မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ နိုင်ငံဝန်ထမ်းနှင့်‌ အလုပ်သမားများ၏ ဝင်ငွေ တစ်ဦးချင်း ဝင်ငွေ Per Capital Income ကို နိုင်ငံခြားငွေနှင့်‌ ဖော်ပြရာမှာ အမြင်ကောင်း အောင်၊ ကိန်းဂဏန်းများအောင် တစ်ဒေါ်လာငွေလဲနှုန်း (၈၅၀)ကျပ် ဝန်းကျင်မှာပဲ ထားနေတာလား၊ တစ်ဒေါ်လာ (၉၅၀)၊ (၁၀၀၀)နှုန်း ဝန်းကျင်ထားရှိဆောင်ရွက်မှ နိုင်ငံနှင့် ပြည်သူအတွက်ကောင်းမှာကို သိလျက်နှင့် မျက်ကွယ်ပြုနေကြတာလား ဆိုတဲ့အသံတွေ -
          ပြည်တွင်းစိုက်ပျိုးရေး၊ မွေးမြူရေးသမားများသာမက ကုန်ထုတ်လုပ်သူ CMP လုပ်ခလစာစားနေသူများဟာ ငွေလဲလှယ်နှုန်းကြောင့်‌ အခက်အခဲတွေ ရောက်နေတာကို မျက်ကွယ်ပြုထားတာဟာ ကောင်းကြသလား၊ တာဝန်ကျေ ကြသလားဆိုတဲ့ ငြီးတွားသံတွေ ကြားသိနေရပြီ။ ဒီအသံတွေ ဟာလည်း မှန်နေပြီဆိုရင်။
          တကယ်လို့ တာဝန်ယူဖို့၊ တာဝန်ခံဖို့ အခက်အခဲရှိနေကြလျှင်လည်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်ကို ဖော်ဆောင်ပေးပါမယ်လို့ ခံယူထားတဲ့ ကျွန်တော်တို့ လွှတ်တော်က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ပေးဖို့ လိုပါပြီ။ လိုပြီလို့ဆိုရင် လိုအပ်သော ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်မှုတွေ အမြန်လုပ်ဖို့ လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။
          အလျဉ်းသင့်လို့ ရုရှားနိုင်ငံမှာ ဗဟိုဘဏ်နှင့် နိုင်ငံတော်စာရင်းစစ်ချုပ်များ ရွေးချယ်တာဝန်ပေးမှုကို တင်ပြလိုပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌကို အောက်လွှတ်တော်က ဒုတိယဥက္ကဋ္ဌကို အထက်လွှတ်တော်က ရွေးချယ်ပေးရပြီး စာရင်းစစ်ချုပ်ကို အောက်လွှတ်တော်က၊ ဒုတိယစာရင်းစစ်ချုပ်ကို အထက်လွှတ်တော်က ရွေးချယ် တာဝန်ပေးပါတယ်။ ပြည်သူ့ဘဏ္ဍာငွေများကို စာရင်းစစ်ချုပ်က စစ်ဆေးပေးနေ ခြင်းဟာ ပြည်သူ့ငွေကို ဗဟိုဘဏ်က စနစ်တကျ ထိန်းသိမ်းပြီး ဘဏ်နှင့် ငွေကြေးကဏ္ဍကို ကောင်းမွန်ခိုင်မာအောင် ဆောင်ရွက်သလို ထိုပြည်သူ့ငွေများကို စာရင်းစစ်က စစ်ဆေးကြပ်မတ်ပေးပြီး ပြည်သူများကို တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ပေးနေကြပါတယ်။ ဘယ်လိုစနစ်ပဲ ကျင့်သုံးကျင့်သုံး  ဗဟိုဘဏ်နှင့် ဆက်စပ်သောငွေကြေးကဏ္ဍနှင့် ပြည်သူများ၏ငွေကြေးများကို စနစ်တကျ စီမံခန့်ခွဲပြီး ပြည်သူလူထုနှင့်တိုင်းပြည် စီးပွားရေးအ‌ခြေအနေ ကောင်းအောင်၊ အဆင်ပြေတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခွင့်ရှိတဲ့ ဗဟိုဘဏ်နှင့် ပြည်သူများ၏ ငွေကြေးများကို စည်းစနစ်ကျကျနှင့် မှန်မှန်ကန်ကန်သုံးစွဲမှုရှိရေးအတွက် စစ်ဆေးပေးရတဲ့ စာရင်းစစ်ချုပ်တို့၏ အခန်းကဏ္ဍဟာ အလွန်အရေးကြီးသည့် အတွက် ယင်းတို့ကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အားပေးကူညီဆောင်ရွက်ရန်သင့်ပါကြောင်း တင်ပြ အပ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          ကျွန်တော်တို့ မှတ်သားနာယူဘူးပါတယ်။
          ခြောက်တိုင်းလည်းမကြောက်နှင့်‌၊ မကြောက်ပဲလဲမနေနဲ့။
          မြှောက်တိုင်းလည်း မ‌မြောက်နှင့်၊မ‌မြောက်ပဲလဲမနေနဲ့။
          ချော့တိုင်းလည်း မပြော့နဲ့၊ မ‌ပြောပဲလဲမနေနဲ့ ဆိုတဲ့စကား။
          ကျွန်တော်တို့ဟာ စိတ်ကောင်းစေတနာများဖြင့်‌ ဖြစ်ပေါ်နေသော ပကတိ အခြေအနေများအပေါ် ဥာဏ်ပညာအမြော်အမြင်ဖြင့် မှန်ကန်စွာ ရှုမြင် ဆင်ခြင် သုံးသပ်ပြီး ရဲဝံ့စွာ ဆုံးဖြတ်ဆောင်ရွက်ကြရမည့်အချိန်သို့ ရောက်နေပါပြီ။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
          နိဂုံးချုပ်တင်ပြလိုပါသည်မှာ-
          (၁)     နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ် ကိုယ့်သိက္ခာနှင့် နေထိုင်စားသောက် လုပ်ကိုင်နိုင်ရေးအတွက် သာမန်သုံးငွေခေါင်းစဉ်အောက်က အချို့သော အတိုင်းအတာအထိ ပြောင်းလဲပြီး နိုင်ငံ့ဝန်ထမ်းများ၏ လစာ၊ စရိတ်ကို သင့်တင့်မျှတစွာဖြည့်ဆည်းပေးရေး၊ " ထိုသို့ဆောင်ရွက်ရာတွင် သာမန် သုံးငွေများကို ထပ်တောင်းရန် မလိုပဲနှင့် ဆောင်ရွက်ပေးရန် ။ "
          (၂)     ဆင်းရဲမှုလျှော့ချရန် စီမံကိန်းအသွင်ဖြင့် တောင်သူလယ်သမား၊ မွေးမြူရေး သမားများ အလုပ်သမားများအတွက် အကာအကွယ်ပေးသောဥပဒေ ပြဋ္ဌာန်းပြီး လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပေးရေး၊ အလုပ်လက်မဲ့ ပပျောက်ရေးအတွက်လည်း စီမံကိန်းများ ချမှတ်ရန်။
          (၃)     ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်ရာတွင် လိုအပ်က ဥပဒေ ပြုရေးနှင့် ငွေကြေးသုံးစွဲခွင့် ခိုင်မာစွာရှိရန် ဆုံးဖြတ်ပေးရေး။
          (၄)     ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်သူလူထုထံမှ ကောက်ခံမည့် အခွန်ဥပဒေများ ဖြစ်သည့်  သက်ဆိုင်ရာဋ္ဌာနအသီးသီးက ထုတ်ပြန်ထားသော ဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ရသုံးမှန်းခြေ ငွေစာရင်းနှင့်အတူတင်ပြစေပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ဥပဒေပြုရေး။
          (၅)     နိုင်ငံအနှံ့တွင်ရှိနေသော တွဲဖက်ကျောင်း၊ မူလွန်ကျောင်း၊ ကိုယ့်အား ကိုယ်ကိုးကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများမှာ ရပ်ရွာ ပြည်သူလူထုငွေကြေးဖြင့်  အမှန်ခန့်အပ် သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမများအား စိစစ်အတည်ပြုပြီး ထိုက်သင့်သော ထောက်ပံ့မှုနှင့် ချီးမြှင့်မှုကို လာမည့်ဘဏ္ဍာနှစ်အစမှာ ပေးအပ်ရေး။
          (၆)     ဆေးကျောင်းအောင်ပြီး အလုပ်သင်ဆရာဖြစ်ပြီး ဆရာဝန်များအား လိုအပ်ချက်အရ အလုပ်အရင်ခန့်ပြီး နောင်မှလိုအပ်သော သင်တန်း တက်ရေးနှင့် ကျေးလက်နှင့် မြို့ပြကျန်းမာရေး စောင့်ရှောက်မှု မကွာဟရေးအတွက် ဆေးရုံ ဆေးခန်း အဆင့်ဆင့် တိုးချဲ့ရေးနှင့်  ဆရာဝန်၊သူနာပြု ခန့်အပ်ပေးနိုင်ရန် လွှတ်တော်မှ နည်းလမ်း တစ်ခုခုနဲ့ ချမှတ်ပြီး ဆုံးဖြတ်ဆောင်ရွက်ပေးရေး။
          (၇)     အထက်ပါ တင်ပြချက်များမှ ဆက်စပ်သက်ဆိုင်သည့်ကိစ္စရပ်များအား ဤ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စီမံကိန်းနှင့် ရသုံးမှန်းခြေ၊ အခွန်ဥပဒေ များတွင် တစ်ပေါင်းတစ်စည်းတည်း ဆုံးဖြတ်၍ပြဋ္ဌာန်းပြီး ပြည်သူလူထု၏ မျှော်လင့်ချက်များကို ဖော်ဆောင်ပေးကြရာတွင်-
                   အများအကျိုး    ရွက်သယ်ပိုးက
                   ခနိုးခနဲ့  ဆိုကဲ့ရဲ့လည်း
                   မရွဲ့မစောင်း     ကိုယ့်လမ်းကြောင်းကို
                   စိတ်ကောင်းနှင့်‌ယှဉ်      ရှေးရှုနှင်လော့
          ဆိုတဲ့ ဆိုစကားအတိုင်း ဆောင်ရွက်သွားကြဖို့ နာယကကြီးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
http://www.pyithuhluttaw.gov.mm/news/2192#.US0GJDesQcU
Search Our Site