Ads

ကြော်ငြာ

Wednesday, January 30, 2013

Posted by ဆူးအေမီ on 1:25 AM in | 2 comments



ဟက်ကာကို စိတ်ဝင်စာတဲ့ သူငယ်ချင်းတွေအတွက် ကောင်းမွန်တဲ့ လမ်းညွှန်လေလို့ ကျနော်ယူဆ တယ်ဗျ.. ကျနော်လည် ဒီအတိုင်းလေ့လာနေတာပါ.ကယ်ဖက်ကြည့်ပါအုန်...အနည်းဆုံးတော့ 2နှစ် ပေါ့ဗျာလေ့လာမယ်ဆိုရင်ပေါ့...ဒါတောင်မတတ်သေးဘူးနော် ...နားလည်လာ မယ်...အရင်ဆုံး basic တတ်မြောက်ထားသူဖြစ်ရပါမယ်...


နောက်ပြီးတော့   HTML  စာအုပ်၇ှိတယ်...သူ့ ကို 2လလောက်နဲ့  ကျွမ်းကျင်အောင် ဖတ်ပါ..လေ့လာပါ ...နောက်တစ်ခုက Java script စာအုပ်ကတော့ နားလည်ထားဖို့ ပါ.. တတ်ကျွမ်းချင်ရင်တော့ အနည်းဆုံး 2ကျော်3လနီးပါးဘဲဗျ...

အဲ့နှစ်ခုတတ်ရင် G-Mail Page အတု ကိုကောင်းကောင်းရေးတတ်သွားပါပြီ။အဲ့မှာစတော့ တာဘဲ  PHP ဆိုတဲ့ မပါမဖြစ်ကြီးကိုမတတ်လို့ ကတော့အလကားဘဲဗျ....သူ့ ကိုတတ်ကျွမ်းချင်ရင်တော့ 5လလောက် ကိုလုပ်ပါ.... တစ်ချို့် ကတော့ (ငါက 2လ နဲ့ အပြီးလုပ်တာဆိုဘဲ)အထင်မကြီးပါနဲ့ ....

5လလုပ်ပါ... 4လလောက်ဆို တတ်ကျွမ်းပြီး 5လမပြည့်အချင်း တစ်ခြားဘက်ကိုမလှည့်ပါနဲ့  ......
ကယ်အဲသုံးခု ကို ပိုင်ပိုင်နိုင်နိုင်တတ်မြောက်ပြီဆိုရင် ....အတွေ့ အကြုံအတွက် 2 လ(သို့ ) 3လလောက်ကို လက်တည့်စမ်းပါ....ထမင်မစားရသော်လည်း  ရေသောက်ထားသလို သူများကို ဆရာလုပ်လို့ ရပါပြီ
Posted by ဆူးအေမီ on 1:17 AM in | No comments





တစ်ခုကြိုပြောထားချင်တာက … ကျွန်တော် ဘာ Hacker မှမဟုတ်ပါ … ဘာမှလည်းမဟုတ်ပါဘူး သားက ခုမှ ကျောင်းသားပဲရှိသေးတာ၊ ငယ်ငယ်လေးပဲချိသေးတာ … ကြိုပြောထားပါတယ် … ကဲဗျာ … စကြ ရအောင် …

ဒီလိုဗျ … Facebook တို့၊ Gmail တို့ … အစရှိသဖြင့်ပေါ့ဗျာ … အကောင့်တွေမှာက Username, Password ဆိုပြီးရှိကြတယ်ရော … Username ကတော့ သိကြတယ်ပေါ့ဗျာ … အဲ တစ်ခုလာပီ … Password ကျတော့ ပိုင်ရှင်ကလွဲလို့ တခြားသူမှ မသိကြတာလေ … များသောအားဖြင့်ပေါ့နော် … ကဲ … သိချင်ပီဆိုရင် … ဘယ်လိုလုပ်မလဲ …

တစ်ရက်က ဒီလိုဗျ … ကျွန်တော်ကြုံဖူးတယ် … ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပါ၊ သူက အင်တာနက် ခုမှစသုံးခါစ … ဘာမှတောင်သိသေး တာမဟုတ်ဘူး … Gtalk လေးစသုံးခါစပေါ့ဗျာ … တစ်ရက်ကျတော့ ကျွန်တော့်ကို မေးလာတယ် … ငါ့ကိုတဲ့ … Chatting ထဲက ဘဲတစ်ပွေကတဲ့ … ငါ့အကောင့်ရဲ့ Security Questions ကို မေးတယ် တဲ့ … မေးတော့၊ ငါက အဲဒါဘာလဲ ၊

ဘာလုပ်မလို့လဲလို့ မေးတော့ … ငါ့ကိုပြောပြတဲ့ ငါနင့်အကောင့်ကို Hack ပြမယ်ဆိုပဲ … (တယ်တော်ပါ လားပေါ့ … :P ) ကျွန်တော်တောင် တော်တော်ကြိုက်သွားတယ် … ဟီးးး … နင်ကလည်း ပြန်ပြောလိုက်လို့ … အဲလောက်တော်နေလည်း မြန်မာမှာနေမနေနဲ့လို့ … နိုင်ငံခြားထွက်ပီး … လုပ်စားလို့ ပြောလိုက်လို့ … ကျွန်တော်လည်း ပြောလိုက်တယ် … ဟုတ်တယ်လေ … ဘယ်နှယ့် … Security Question သိမှတော့ ဘာထူးတော့မလဲ … Password ပြောပြလိုက်တာကမှ နည်းနည်းခံသာဦးမယ် … ကဲဗျာ … စကြရအောင် …

ယခုနည်းလေးက ကျွန်တော်တို့ များသောအားဖြင့် အင်တာနက်အသုံးပြုတဲ့အခါမှာ Gmail, Website စသည်ဖြင့်ပေါ့ ကြည့်တဲ့၊ ဖွင့်တဲ့အခါမှာ Browser ကိုအသုံးပြုကြရတယ်လေ … အဲခါမှာ များသောအားဖြင့် နာမည်ကြီးတဲ့ … Mozilla Firefox ပေါ့ဗျာ … အဲ … အဲဒါနဲ့ပတ်သက်ပီး ယခု တစ်ဆင့်ခြင်း Password တစ်ခုကို ဘယ်လိုယူမလဲဆိုတာလေး နည်းနည်းလေး နည်း လမ်းလေးပြပေး ချင်ပါတယ် ရမရတော့ သားလည်း မစမ်းဖူးတော့ မသိဘူးနော် … သားကြောက် တယ် … ပြီးတော့ … ကျွန်တော်လည်း Hacking စိတ်မ၀င်စားတဲ့အတွက်ကြောင့်
ပါ … ဟဲ … :-P

(1) http://www.drivehq.com/ ကိုသွား၍ Account လေးတစ်ခုလောက် Sign Up လုပ်လိုက်ပါ။

(2) Remote Firefox Password Stealer ကို Download http://minus.com/leEHEbZAKIzkG ယူပါ။

(3) Download လုပ်လို့ရလာတဲ့ WinRAR File ကို Extract လုပ်တဲ့အခါမှာ … အောက်ပါပုံအတိုင်း Folder တစ်ခု နဲ့ Files နှစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။

Remote Firefox Password Stealer

(4) Firefox_Password_Stealer.exe ဆိုသော File ကို Open လုပ်ပါ။ အောက်ပါပုံအတိုင်း ဖြည့်ပေးပါ။ [FTP Server: ftp.drivehq.com, FTP Username: Username, FTP Password: Password] အစရှိသဖြင့် ဖြည့်ပေးပါ။
Stealer

(5) Build Button ကို Click လုပ်ပါ။

(6) Firefox_Password_Stealer.exe file ရှိသော Folder အတွင်းတွင် စာဖတ်သူက Build Button ကိုနှိပ် လိုက်သောအခါ File name ပေးလိုက်သော နာမည်ဖြင့် filename.exe ဆိုသော file တစ်ခု ရောက် ရှိနေ မှာဖြစ်ပါတယ်ခင်ဗျာ …

(7) 100% fud crypter.exe ဆိုသော file ကို Open လုပ်ပါ။ ထို့နောက် စာဖတ်သူ Crypt လုပ်သော filename အမည်ဖြင့် 100% fud crypter.exe ရှိသော folder အတွင်းတွင် နောက်ထပ် filename.exe ဖြင့် file တစ်ခုရောက် ရှိမှာဖြစ်ပါတယ်ခင်ဗျာ …

(8) ထို့နောက် EaSy BindeR ဆိုသော folder ကိုဖွင့်၍ အတွင်းမှ Easy Binder.exe ကို Open လုပ်၍   စောစော က ရရှိထားသော file များကို Bind လုပ်ပေးပါ …

(9) ဒီအဆင့်ထိရောက်လျှင်တော့ စာဖတ်သူနောက်ဆုံး Bind လုပ်၍ ရရှိလာသော File ကို စာဖတ်သူ Password သိချင်တဲ့ သူဆီကို ပို့၍ Run ခိုင်းချင်ခိုင်း၊ ဒါမှမဟုတ် စာဖတ်သူကိုယ်တိုင် Password သိချင်တဲ့ လူထိုင်တဲ့စက်မှာ သွားပြီး Run ချင်လည်းရပါတယ်။

စိတ်ကြိုက်သာလုပ် အဓိကက အဲဒီ File လေး Run ပြီဆိုတာနဲ့ စာဖတ်သူ ပထမအဆင့်မှာ Sign Up လုပ်ထား တဲ့ FTP Account ထဲကို စာဖတ်သူလိုချင်တဲ့ Password တွေရောက်ရှိနေ မှာဖြစ်ပါ တယ်ခင်ဗျာ … သားတော့ မလုပ်ဖူးဘူး … စမ်းချင်သူများ , Hack ချင်ပါတယ်ဆိုတဲ့ ကိုကိုများ စမ်းချင်သပဆို စမ်းသပ်နို င်ပါသည် …

ဒီ Post နှင့် ပတ်သက်၍ မည်သူ့ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါ၊ ဒီလိုလုပ်လို့ရတယ်ဆိုတာကိုသာ သိစေချင် တာပါ၊ လူ့စိတ်ဆိုတာ အကောင်းဖက်ကတွေးရင် အကောင်းမြင်တတ်ပါတယ်၊ အဆိုးဖက်ကတွေးရင်တော့ … ?

ကျနော်စုဆောင်သိမ်းဆည်ထားသည့် နည်းပညာမှတ်စုများမှ ပြန်လည်မျှဝေသည်.

Monday, January 28, 2013

Posted by ဆူးအေမီ on 8:41 PM in | No comments


Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen, mouse, keyboard, pen input တို့ဖြင့် လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင် သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။
Window server 8 ကို Server version အနေနဲ. ဖြင့်လည်း ထွက် ရှိခဲ.ပါတယ်။ Windows 8 ၏ Minimum System RequirementMicrosoft ကနေပြီးတော့ Windows 8 ကိုလည်း Windows 7 အတိုင်း minimum requirement ကို တက်နိုင်သမျှ အနည်းဆုံးဖြင့် ပွဲထုတ်ခဲ.ပါတယ်။ Windows 8 ၏ minimum requirement တွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။


၎င်းတို့ကတော့-
• 1 GHz or faster 32-bit (x86) or 64-bit (x64) processor
• 1 GB RAM (32-bit) or 2 GB RAM (64-bit)
• 16 GB available hard disk space (32-bit) or 20 GB (64-bit)
• DirectX 9 graphics device with WDDM 1.0 or higher driver
• Taking advantage of touch input requires a screen that supports multi-touch တို့ဖြစ်ကြပါတယ်။

Metro User Interface Windows 8 က အရင်ကထွက်ဖူးတဲ. Windows operating system များနဲ. မတူဘဲ Metro interface ဖြင့် ပွဲထုတ်ခဲ့ပါတယ်။Windows ကို logon ၀င်လိုက်သည်. နှင်. တစ်ပြိုင်နက် Metro user interface အနေဖြင့် တွေ.မြင် ရမှာဖြစ်ပါတယ်။ Metro interface ဆိုသည်မှာ- လေးထောင့်ပုံစံအတုံး icons ကလေးများ (Tile based interface) ဖြင့်ဖွဲ.စည်း ထားခြင်းကို ဆိုလိုပါသည်။ Metro interface ကို အသုံးပြုရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ user များအနေဖြင့် Windows 8 ကို အသုံးပြုရာတွင် ရိုးရိုးရှင်းရှင်းနဲ. လျှင်လျှင်မြန်မြန် အသုံးပြု နိုင်စေရန် ပင်ဖြစ်ပါသည်။

Windows 8 ၏ Task Manager အကြောင်းWindows 8 ရဲ. Task Manager ကိုတော့ အရင်ထွက်ရှိခဲ.တဲ. windows တွေရဲ. Task manager နဲ.မတူဘဲ လွယ်ကူ ရိုးရှင်းစွာ ဖြင့် design ဆွဲထားပါတယ်။အောက်ဘက်ရှိ ပုံတွင် Windows 8 ရဲ့ Task Manager ကိုဖော်ပြထားပါ သည်။ Windows 8 ၏ Cloud စနစ်အကြောင်းWindows 8 မှာ Cloud စနစ်ကို build in အနေနဲ့ ပါဝင်ပါတယ်။ထိုကဲ့သို့ပါဝင်မှု့ဟာ Microsoft ရဲ. SkyDrive cloud storage က running Windows 8 run ထားတဲ. tablets, PCs နဲ.phones တွေကို မြန်မြန်ဆန်ဆန် နဲ. သင်.ရဲ. personalization, desktop background settings Data တွေ ကို access လုပ်နိုင်အောင် ထောက်ပံပေးမှာ ဖြစ်ပါတယ်။ Windows 8 ၏ power usage အကြောင်းWindows 8 မှာဆိုရင် Power အသုံးပြုမှု့ ဟာလည်း တခြား windows အဟောင်းများ ထက်လျော.နည်းပြီး data တွေရဲ့ transfer နှုန်းလဲ ပိုမိုမြန်လာပါတယ်။ Windows TO GO Windows 8 ကို မိမိ ၏ USB device (such as a flash drive) ပေါ်တွင်လည်း တင်ထားနိုင်ပြီး portable window သဖွယ် လည်း အသုံးပြုနိုင်ပါသည်။ Windows 8 may be 128 bitWindows 8 က 128 bit processor တွေကို ထောက်ပံပေးနိုင်သော ပထမဦးဆုံး operating System တစ်ခုဖြစ်ပါသည်။Window 8 128bit iso တွေ ကို အောက်ဖော်ပြပါ link မှာ download ယူနိုင်ပါတယ်။http://www.forumswindows8.com/windows-8-download/

Windows 8 ၏ မြန်မာစနစ်အကြောင်း မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင် အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှ၂၀၁၁ စက်တင်ဘာလ ၂၀ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့သည်။Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။ Internet Explorer 10မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် ပါဝင်သော IE 10 ဟာ အသစ်အသစ်သော programming language များဖြစ်သော HTML5, CSS3 နှင့် more powerful web application တွေကိုအထောက်အပံပေးနိုင်ပါသည်။ Virtualizationမိုက်ခရိုဆော့ဖ်၏

Windows 8 ကွန်ပျူတာ စနစ်တွင် virtualization အတွက် Hyper-V ကို ထည်.သွင်း ပေး ထား ပါသည်။Hyper-V ကို default အနေနဲ.ဖြင့် တော့ တွေ.ရမည် မဟုတ်ပါ။ထို့ကြောင့် ရှေးဦးစွာ install ပြုလုပ်ပေးရမည် ဖြစ်ပါသည်။Install လုပ်ရန်မှာ- Control Panel\Programs\Programs and Features\Turn Windows features on or off မှာ hyper-v ကို install လုပ်ရမည်ဖြစ်ပါသည်။ Windows 8 Hyper-v အနိမ်.ဆုံး system လိုအပ်ချက်တွေကတော့
• 64-bit version of Windows 8
• 64-bit processor နှင့်
• 4 GB of RAM တို့ဖြစ်ပါသည်။Touch screen ကို အထောက်အပံ့ပြုသော Windows 8Windows 8 ၏ အဓိကအပြောင်းအလဲကိုကြည့်လျှင် user interface ၌ပင် စ၍တွေ့ရပါသည်။ စက်ကိုဖွင့်သည့်အခါ စတွေ့ရမည့် Metro interface သည်ဒီဇိုင်းအသစ်ဖြစ်ပြီး touch ဖြင့် အလုပ်လုပ်နိုင် အောင် အထူးရေးဆွဲထားပါသည်။

Windows 7 သည်လည်း Touch များခေတ်မစားသေးသလို Tablet ပေါ်တွင် OS အလုပ်လုပ်နိုင်မည့် အရေးကိုလည်း မစဉ်းစားခဲ့ပါ။ ထို့ကြောင့် ထိုစဉ်ကထွက်ရှိခဲ့သော All-in-on PC များဖြင့်သာ အသုံးပြုခဲ့ကြရသည်။ Touch ကြီးစိုးရာနယ်မြေသည် Tablet နှင့် Smart phone များဖြစ်ပါသည်။ ထို့ကြောင့် Windows 8 ထုတ်လုပ်မည်ဟုဆိုသည့်အခါ Touch ကြီးစိုးရာ ပစ္စည်းများပေါ်၌ အလွယ်တကူသုံးစွဲနိုင်ရေးကို စဉ်းစားလာရပါသည်။ Touch သုံးစွဲနိုင်သည့် ပစ္စည်းမရှိသေးသူဖြစ်ပါက Windows 8 ကိုဝယ်ယူရင်း Hardware အသစ်ဝယ်ယူရေးကို စဉ်းစားကောင်း စဉ်းစားရပါမည်။ သို့သော် OS အသစ်သည် သမာရိုးကျ Keyboard နှင့် Mouse ကို အထောက်အပံ့ပြုမည်ဖြစ်ရာ ကွန်ပျူတာအဟောင်းသုံးသူများ ပစ္စည်းအသစ်မ၀ယ်ဘဲ အဆင်ပြေနိုင်ပါသည်။

Touch Screen ပါသည့် Tablet သုံးသူများအနေဖြင့်လည်း Keyboard နှင့် Mouse ၏ပံ့ပိုးမှုကိုပါ တွဲဖက်ရရှိမည်ဖြစ်ရာ ကွန်ပျူတာသုံးစွဲမှုတွင် ပို၍ပြည့်စုံလာစရာ အကြောင်းရှိပါသည်။Metro user interface ဖြင့် လာမည့် Windows 8Metro user interface သည် Windows 8 အတွက် အသစ်ပြင်ဆင်ရေးဆွဲပေးထားသောအရာ ဖြစ်ပါသည်။ Windwos Phone 7 သုံးစွဲသူတို့အနေဖြင့်မူ ဤ interface ဖြင့် ယဉ်ပါးပြီး ဖြစ်ကောင်းဖြစ် နိုင်ပါသည်။ Windows 8 အသုံးပြုသူသည် ကွန်ပျူတာဖွင့်လိုက်သည့်အခါ ယခင်ကလို Windows Logo ဖြင့် Start button ကို တွေ့ရမည်မဟုတ်ပါ။ Live tile ဟုခေါ်သော အကွက်ငယ်များဖြင့် ဖွဲ့စည်း ထားသည့် လေးထောင့်ကွက်ကြီးကို တွေ့ရပါမည်။ Live tile အကွက်ငယ်များတွင် ပြထားသော icon များသည် Desktop ပေါ်ရှိ icon များကဲ့သို့ပင်ဖြစ်ပါသည်။ အဆိုပါ နေရာမှနေ၍ သက်ဆိုင်ရာ Application ကို တိုက်ရိုက်ဖွင့်နိုင်ပါသည်။ သို့သော် Live tile က desktop icon ထက်အားသာချက်မှာ ယင်းကိုဖွင့်ကြည့်ရန်မလိုဘဲ mouse ဖြတ်တင်ရုံဖြင့် Information ရနိုင်သည့်ကိစ္စဖြစ်ပါသည်။

အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် mail application ပေါ် mouse ဖြတ်တင်ပါက အီးမေးလ်အသစ် မည်မျှဝင်နေသည် မည်သူ့ထံမှလာသည် စသည်တို့ကို သိနိုင်ပါသည်။ မိုးလေ၀သအခြေအနေဆိုလျှင်လည်း အင်တာနက်ချိတ်ထားပါက သက်ဆိုင်ရာ Live tile သည်လက်ရှိအခြေအနေကို ဖော်ပြနိုင်ပါသည်။ ယင်း Interface သည် နားလည်ရလွယ်သလို အသုံးပြုရလည်း လွယ်ပါသည်။ Touch screen ဖြင့် ပို၍အဆင်ပြေပါသည်။ သို့သော် mouse ဖြင့်လည်း သုံးနိုင်ပါသည်။ Touch ဖြင့်ဖြစ်စေ၊ mouse ဖြင့်ဖြစ်စေ close application, access menu အပါအ၀င် လုပ်ငန်းပေါင်းများစွာကို လုပ်ပေးနိုင်ပါသည်။Application store ကို ခေါ်ဆောင်လာမည့် Windows 8သာမန်သုံးစွဲသူတို့အတွက် Windwos 8 သည် Windows RT (Windows Run Time) နှင့် Windows Pro ဟူ၍ အမျိုးအစားနှစ်မျိုးခွဲ၍ ထွက်ရှိမည်ဖြစ်ပါသည်။ ယင်းအပေါ်မူတည်၍ Application သုံးစွဲပုံ၊ သုံးစွဲနည်းကွဲပြားသွားပါသည်။ RT သည် ယခင် Desktop application အဟောင်းများကိုမူ တစ်ပါတည်းထည့်သွင်းပေးလိုက်မည်ဖြစ်၍သာ သုံးစွဲနိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် RT သုံးစွဲသူတို့သည် အသစ်ပေါ်ပေါက်လာမည့် Windows Store မှနေ၍ application အဟောင်းများကို ဆက်လက်သုံးစွဲနိုင်ပါသည်။

သို့သော် Metro Interface တွင် ထည့်၍သုံးစွဲလိုသည့် application များကို store မှနေ၍ ၀ယ်ယူရပါလိမ့်မည်။ ကွန်ပျူတာပေါ်မှနေ၍ အင်တာနက်ချိတ်ဆက်ပြီး Windows store မှ application များကို browse လုပ်နိုင်သည်။ Download လုပ်နိုင်သည် Install တင်နိုင်သည်။ လောလောဆယ် Application အရေအတွက် အကန့်အသတ်ရှိနေသော်လည်း Windows 8 အပြီးသတ်ထွက်သည့်အခါ အရေအတွက်များပြားလာပါမည်။ Application အများစု (ဥပမာ - Maps) သည် full screen ဖြင့် ကြည့်နိုင်ပါမည်။ နေရာဒေသတစ်ခုကိုရှာရန်၊ တစ်နရာသို့သွားနိုင်မည့် လမ်းကြောင်းရှာရန် ကိစ္စတို့အတွက် Big Map ကိုအသုံးပြုပါသည်။ သို့သော် Windows 8 RT တွင်ရော Pro တွင်ပါ People, Calendar, Photo, Music, Messaging နှင့် Video ဟူသော Metro application များအသင့်ပါလာပါမည်။

Cloud service ကို အထောက်အပံ့ပေးမည့် Windows 8Windows 8 သည် Cloud ကိုအသုံးပြုရန်လည်း ဦးတည်ချက်ထားသည်။ ယင်းသည် လူအများနှစ်ခြိုက်မည့် feature တစ်ခုလည်း ဖြစ်နိုင်ပါသည်။ အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် Microsoft Store သည် ကွန်ပျူတာသုံးစွဲသူ၏ setting များကို Cloud ထဲတွင် သိမ်းဆည်းပေးပါမည်။ ထို့ကြောင့် အင်တာနက်ချိတ်ထားသော Windows 8 ကွန်ပျူတာကို ဖွင့်သုံးသည့်အခါ ယခင်ကမြင်တွေ့သည့် အတိုင်း လုပ်နေကျအတိုင်း ရှိပါလိမ့်မည်။ Cloud ဖြင့်ဆောင်ရွက်ပေးမည့် Microsoft ၏လုပ်ငန်းစဉ်များတွင် Gmail ထဲမှနေ၍ အသုံးပြုသူ၏အီးမေးလ်များကို ဆွဲယူပေးခြင်း၊ facebook ပေါ်တင်ထားသမျှ ဓာတ်ပုံအားလုံးကို တစ်နေရာတည်းမှ ကြည့်ရှုနိုင်စေခြင်း စသည်တို့ပါဝင်လာပါမည်။Screen ကို Lock ချနိုင်ပြီး ဓာတ်ပုံဖြင့် Password ပေးနိုင်မည့် Windows 8 စမတ်ဖုန်းသုံးစွဲသူတို့အတွက်မူ lock screen ကို အသားကျပြီးဖြစ်နေပါလိမ့်မည်။

ဖုန်းသုံးလိုလျှင် lock ကိုဖြည်ပေးရမည်။ Password သုံးပြီး lock လုပ်ထားလျှင် password ဖြည့်ထည့်ပေးဖို့လည်း လိုပါမည်။ Windows 8 တွင်လည်း စမတ်ဖုန်းမှာကဲ့သို့ picture lock screen ကိုအသုံးပြုနိုင်ပါမည်။ Lock ကိုဖြည့်ရန်အတွက် လက်ရွှေ့လျားမှုပုံစံသုံးမျိုးကို လုပ်ရန်လိုပါသည်။ အဆိုပါရွေ့လျားမှုတို့ကို straight lines, circles နှင့် taps များထဲမှ ရွေးချယ်နိုင်ပါသည်။ Lock screen ကိုလည်း မိမိ၏ ဓာတ်ပုံ၊ အချိန်၊ နာရီ၊ ရက်စွဲ၊ application notification စသည့် အရာတစ်ခုခုဖြင့် စိတ်ကြိုက်ဖန်တီးနိုင်ပါသည်။ပစ္စည်းကိရိယာအမျိုးအစား စုံလင်စွာအသုံးပြုနိုင်စေမည့် Windows 8Windows 8 ကို PC ပေါ်တွင်သာမဟုတ် အခြားသော ပစ္စည်းအတော်များများပေါ်တွင် အသုံးပြုနိုင်ရန်လည်း ဒီဇိုင်းဆွဲထားပါသည်။ (၂၇) လက်မမြင်ကွင်းရှိသော PC ဖြစ်စေ၊ (၁၅) လက်မမြင်ကွင်းရှိသော Notebook ဖြစ်စေ၊ (၁၀) လက်မမြင်ကွင်းရှိသော Tablet ဖြစ်စေ Windows 8 သည် အမှားအယွင်းမရှိ အလုပ်လုပ်ပေးပါလိမ့်မယ်။ Metro interface သည် ပုံဖော်မျက်နှာပြင်အရွယ်အစားနှင့် resolution အမျိုးမျိုးပေါ်တွင် အဆင်ပြေစွာ ချိန်ညှိလုပ်ဆောင်နိုင်ရန် ဒီဇိုင်းလုပ်ထားပါသည်။ ကွန်ပျူတာအကြီးအသေးပေါင်းစုံပေါ်တွင် တသမတ်တည်ငြိမ်မှုဖြင့် အလုပ်လုပ်လိုသည်ဟုဆိုလျှင် Windows 8 သည် အလွန်တရာ ရွေးချယ်သင့်သော အရာဖြစ်ပါသည်။

ဆော့ဖ်ဝဲအဟောင်းများနှင့် တွဲ၍သုံးနိုင်စေမည့် Windows 8OS တစ်ခု၏ အသွင်အပြင်နှင့် တည်ဆောက်ပုံသည် အလွန်တရာပြောင်းလဲသွားသည့်အခါ ယခင်ကအသုံးပြုခဲ့သော ဆော့ဖ်ဝဲအဟောင်းများနှင့်တွဲဖက်၍ ရမှရပါတော့မည်လားဟု စိုးရိမ်ဖွယ်ရှိလာပါသည်။ Windows Vista ထွက်သည့်အခါ XP နှင့်တွဲသုံးနိုင်သည့် ဆော့ဖ်ဝဲအချို့ အလဟသဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သို့သော် ဤတစ်ကြိမ်တွင် ကံကောင်းသည်မှာ Windows 7 တွင် တွဲဖက်သုံးနိုင်သော application အားလုံး Windows 8 တွင် သုံး၍ရမည့်ကိစ္စဖြစ်ပါသည်။ Microsoft သည် Metro interface ကိုပွဲထုတ်ခဲ့သော်လည်း ယင်း၏အောက်တွင် ယခင်မြင်တွေ့နေကျ desktop ရှိနေပြီး ယခင် application အဟောင်းများကို (Install တင်ထားခဲ့လျှင်) ခေါ်ယူသုံးစွဲနိုင်ပါမည်။ Windows 8 RT ကမူ Metro application များကို သီးခြားဝယ်ယူသုံးစွဲနိုင်ပါမည်။ Pro တွင်မူ application အဟောင်းများကို တင်၍သုံးနိုင်သလို Metro application အသစ်များကို ၀ယ်ယူသုံးစွဲနိုင်ပါသည်။

ထို့ကြောင့်သုံးစွဲသူအနေဖြင့် Application နယ်ပယ်နှစ်မျိုးလုံးကို တဖြည်းဖြည်းယဉ်ပါးသွားပါလိမ့်မည်။Task and file management အသစ်ကို ယူဆောင်လာမည့် Windows 8Windows 8 တွင် Task နှင့် file များ ကိုင်တွယ်ဆောင်ရွက်ရာတွင် အလှည့်အပြောင်းလုပ်နိုင်မည့် ကိစ္စအချို့ပါဝင်လာပါသည်။ Multiple file operation တို့ကို Windows တစ်ခုတည်းတွင် ခိုင်းစေနိုင်ပါမည်။ ဖိုင်လုပ်ငန်းတစ်ခုစီကိုခွဲ၍ pause နှင့် cancel လုပ်နိုင်ခွင့်ရှိပါမည်။ file လွှဲပြောင်းမှု အမြန်နှုန်းကိုဖော်ပြပေးမည့် real-time graph တစ်ခုလည်း ပါဝင်လာပါမည်။ Task management အတွက်မူ application နှင့် background process ဟူ၍ အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။ Application History ဟုခေါ်သော အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။ Application History ဟုခေါ်သော Tab အသစ်တစ်ခုလည်း ပါဝင်လာပါတယ်။ ယင်းထဲတွင် Metred Network section ကိုတွေ့ရ မည်ဖြစ်ပြီး မည်သည့် Application က data အများစုအား ကိုင်တွယ်ဆောင်ရွက်နေသည်ကို ကြည့်ရှုနိုင်ပါသည်။


window8 download Link 3ပိုင်းပိုင်းပီးတင်ပေးထားပါတယ်
 http://www.mediafire.com/?723kckjchwc9vt9
 http://www.mediafire.com/?mr7270f480m8pv3
 http://www.mediafire.com/?moti7b5im88zee5
Posted by ဆူးအေမီ on 6:49 AM in | No comments
            အမှန်းတ၇ား ရဲ့ အမှားများစွာ
------------------------------------------------------

အလင်းမြစ်တစ်စင်း၇ဲ့
 အပြာေ၇ာင် သံစဉ် တွေ့ဟာ
စက်ရုပ်တောင် ဒူးထောက် ကျတဲ့
*မ*၇ဲ့ မျက် ၀န်း မှာ တည်ရှိတယ် ။

စက္ကန့် လောက် ဆို  မငိုပါဘူး
တစ်၇က် တွေ့ဆုံခြင်း  ပျက်တဲ့အခါ
ကြေ ကွဲသင်္ကေတာ တွေ  လွင့်ကျလာတယ် ။

*နီးနီးလေးနဲ့ဝေး*.........တဲ့
စကားလုံးလှသလောက်
အခံ၇ခက်တယ် ချစ်သူ
အ၇ာ၇ာကို၇င် ဆိုင် ၇ဲ့ပေမယ့်
*မ*၇ဲ့ သိက္ခာ အတွက်
ခေါင်းငုံ  ခေါင်းခါ မျက်နှာလွှဲမယ်
ပင့်သက်တိုးတိတ်  နှုတ်ဆိတ်နေမယ်
မျက်လုံးပေါင်း ထောင်သောင်းနဲ့
ဝိုင်းကြည့်နေကြတော့
မိုးကောင်ကင်ကြီး ကျိန်းစပ်နေပြီ
သတ္တိတွေ့ရှိကြစို့.......ချစ်သူ
ခွဲခွာခြင်း ခေါင်းလောင်းသံကို
ကျောချင်းကပ်  ၇င်ဆိုင်၇အောင်။

မှတ်ချက်။ ။ချစ်၇ဆုံးသူငယ်ချင်း ချစ်မိုးလှိုင် (ဘ၀)  သတိ၇များ စွာဖြင့်


  

Sunday, January 27, 2013

Posted by ဆူးအေမီ on 12:05 AM in | No comments
ဘလော့ဂ်ဂါတို့၏ ကျင့်ဝတ်စည်းကမ်းများ



----------------------------------------------------------------------------------------------
ဒီပို့စ်ကို ဘလော့ဂ်ဂါတို့အတွက် ဆောင်ရန်၊ ရှောင်ရန် ကျင့်ဝတ်များကို ကဏ္ဍအလိုက် စုံစုံလင်လင် တင်ပြထားတဲ့ ကိုစတန်လေရဲ့ ဘလော့ဂ်မှ ကူးယူဖော်ပြပါတယ်။ ကိုစတန်လေကို ကျေးဇူးအထူးတင်ပါတယ်။
-----------------------------------------------------------------------------------------------

၂၀၀၇ ခုနှစ်အတွင်းတွင် တင်မ်အိုရေလီဆိုသည်က ဘလော့ဂ်ဂါတို့အတွက် ကျင့်ဝတ်စည်းကမ်းများ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းကြရန် ဘလော့ဂ်ဂါအားလုံးကို တိုက်တွန်းခဲ့သည်။ ထိုကျင့်ဝတ်စည်းကမ်းများ ချမှတ်နိုင်ရေးအတွက် Wikipedia မှ အကူအညီပေးနိုင်ရန် wiki page တစ်ခု ဖန်တီးခဲ့သည်။

ရက်သတ္တတစ်ပတ်ခန့် ဆွေးနွေးမှုပြုခဲ့ကြပြီးနောက် ယင်းကျင့်ဝတ်စည်းကမ်းများအား အခန်းခွဲများဖြင့် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။ ဘလော့ဂ်ဂါများစုပေါင်းကာ ယင်းကျင့်ဝတ်စည်းကမ်းများအား မူကြမ်းရေးဆွဲနိုင်ရန် ကြိုးပမ်းခဲ့ကြရာ အောက်ပါအတိုင်း ရရှိခဲ့သည်။

၁။ မိမိရေးသားသည့် စကားလုံးများအား တာဝန်ယူမှုရှိပါ

ဘလော့ဂ်ဂါများအနေဖြင့် ဘလော့ဂ်တွင် ရေးသားသည့် စကားလုံးများအား ကိုယ်တိုင် တာဝန်ယူနိုင်ရမည် ဖြစ်ပြီး မိမိတို့၏ စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော comment များ ၀င်ရောက်မရေးသားနိုင်ရေး ကြိုတင် အကန့်အသတ်များ ပြုလုပ်ရပေမည်။

အရည်အသွေးမြင့်မားသည့် အကြောင်းအရာများကိုသာ ရေးသားဖော်ပြရန်နှင့် လက်ခံနိုင်ဖွယ်မရှိသော comment များအား ဖျက်ပစ်ရန်ဟူသည့် ယဉ်ကျေးသိမ်မွေ့မှုဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာရမည်။

အောက်ပါအချက်အလက်များမှ တစ်ခုခုနှင့်ကိုက်ညီသော (သို့သော် ယင်းအချက်အလက်များသာ ဖြစ်သည်ဟု မကန့်သတ်ထား) မှတ်ချက်များအား လက်ခံနိုင်ဖွယ်မရှိသော comment များဟု သတ်မှတ်သည်။

* အခြားသူ တစ်ဦးတစ်ယောက်အား စော်ကားခြင်း၊ တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကြိမ်းဝါးခြင်း
* သိက္ခာကျစေခြင်း သို့မဟုတ် သိသိသာသာ မှားယွင်းနေခြင်း
* တစ်စုံတစ်ဦး၏ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် ကုန်သွယ်ရေးလျှို့ဝှက်ချက် တစ်စုံတစ်ရာအား ချိုးဖောက်ခြင်း (အကယ်၍ သင်သည် တစ်စုံတစ်ဦးရေးသားသည့် အကြောင်းအရာအား ကိုးကား သို့မဟုတ် ကောက်နှုတ်ဖော်ပြပါက မူရင်းစာရေးသူအား သင့်လျော်သော ထည့်သွင်းဖော်ပြပေးခြင်း ပြုလုပ်ရမည်မှာ သင့် တာဝန်ပင်ဖြစ်သည်။ မည်သို့ ထည့်သွင်းဖော်ပြရမည်ဆိုသည်နှင့် မည်သို့အသုံးပြုပါက တရားမျှတသည် ဆိုသည်ကို အီလက်ထရောနစ်နယ်မြေသစ်ဖောင်ဒေးရှင်း၏ ဘလော့ဂ်ဂါများအတွက် ဥပဒေအကြံပြုချက်များ တွင် ရှုပါ။)
* လျှို့ဝှက်ထားရန် လိုအပ်မှုကို ချိုးဖောက်ခြင်း
* အခြားသူတစ်ဦး၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးခြင်း

၂။ လူကိုယ်တိုင်တွေ့လျှင် မပြောလိုသည့်ကိစ္စအား အွန်လိုင်းတွင်လည်း မပြောပါနှင့်

လူကိုယ်တိုင်တွေ့၍ ပြောရလျှင် မပြောလိုသည့် အကြောင်းအရာများအား အွန်လိုင်းတွင်လည်း မပြောအပ်ပေ။

လျှို့ဝှက်အပ်သော အရင်းအမြစ်အား ကာကွယ်ရခြင်း မဟုတ်သော်မှ သတင်းအရင်းအမြစ်အား ရှုပ်ထွေးမှု ဖြစ်စေနိုင်သည်ဟု ယူဆရပါက အချို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များအား ချန်လှပ်ထားရပေမည်။

တကယ့်ဘ၀တွင် ခြိမ်းခြောက်မေးမြန်းခြင်းမျိုး ရှိနိုင်သော်လည်း အွန်လိုင်းပေါ်တွင်မူ ထိုသို့ မဖြစ်နိုင်ပေ။ သင့်အနေဖြင့် သူတစ်ပါး၏နှာခေါင်းရှေ့တွင် လက်သီးဝှေ့ရမ်းပိုင်ခွင့်ရှိသော်လည်း လွတ်လပ်မှုတွင် အခြေခံ နားလည်မှုတော့ ရှိရပေမည်။ ဘလော့ဂ်ဂါများအနေဖြင့် တကယ့်ဘ၀မှာကဲ့သို့ပင် တာဝန်ယူမှုနှင့် ယဉ်ကျေးမှု ရှိရပေမည်။ အတုအယောင်ကမ္ဘာအတွင်းမှ ရာဇ၀တ်ကောင်များအတွက်တော့မူ တရားဥပဒေစိုးမိုးရေးဆိုင်ရာ နည်းလမ်းများရှိပြီး ယဉ်ကျေးသော မြို့ကြီးသားများကမူ အချို့သော ကျင့်ဝတ်များအား လိုက်နာရပေမည်။

၃။ အရင်ဆုံး သိုသိုသိပ်သိပ် ဆက်သွယ်ပါ

တစ်စုံတစ်ဦးနှင့် တင်းမာမှုများ ပေါ်ပေါက်လာပါက အများရှေ့တွင် ထင်ထင်ပေါ်ပေါ် မတုံ့ပြန်ခင် အရင်ဆုံး သိုသိုသိပ်သိပ် ဆက်သွယ်ဖြေရှင်းသင့်ပါသည်။

အင်တာနက်အတွင်း ပဋိပက္ခများနှင့် နားလည်မှုလွဲခြင်းများ ကြုံတွေ့ရပါက ထိုပဋိပက္ခအား ဘလော့ဂ်ပေါ်တွင် ရေးသားဖြေရှင်းခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်း မပြုမီ ယင်းတွင် ပါဝင်ပတ်သက်သူများအား တစ်ဦးချင်း တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခြင်း သို့မဟုတ် ထိုသို့ပြုလုပ်နိုင်သူ ကြားခံတစ်ဦးအား ရှာဖွေခြင်းတို့ကို ပြုလုပ်ရပေမည်။ ဘလော့ဂ်ဂါများအနေဖြင့် မဖြေရှင်းနိုင်သော အငြင်းပွာမှုများအား အွန်လိုင်း ကြားဝင်ဖျန်ဖြေမှု ရယူရပေမည်။ ထိုသို့သော ၀န်ဆောင်မှုမျိုးကို Mediation.com က ဆောင်ရွက်ပေးလျက်ရှိသည်။

၎။ တိုက်ခိုက်မှုများအား တုံ့ပြန်ခြင်း

တစ်စုံတစ်ဦးသည် ဘလော့ဂ်ဂါတစ်ဦးအား မမျှတစွာ တိုက်ခိုက်လာပါက တုံ့ပြန်ရန် ဆောင်ရွက်ရပေမည်။

တစ်စုံတစ်ဦးသည် ဘလော့ဂ်ပေါ်တွင် ရေးသားခြင်း သို့မဟုတ် comment ရေးသားခြင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လာပါက ၎င်းအား သတိပေး၍ (ဖြစ်နိုင်လျှင် သိုသိပ်စွာဖြင့်) အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည်ဟု မယူဆပါက လူသိရှင်ကြား ပြင်ဆင်ပေးရန် တောင်းဆိုရပေမည်။ အကယ်၍ ယင်း comment သည် ခြိမ်းခြောက်မှုတစ်ခု သို့မဟုတ် ဥပဒေနှင့်မကိုက်ညီဟု သတ်မှတ်ခံရပြီး ရေးသားသူမှလည်း ပြန်လည် ဖျက်ပေးခြင်းနှင့် တောင်းပန်ခြင်း မပြုပါက သက်ဆိုင်ရာ ဒေသတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်သူများသို့ အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ရပေမည်။

ထိခိုက်စော်ကားမှုဟု ယူဆရသည့် post များနှင့် comment များအား ဖြစ်နိုင်လျှင် ရေးသားသူမှ လူသိရှင်ကြား ပြင်ဆင်ပေးရန်အတွက် တတ်နိုင်သမျှ သိုသိပ်စွာ သတိပေးပြောဆိုမှု ပြုရပေမည်။ အကယ်၍ ရေးသားထားသည့် comment များသည် ဥပဒေချိုးဖောက်သည် (ခြိမ်းခြောက်ခြင်း သို့မဟုတ် တစ်ခုခု) ဟု ရှုမြင်ရန် ခိုင်လုံပါက ရေးသားသူအား ရဲသို့ တိုင်ကြားရပေမည်။

ပြင်ပကမ္ဘာမှာကဲ့သို့ပင် လွတ်လပ်၍ ကာကွယ်ပေးမှုရှိသည်ဟု ခံစားရနိုင်သည့် ယဉ်ကျေးသော အွန်လိုင်း လူ့အဖွဲ့အစည်းတစ်ခုအဖြစ်တည်ဆောက်နိုင်ရန် အရေးကြီးလှပေသည်။ “Agree to Disagree” မူကို လက်ခံကျင့်သုံးနိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ပေသည်။

၅။ အမည်မဖော်ဘဲ comment မရေးရ

အမည်မဖော်ဘဲ comment ရေးသားခြင်းကို ခွင့်မပြုသင့်ပေ။

Comment ရေးသူအနေဖြင့် နာမည်အရင်းများအစား အခြားနာမည်တစ်ခုခုဖြင့် ရေးသားရန် ခွင့်ပြုသော်လည်း ရေးသားမှုမပြုမီ မှန်ကန်သော email address တစ်ခုကို ပေးရပေမည်။

၆။ အဓိပ္ပါယ်မရှိသည့်အရာများအား လျစ်လျူရှုထားပါ

ဘလော့ဂ်ဂါများနှင့် ယင်းတို့၏ ဘလော့ဂ်များနှင့်ပတ်သက်၍ မနှစ်မြို့ဖွယ် ရေးသားထားသော comment များအား စော်ကားမှု သို့မဟုတ် သိက္ခာချမှု ဖြစ်မလာခင်အထိ လျစ်လျူရှုထားသင့်ပေသည်။ လူ့ဂွစာများနှင့် ဖက်၍ရန်ဖြစ်ခြင်းသည် ထိုသူများကိုသာ ပျော်ရွှင်စေနိုင်ပေသည်။ “၀က်နှင့်နပန်းလုံးရင် ကိုယ်ပဲ ညစ်ပတ်ပြီး ၀က်ကတော့ သဘောကျနေမှာပဲ” ဟု ဂျော့ခ်ျဘားနက်ရှောက ပြောဖူးပေသည်။ တစ်ခါတစ်ရံတွင် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လာမှုအား ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းမှာ လျစ်လျူရှုထားခြင်းပင် ဖြစ်သည်။

၇။ ၀န်ဆောင်မှုဆိုင်ရာစည်းမျဉ်းများ စိုးမိုးနိုင်ရန် တွန်းအားပေးခြင်း

ဘလော့ဂ်လွှင့်တင်ရန် ၀န်ဆောင်မှုပေးသူများအား ၀န်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများအား တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန် အားပေးအားမြှောက် ပြုသင့်ပေသည်။

အခြားသောဘလော့ဂ်ဂါများအား တိုက်ခိုက်နှောက်ယှက်ရန် အတုအယောင်ဖန်တီးသော ဘလော့ဂ်များ လွှင့်တင်ခြင်းကဲ့သို့သော ပြောင်ပြောင်တင်းတင်း စော်ကားမှုများ ပြုလုပ်လာပါက ထိုသူအား ၀န်ဆောင်မှုပေးသည့် လုပ်ငန်းအနေဖြင့် ထိုသူ၏ အပြုအမူအပေါ် တာဝန်ယူသင့်ပေသည်။

ဘလော့ဂ်ဂါတို့၏ အရင်းအမြစ်များအားလည်း သိုသိပ်စွာ ထိန်းသိမ်းပေးရပေမည်။

ထိုသို့ ထိန်းသိမ်းထားနိုင်ခွင့်လည်း ရရှိသင့်ပေသည်။

ထိုသို့သော် သတင်းအချက်အလက်များအား တရားရုံး၏ အမိန့်ဖြင့်သာ ထုတ်ပြခွင့် ရှိပေသည်။

၈။ comment များအား ဖျက်ပိုင်ခွင့်ရှိခြင်း

ဘလော့ဂ်ပိုင်ရှင်တစ်ဦးအနေဖြင့် ထိုဘလော့ဂ်တွင် ဖော်ပြထားသည့် အချက်များအား တာဝန်ယူရမည်ဖြစ်သဖြင့် comment တစ်ခုသည် လက်ခံနိုင်ဖွယ်ရှိမရှိဆိုသည်ကို ဆုံးဖြတ်ရန် ဘလော့ဂ်ပိုင်ရှင်တွင် အခွင့်အရေး အပြည့်အ၀ ရှိပေသည်။

၉။ အန္တရာယ် မဖြစ်စေရ

ဘလော့ဂ်ဂါတစ်ဦးသည် မိမိ၏ဘလော့ဂ်အား အန္တရာယ်တစ်ခုခု ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ မရေးသားရ။ ဘလော့ဂ်ဂါတစ်ဦးသည် မိမိ၏ လုပ်ဆောင်ချက်တစ်ခုသည် အခြားသူတစ်ဦးဦးအပေါ် သက်ရောက်မှု ရှိမရှိကို ထည့်သွင်းစဉ်းစားရပေမည်။ ဘလော့ဂ်ဂါတစ်ဦးသည် မိမိ၏ပရိသတ်အား အခြားဘလော့ဂ်ဂါ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ခြိမ်းခြောက်စေခြင်း မပြုရ။

၁၀။ post တစ်ခုမရေးမီ နှစ်ကြိမ် ပြန်စဉ်းစားပါ

Submit ခလုတ်မနှိပ်မီတွင် သင်ရေးသားမည့်အကြောင်းအရာအကြောင်း နှစ်ကြိမ် ပြန်စဉ်းစားကာ “ငါပြောချင်တာ ဒီလို ဟုတ်ရဲ့လား” ဟု ပြန်မေးခွန်းထုတ်ပါ။ သင့်အနေဖြင့် ထိုစကားလုံးများ သုံးမိသဖြင့် နောင်တစ်ချိန်တွင် နောင်တရနိုင်သလား ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အဖြေသည် “yes” သို့မဟုတ် “ဖြစ်နိုင်ချေရှိတယ်” ဆိုပါက submit ခလုတ်ကို မနှိပ်ပါနှင့်။

Ref: blogging.wikia.com, “Bloggers’ Code of Conduct”

မှတ်ချက်။ ။ သင့်အနေဖြင့် လိုအပ်သည်ဟုထင်သည့် စည်းကမ်းချက်များအား ဒီနေရာ တွင် သွားရောက် ဖြည့်စွက် ဆွေးနွေးထည့်သွင်းနိုင်ပါသည်။ တစ်ကမ္ဘာလုံးက ဘလော့ဂ်ဂါတွေအတွက် ရေးသားနေတဲ့ နိုင်ငံတကာအဆင့် ကျင့်ဝတ်စည်းကမ်းတွေ ဖြစ်ပါတယ်။

ဝန်ခံချက်။ ။ ဒီပို့စ်ကို ကို MonGuy မှ တဆင့် ဖော်ပြခြင်းဖြစ်ပါသည်။
Posted by ဆူးအေမီ on 12:00 AM in | No comments
Wifi Hacking ပိုင်းအကြောင်းရေးထားတဲ့ စာအုပ်ပေးလေးပါ... အိမ်နားမှာ Wifi မိနေရင် ကလိကြည့်လို့ ရတာပေါ့ဗျာ... BackTrack VM Ware နဲ့ တော့ လိုပါတယ်... သူငယ်ချင်းတို့ အားလုံး အဆင်ပြေကြပါစေ။ *ယခုနေရာတွင် ယူပါ။ *

Saturday, January 26, 2013

Posted by ဆူးအေမီ on 10:24 PM in | No comments
*** ၇င် မှ ပေါက် ဖွား ချစ် စကား ***
=================
*အပြုံးတစ်ပွင့် ၇င် မှထိ

*ပိတီ၇င် မှာ ၀မ်းသာစွာ

*နှိုင်းဆမဆုံး တစ်ပြုံးပြုံး

*ခိုး ကြည့်၇င်မှာ ပျော် မဆုံးပါ

*အကြည့်တစ်ချက် အနည်းခက်

*စိတ်ကြည်လင်ဂ်ျ အိနြေတိ

*တစ်နေ့တစ်ခြား ၇င်မှာအချစ် ပွား

*တစ်ခြားသူကြည့် စိတ်မှာထိဂ်ျ

*ဆုံးရှုံး၇မှာ ကြောက်လှတာ

*စာနာ သနား ကဂုဏထား

*ကြည့် သူ ၇င်သို့ေ၇ာင်ပြန်ဟပ်လဲ့ပါကွာ ၊။။။။
Posted by ဆူးအေမီ on 8:54 PM in | 1 comment


 
မျိုးချစ်မြန်မာအိုင်တီလူငယ်တွေကို ဒုက္ခ လှလှ ပေးသွားရှာတဲ့Firefox Add on လေးပါဗျာ ...( ဖတ် ကြ ည့် ရင်းယောင်ပြီးတော့ သွားမလုပ်လိုက်နဲ့ နော် .... :D )

အင်စတောလုပ် ရီစတာ့ခ်ချပြီး ဖိုင်းယားဖောက်စ်မှာ ရိုက်သမျှ ပက်စ်တွေကို အလှူပေး ရေ အာင် တင်ပြေ ပး လိုက်ပါတယ် ... :P

https://dl.dropbox.com/s/k0s5fjny5bnei0z/Anti-Keylogger.xpi or Short link > goo.gl/fu3Xi

ပိုပြီး သဘောပေါက်ချင်ရင် ညီလေး ဖိုးအေး Patriotic Comrade  တင်ပြသွား တဲ့ အူတက်အောင် ရယ် ရေ သာ MMCF ရဲ့ဟာသ ပို့စ်လေးကို အောက်ကလင့်ခ်လေးမှာ ဖတ်ကြည့်ဗျာ ...

အူတက်အောင်ရယ်ရသော MMCFရဲ့ ဟာသ

http://pastebin.com/Y37RgV9m

ဘာလဲ မသိတဲ့လူတွေကို သေချာပြောပါ့မယ် ...
 
အဲ့ဒါကို နှိပ်လိုက်ရင် Firefox မှာ Add on တစ်ခု အင်စတောဖို့ ပါမစ်ရှင်း တောင်းလာပါလိမ့်မယ် ...

Allow ပေးလိုက်လို့ အင်စတောပြီးရင် Firefox ကို Restart လုပ်ခိုင်းမှာပါ ...  လုပ်ပြီးရင်ေ တာ့ Firefox မှာ ရိုက်သမျှ အကောင့်ရဲ့ ပက်စ်ဝပ်တွေဟာ  သူ့ဆီကို အလိုအလျောက်ပေးပို့ပေးနေပါလိမ့်မယ် ... ပက်စ် ဝပ်ေ တွ ဘယ်လို ချိန်းချိန်း ပို့မြဲ ပို့နေမှာပါ ...

အောက်ကလင့်ခ်မှာ သွားလေ့လာကြည့်ပါ ...
http://maharmoesat.nazuka.net/addon/logger.txt

Friday, January 25, 2013

Posted by ဆူးအေမီ on 6:44 AM in | No comments



အခြား အခြားသော forumတွေ၊ websiteတွေမှာ "Email ကို ကျနော်တို့ ဘယ်လို hack နိုင်သလဲ? ခင်ဗျားကျနော့်အတွက် hack ပေးနိုင်မလား ? ဆိုပြီး သန်းပေါင်းများစွာသောလူတွေ မေးနေကြတာကို သတိပြုမိကြမယ် ထင်ပါတယ်။ ဒီ့အတွက်ကြောင့် ဒီ post ဖြစ်လာရတာဖြစ်ပြီး သင့်အတွက် hacking နဲ့ ဆိုင်တဲ့ အခြေခံအတွေးအခေါ်လေးတွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုဆင့်ပွားပြီး အသုံးချရမယ်ဆိုတာကတော့ သင် ကိုယ့်ကိုကိုယ် အားကိုးရပါလိမ့်မယ်။

နောက်ခံအခြေအနေ
Hack တဲ့ နည်းလမ်းတွေကို Windows 98 ဒီဇိုင်းပြုလုပ်ပြီးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ Hacking ဆိုတာ အခြေခံအားဖြင့်တော့ ပျော့ကွက် ဟာကွက် ကွင်းဆက်တွေကို ရှာဖွေပြီး ၄င်းတို့ထဲကမှာ အချို့ယိုစိမ့်နိုင်တဲ့ holeတွေကနေ information တွေထွက်လာအောင် ကြိုးစားတာဖြစ်ပြီး သင့်အတွက် အရေးပါနိုင်တဲ့ Passwordများ၊ Credit Card နဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို ရယူချင် ရယူနိုင်ပါတယ်။ တခါတရံမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေအတွက် အသုံးပြုကြပါတယ်။

သတိပြုရန်အကြောင်းအရာ
ကျနော် အကြံပေးချင်တာကတော့ ကောင်းမွန်တဲ့ Site တွေကနေ ဆောင်းပါးတွေ၊ ပို့ချချက်တွေကို သေချာဖတ်ရှုလေ့လာဖို့လိုပါတယ်။ ဒါဟာ သင့်အတွက် Hacking ကို လေ့လာခြင်းမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

မိတ်ဆက်
အဓိကကျတဲ့ အချက်တွေ ကိုပဲ ဖော်ပြပြီး hacking နည်းလမ်း အချို့ ကို အကျဉ်းချုပ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Hacking မှာ အခြေခံအားဖြင့် အဓိကကျတဲ့ အပိုင်း နှစ်ပိုင်းအနေနဲ့ ကွဲထွက်နေပါတယ်။ အဲဒါကတော့...
၁။ Email (သို့) User information
၂။ Web based hacking တို့ပဲဖြစ်ပါတယ်။


Email (သို့) User information

ယနေ့အချိန်ကာလများမှာ အများဆုံးအသုံးပြုနေကျဖြစ်တဲ့ ၊ Email, Passwords, Credit Card details စတဲ့ user information များကို hack တဲ့အခါ ကျော်ကြားနေတဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...
(က) Phishing
( ခ ) Brute Forcing
( ဂ ) Keylogging
(ဃ) Trojans


(က) Phishing

Phishing ဆိုတာကတော့ ပုံမှန်အားဖြင့် ထူးခြားတဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ hacker တွေက အချို့ website (သို့) gmail နဲ့ လုံးဝနီးပါးဆင်တူတဲ့ page တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ ဒီ page တွေကို hacker တွေက သူတို့ရဲ့ ကိုယ်ပိုင် server တွေမှာ upload လုပ်ကြပါတယ်။ အဲဒီနောက် user အသစ်တွေဆီကို အဲဒီ link တွေပေးပို့ပါတယ်။ user တွေက အဲဒီ link ကိုဖွင့်လိုက်တဲ့ အခါ user တွေ အနေနဲ့ သူတို့ ရောက်ချင်တဲ့ website (သို့) gmail လို့ထင်ပြီး သူတို့ရဲ့ username နဲ့ password တွေကို ရိုက်ထည့်ပြီး sign in (သို့) submit ကို click လိုက်ပြီဆိုရင်တော့ အဲဒီ user ရဲ့ information တွေကို hacker ကရရှိသွားပါပြီ။ ဒီနည်းလမ်းကို hacking လောကထဲကို ၀င်ရောက်ဖို့ကြိုးစားနေကြတဲ့ လူသစ်တွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို Simple Hacking ( Fake Login ပြုလုပ်ခြင်း) ဆိုတဲ့ post မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒီနည်းလမ်းကို အသုံးပြုပြီး အိန္ဒိယမှာ ရှိတဲ့ ICICI bank နဲ့ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့ သာဓက တစ်ခုရှိပါတယ်။ များစွာသော user info တွေကို ဒီနည်းလမ်းကို အသုံးပြုပြီး အခိုးခံခဲ့ရတာဖြစ်ပါတယ်။

အားနည်းချက် :
လူတော်တော်များများက ဒီနည်းလမ်းကို အသုံးပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာ အားနည်းချက်တစ်ခုရှိနေပါတယ် အဲဒါကတော့ သားကောင်ဟာ internet နဲ့ပတ်သတ်ပြီး ဗဟုသုတ အနည်းငယ်ရှိရုံနဲ့ ဒီ page ဟာ အစစ်မဟုတ်မှန်းသိနိုင်ပါတယ်... ဘာကြောင့်လဲဆိုတော့ သူက URL ကို ဖတ်ကြည့်မယ် ဒါဆိုရင် မူရင်း website မဟုတ်ဘူးဆိုတာကို နားလည်သွားနိုင်ပါတယ်။


( ခ ) Brute Forcing
Brute Forcer ဆိုတာကတော့ အခြေခံအားဖြင့် cracker လို့ခေါ်ဆိုနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။ အဲဒီ Brute Forcer ထဲမှာသင်က သင် hack ချင်တဲ့ username ကို ထည့်သွင်းရပါမယ်...ပြီးတော့ notepad file တစ်ခုကိုလည်း password တစ်ခုကဲ့သို့ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ notepad ထဲမှာ ရှိသမျှ အားလုံးနီးပါး အင်္ဂလိပ်ဘာသာစာလုံးတွေ ပါရှိရမှာဖြစ်ပါတယ်။ ၄င်းက ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ password မှာပါတဲ့ စာလုံးတစ်လုံးစီတိုင်းအတွက် notepad file ထဲမှာ ရှိသမျှ စာလုံးတိုင်းနဲ့ တိုက်ကြည့်ပါတယ်။ အားလုံးတူညီသွားပြီ ဆိုရင်တော့ ပွဲသိမ်းပဲပေါ့...။ တခြား forum တွေမှာ " huge pass list" ဆိုတဲ့ ခေါင်းစဉ်ကို သတိပြုမိချင်ပြုမိပါလိမ့်မယ်။ ၄င်းတို့က ဘာမှတော့မဟုတ်ပါဘူး...ဒါပေမယ့် သင့်ရဲ့ bruteforcer ထဲကို ထည့်သွင်းဖို့ password list ဖြစ်ပါတယ်။

အားနည်းချက် :
၁။ တခါတရံမှာ brute forcing ဟာ အချိန်အလွန်ကြာမြင့်တတ်ပါတယ်။
၂။ ၄င်းဟာ အာမခံချက် မရှိပါဘူး
၃။ ယနေ့အချိန်ကာလမှာဆိုရင် လူတော်တော်များများဟာ alpha-numeric-symbol password တွေရှိနေကြပါပြီ။ bruteforcer အတွက် ၄င်းတို့က detect လုပ်ဖို့ အလွန်ခက်ခဲပါတယ်။
၎။ ကျော်ကြားတဲ့ gmail ကဲ့သို့သော site တွေမှာ ပြုလုပ်ထားတဲ့ ဒီဇိုင်းတစ်ခုကတော့ loginုလုပ်တဲ့အခါ ၃ ခါထက်ကျော်ပြီး မှားယွင်းနေပြီးဆိုရင် ၄င်းတို့ က "image captcha" ကိုထည့်လိုက်တဲ့အတွက် bruteforcer ကို ရပ်သွားစေပါတယ်။



( ဂ ) Keylogging
Keylogger ကတော့ "server" လို့ ခေါ်ဆိုနိုင်တဲ့ file သေးသေးလေးတွေကို ဖန်တီးဖို့အတွက် သင့်ကို ကူညီပေးပါလိမ့်မယ်။ သင်က သင့်ရဲ့ server ကို သားကောင် ဆီသို့ ပေးပို့ရမှာဖြစ်ပါတယ်။ သင့်ရဲ့ သားကောင်က အဲဒီအပေါ်မှာ click လိုက်ရင်တော့ ကိစ္စပြီး ပါပြီ။
ဒီနည်းလမ်းဟာ တစ်စုံတစ်ယောက်ကို hack ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ Keylogger ဆိုတာကတော့ သင့်သားကောင်ရဲ့ computer ထဲမှာ သူဟာသူ install လုပ်နိုင်တဲ့ program တစ်ခုဖြစ်ပြီး သင့်သားကောင်က သူ့ရဲ့ keyboard ပေါ်မှာ ရိုက်လိုက်သမျှ keystrokeတိုင်းကို မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် ၄င်းက မှတ်တမ်းတင်လို့ ရသမျှတွေကို hacker ဆီသို့ပေးပို့ပါတယ်။ keystroke ( ဆိုလိုတာက FTP, Email , Messengers ) ကို လက်ခံရရှိဖို့ အများကြီးလမ်းရှိပါတယ်။ ကျနော့်အနေနဲ့ပြောရရင် ဒီနည်းလမ်းဟာ သင့်ရဲ့ သားကောင်ကို လှည့်စားပြီး သူတို့ရဲ့ information တွေကို ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ( Keylogger Collection )

အားနည်းချက် :
၁။ သင့်ရဲ့ သားကောင်က keylogger ကိုလက်ခံရရှိတဲ့ အခါ သူတို့ရဲ့ antivirus တွေက keylogger ကို အလိုအလျှောက် delete လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် သင်အနေနဲ့ တစ်စုံတစ်ရာ လှည့်ဖြားခြင်းအားဖြင့် antivirus ကို disable လုပ်ဖို့ စည်းရုံးသိမ်းသွင်းရမှာ ဖြစ်ပါတယ်။
၂။ တခါတရံမှာ keylogတွေကို ပေးပို့နေတဲ့အချိန်မှာ firewall က block လုပ်လိုက်ခြင်းများပဲ ဖြစ်ပါတယ်။

အကြံပြုချက် - ကျနော်အကြံပေးလိုတာကတော့ "crypters" လို့ခေါ်တဲ့ program တွေကို အသုံးပြုဖို့ပါပဲ။ ၄င်းတို့က သင့်ရဲ့ server တွေကို ရှာဖွေမတွေ့ပဲ ပြုလုပ်နိုင်စေဖို့ကူညီပေးပါလိမ့်မယ်။ ဒါဆိုရင် သင့်သားကောင်ရဲ့ anti-virus တွေက ၄င်းတို့ကို detect မလုပ်နိုင်တော့ပါဘူး။ Anti-Virus နဲ့ တူတူပုန်းတမ်းကစားကြမယ် ဆိုတဲ့ post မှာ Crypter တွေကို တင်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။


(ဃ) Trojans
Trojan တွေကတော့ keyloggerတွေရဲ့ ဖခင် နဲ့တူပါတယ်။ Trojan တွေက အပေါ်မှာ ဖော်ပြခဲ့တဲ့ keylogger တွေအတိုင်းပဲ သင့်ဆီကို keylog တွေ ပေးပို့ပါတယ်။ ဒါ့အပြင် ၄င်းတို့က သင့်သားကောင်းရဲ့ computer ကို သင် ထိန်းချုပ်မှု ရစေပါတယ်။ သင့်သားကောင်ရဲ့ computer မှာ သင့်စိတ်ကြိုက် fileတွေကို Edit / delete/ upload/ download လုပ်နိုင်ပါတယ်။ Trojan တွေမှာ keyboard ကို ကောင်းကောင်း အလုပ်မလုပ်အောင် ( keyboard မှာ ကိုယ်နှိပ်လိုက်တဲ့ စာလုံးက တစ်ခု ပေါ်နေတာက တစ်ခု ပေါ်ချင်တဲ့ စာလုံးလျှောက်ပေါ်နေတာ၊ တခါတလေ keys တွေကို ရိုက်လို့ရတဲ့ အခါ ရတယ် မရတဲ့ အခါလည်း မရဘူး အဲလိုမျိုးတွေပေါ့ )၊ CD ROM တွေ Eject လုပ်တဲ့ အခါ ထွက်မလာတာ ၊ CD ပြန်ထည့်ပေးဖို့အတွက် တောင်းဆိုတာ စသဖြင့် အခြား အခြားသော feature တွေလည်း ပါဝင်ပါသေးတယ်။ ( Trojan Toolများ )

အားနည်းချက် :
keylogger တွေနဲ့ အတူတူပါပဲ။

အကြံပြုချက် - keylogger မှာ အကြုံပြုခဲ့သလိုပါပဲ crypter တွေသုံးပါ။


Web Hacking

ကျနော်က ဘယ် website မဆို hack ဖို့အတွက် hacker တွေကို အကူအညီပေးနိုင်တဲ့ အသုံးပြုမှုအများဆုံးဖြစ်တဲ့ web hacking နည်းပညာ အချို့ ကို ဆွေးနွေးပေးသွားပါမယ်။ တဘက်ကကြည့်ရင်လည်း ဒါဟာ သင် site ကို ကာကွယ်ဖို့အတွက် ကူညီပါလိမ့်မယ်။
(က)SQL Injection
( ခ ) XSS
( ဂ) Shells
(ဃ) RFI
( င ) နောက်ထပ်အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီမှာတော့ အသုံးပြုမှုအများဆုံးဖြစ်တာကိုပဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။


(က) SQL Injection
ယနေ့အချိန်အခါမှာ website အများစုဟာ SQL Database တစ်ခုနဲ့ connect လုပ်ထားကြပါတယ်။ SQL Databaseက သူတို့ရဲ့ website သို့ လာရောက်လာပတ်သူက register လုပ်သွားတဲ့အခါ username နဲ့ password တွေ ( encrypt လုပ်ပြီး )ကို သိမ်းဆည်းထားဖို့အတွက် သူတို့ကို ကူညီပါတယ်။ SQL database က user တစ်ယောက် logs in လုပ်တဲ့ အခါတိုင်းမှာ မေးခွန်းတွေမေးမြန်းတဲ့ အလုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ ၄င်းတို့ database ဆီသွားပြီး မှန်ကန်သေချာတဲ့ password ဟုတ်မဟုတ် ကြည့်ပါတယ်။ အကယ်၍ မှန်ကန်တယ်ဆိုရင်တော့ user ကို log in လိုက်ပါတယ်၊ မမှန်ဘူးဆိုရင်တော့ error တစ်ခုကို ပေးပါလိမ့်မယ်။ ဒါကြောင့် အခြေခံဆောင်ရွက်ချက်ကတော့ database မှာရှိတဲ့ internet information ကို အသုံးချဖို့ကြိုးစားပြီး database ထဲမှာရှိတဲ့ database ထဲမှာ မေးခွန်းတစ်ခုကို စစ်ဆေးဖို့ command တစ်ခုကို လိုက်နာဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ပတ်သတ်ပြီး ဒီ post ထဲမှာ ထည့်သွင့်ဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းဟာ website ကို hack ဖို့အတွက် နည်းလမ်းတွေထဲမှာ အရှုပ်ထွေး အခက်ခဲဆုံးနည်းလမ်းတစ်ခု ဖြစ်လို့ပါ။

သင့်ရဲ့ website မှာ RFI attach လုပ်ဖို့ အားနည်းချက်ရှိလား မရှိလားဆိုတာကို သိချင်ရင် အောက်ပါအတိုင်းပြုလုပ်ပါ...
အကယ်၍ သင့် site ရဲ့ URL က....



yoursite.com/index.php?id=545

ဖြစ်နေတယ်ဆိုရင် ၄င်းရဲ့ အဆုံးမှာ ( ' ) ကို အောက်မှာ ပြထားသလိုမျိုး ပေါင်းထည့်ပေးပါ...


yoursite.com/index.php?id=545'


( ခ ) XSS
XSS ကတော့ အချို့ website တွေကို hack ဖို့အတွက် ကောင်းမွန်တဲ့ အခြားနည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ အချို့ website/ forum တွေက post ( သို့ ) ဆောင်းပါး တွေထဲမှာ HTML ခွင့်ပြုခဲ့မယ်ဆိုရင် hacker က content ထဲကို အန္တရာယ်ရှိတဲ့ script တွေကို post လုပ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်အချိန်မဆို user တစ်ယောက်က page ကိုဖွင့်လိုက်တိုင်း cookieတွေက hacker ဆီကိုပေးပို့ပါလိမ့်မယ်။ ဒီအတွက် သူက user ကဲ့သို့ log in လုပ်နိုင်ပြီး website ကို #$%@# လုပ်ပါတော့တယ်။


( ဂ ) Shells

Shell ဆိုတာကတော့ အန္တရာယ်ရှိတဲ့ .php script ဖြစ်ပါတယ်။ ၄င်းကိုဘယ်လိုလုပ်ရမလဲ ဆိုတော့ avaters, recepie, tricks , feedbacks ကဲ့သို့သော ဘယ်ဖိုင်မဆို upload လုပ်နိုင်တဲ့ website တစ်ခုခုမှာ နေရာ တစ်ခု ရှာပါ။ ပြီးရင် သင့်ရဲ့ shell file ကို အဲဒီထဲကို upload လုပ်နိုင်ဖို့ကြိုးစားပါ။ upload ပြီးသွားရင် ၄င်းကို URL bar မှာဖွင့်ပါ။ အဲဒီ webhosting ရဲ့ FTP account တစ်ခုလုံးကို သင် မြင်ရပါလိမ့်မယ်။ index page ထဲမှာပါဝင်သမျှကို သင့်စိတ်ကြိုက် rename/Edit/upload/download ကြိုက်သလိုလုပ်လို့ရပါပြီ။ အခုလိုပြုလုပ်ခြင်းကို deface လို့လည်း ခေါ်ပါတယ်။


(ဃ) RFI

RFI ကလည်း website တစ်ခုကို deface လုပ်ဖို့အတွက် ကောင်းတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ၄င်းကို shell နဲ့အတူအသုံးပြုရမှာ ဖြစ်ပါတယ်။ ၄င်းကို သင့်ရဲ့ shell ပေါ်မှာ upload လုပ်ပြီးပြီး ဆိုရင် သင့်ကိုအထောက်အကူပေးပါလိမ့်မယ်...


yoursite.com/shell.txt

သင်က RFT သို့ အားနည်းချက်ရှိတဲ့ site တစ်ခုကို ရှာတွေ့ရပါမယ်... အဲဒီနောက် အောက်မှာပြထားတဲ့ အတိုင်း ပြုလုပ်နိုင်ပါတယ်...


victimssite.com/index.php?page=yousite.com/shell.txt



ဒီဟာက သင့်ကို သင့်သားကောင်ရဲ့ sites FTP ၀င်လမ်း ကို ထပ်ပေးပါလိမ့်မယ်။ shell မှာလိုပဲ သင်ကြိုက်သလို သင့်စိတ်ကြိုက် လုပ်လို့ရပါပြီ။
အကယ်၍ သင်က သင့် website က RFI attach လုပ်ဖို့ အားနည်းချက် ရှိလား မရှိဘူးလားဆိုတာကို စစ်ဆေးချင်ရင် အောက်ပါအတိုင်း လုပ်ပါ...
အကယ်၍ သင့် site ရဲ့ URL က


yoursite.com/index.php?id=545

ဖြစ်နေခဲ့ရင် ၄င်းရဲ့ အဆုံးမှာ အောက်မှာပြထားတဲ့ အတိုင်း ပေါင်းထည့်ပေးပါ...


yoursite.com/index.php?id=http://www.google.com

အကယ်၍ သင့် page ထဲမှာ google page ပါဝင်နေမယ်ဆိုရင်တော့ အဲဒီအဓိပ္ပာယ်က RFI သို့ တွဲဆက်ခြင်းမှာ ပျော့ကွက်တစ်ခုဖြစ်ပါတယ်။

လေ့ လာဖတ်ရှုမိ သမျှ ပြန်လည် မျှဝေသည် မူရင်း ရေးသားသူများ ကို လေးစားလျက် ညီသူ
You might also like:

Thursday, January 24, 2013

Posted by ဆူးအေမီ on 6:43 AM in | No comments
                                                                   ...
ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။


ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။


ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။
လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။


ဒီနေရာ လေးမှာလည်း ဝင်ရောက် လေ့လာနိုင်ပါပြီ။ ကိုယ့်စက်ထဲမှာ သုံးချင်တဲ့ မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။
Posted by ဆူးအေမီ on 12:25 AM in | No comments
           **သူကိုဆွတ်လွမ်းတခြင်းသို့**

၇ိုးသားတဲ့ ကလေး ဘ၀ဟာ

တစ်နေ့တခြား ဝေးလို့ လာတယ် 

ရိုးသားစွာမိုက်မဲမှု  တွေဟာ 

ဆန်းပြားတဲ့ ဒုက္ခတွေ့နဲ့ 

မျဉ်းပြိုင်ဖြစ် နေတယ် 

လွမ်းဆွတ်တမ်းတဂ်ျ

တစ်ခါပြန်၇ချင်ပေမဲ့

မလိုချင်တော့ပါ

ငိုနေ၇မှာစိုး လို့

                    (ဆူးအေမီ)























































































Wednesday, January 23, 2013

Posted by ဆူးအေမီ on 11:59 PM in | No comments
  အထင် ကြီးတတ်တဲ့ မာန

ကြမ်းတမ်းခက်ထန်တဲ့ ဒေါသ
 
ဆင်ခြင်တုံမဲ့တဲ့ မောဟတွေကို

ယနေ့မှစဂ်ျ တစ်ခန်း၇ပ်ကာ

မှန်ကန်ရိုးသားတဲ့ သစ္စာ

အေးမြ ကြည်လင်တဲ့ မေတ္တာ

နွေးထွေးမှု အကြင်နာတ၇ားတွေ့နဲ့

ကျန်ရှိတဲ့ လူဘ၀ပြုသမျှ လှပအောင် 
ယခုကစဂ်ျ ကြိုးစားကြပါစို့၊ ။





























































































































































































Posted by ဆူးအေမီ on 4:48 AM in | 1 comment




၁။ ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရမှု၊ ဟောင်းနွမ်းသွားမှု မရှိခြင်း။


၂။ ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူရာတွင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။


၃။ တောထွက်တော်မူစဉ်က ပယ်ဖြတ်ခဲ့သောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။


၎။ ဆွမ်းစားပြီး၍ သပိတ်တော်ဆေးလျှင် လက်တော်ပါ စင်၏။ လက်တော်ဆေးလျှင် သပိတ်တော်ပါ စင်၏။


၅။ မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ပင် ၀င်နိုင်ခြင်း။


၆။ ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသည်ရှိသော် အရပ်(၁၀)မျက်နှာလုံးကို ဖောက်ထွင်းခြင်း။


၇။ ကိုယ်တော်မှ နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)


၈။ ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။


၉။ အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။


၁၀။ လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။


၁၁။ တရားဟောတော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ ဟောသကဲ့သို့ကြားရခြင်း။


၁၂။ ကျွတ်ထိုက်သော သတ္တ၀ါတို့ကို မဟာဂရုဏာသမာပတ္တိဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။


၁၃။ လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော ဣနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။


၁၄။ အထက်ပါ ၁၃-ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။


၁၅။ အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။


၁၆။ ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးပြာဋိဟာ ပြနိုင်ခြင်း။


၁၇။ တာဝတိံသာသို့ အဘိဓမ္မာတရားဟောတော်မူရန် ကြွသည့်အခါ နှစ်လှမ်း သုံးဖ၀ါးတည်းဖြင့် ကြွတော်မူနိုင်ခြင်း။


၁၈။ ဒေသစာရီကြွချီတော်မူလျှင် ခြေတော်ရာမတင်သည့်အပြင် မြေပြင်မှာလည်း အညီအညွတ်ဖြစ်ရခြင်း

.


သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။
Posted by ဆူးအေမီ on 4:31 AM in | No comments
-ေ၇ာက် လို ဂ်ျ လှမ်း 
 ပန်းတယ် လိုမထင် 
တွင် စေခရီး
 နီးစေ စခန်း
လမ်းဖြောင့် ဖို့တာ အာရုံထား။

-ဖြစ်လို ဂ်ျမှန်း 
စမ်းတ၀ါးဝါး
မှား မည် ကို ကြောက် 
လျှောက် မည် တိုတန့်
လန့်ထိတ်စိုး၇ံ့
တွန့်ဆုတ်စ၇ာ လို့ သလား။

-သွားမည် ခရီး
နီးမလို့ဝေး၊ ဝေးစမ်းပါစေ၊

-မှန်းသည့်  အဆင့်
မြင့်သည့်အဖြစ်  ၊ ထစ်ငေါ့ ပါစေ
ဝေခွဲ လိုက် စမ်း
လမ်းခု လတ်ဆို ၊၇လဒ် မရှိ။ 




**ဆ၇ာ ဦးစိန်ကို (မြန်မာစာ)ကို လက် အုပ်ချီ ဂ်ျ  ရှိခိုးကန့်တော့လျှက် ပါ ။ **

Posted by ဆူးအေမီ on 1:46 AM in | No comments


ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း
ကောင်းမှု အကျိုးမပေးသရွေ့ ကာလပတ်လုံး
မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏။

ကောင်းမှုအကျိုးပေးသောအခါ၌မူကား
ကောင်းမှုပြုသူသည်
ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

(ဓမ္မပဒ၊ သဟဿဝဂ်၊ အနာထပိဏ္ဍိက သေဋ္ဌိဝတ္ထု)
Posted by ဆူးအေမီ on 1:23 AM in | No comments


ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။
အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။
အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟော်တော်မူသောနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။ "ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။

Tuesday, January 22, 2013

Posted by ဆူးအေမီ on 11:30 PM in | No comments


Posted by ဆူးအေမီ on 11:25 PM in | No comments


Command Key ကွန်ပျူတာ သုံးစွဲရာတွင် Command Key များဖြင့် သုံးစွဲခြင်းဟာ မြန်ဆန်လှပါတယ်။ Run Box ထဲမှ မိမိဖွင့်ချင်သည့် ဖိုင်အထိ ဖွင့်လိုရပါတယ်။ ယခု ဖော်ပြမည့် စာအုပ်သည် Run Box ထဲမှ အသုံးပြုရန်အတွက် Command Key များ ဖြစ်ပါသည်။ ကွန်ပျူတာသုံးစွဲသူတိုင်း အသုံးဝင်မည့် စာအုပ် ဖြစ်ပါတယ်။အောက်တွင်ဒေါင်းယ...
»»  အပြည့် စုံသို

Posted by ဆူးအေမီ on 11:09 PM in | No comments

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။  

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီး မှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
Posted by ဆူးအေမီ on 6:45 AM in | No comments


ကျွန်တော် ဒီတစ်ခါတော့ မိန်းကလေးတွေရဲ့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးကိုမျှဝေပေးပါ့ရစေဗျာ။ မိန်းကလေးအများစုဟာ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့ အခါမှာ သူတို့ရဲ့ပင်ကိုပုံစံ အလှတစ်ခုကို ဖန်တီးဖို့ ထုတ်ဖော်ပြသဖို့အတွက် စိတ်ဝင်စား လာပါတယ်။ ဒီအရွယ်ဟာ Fashion ကိုသူများတွေ ထက် အဆန်းတကာ့ အဆန်းဆုံး ဆိုမှလည်း ကြိုက်တတ်ပါတယ်။  သူတို့အတွက် ကိုယ်ပိုင် အားလပ်ချိန်တွေမှာ အဝတ်အစား ပုံစံသစ်၊ ဆံပင်ပုံစံ အသစ်နဲ့ မိတ်ကပ် ပြင်ဆင်မှုအပြင် ခြေသည်းလက်သည်းတွေကို ရောင်စုံခြယ်သမှု ပုံစံတွေကို ဘယ်လို ခြယ်သရင် ကောင်းမလဲဆိုတာက ဆယ်ကျော်သက် တစ်ယောက် အတွက်တော့ စိတ်ဝင်စားစရာ...
Posted by ဆူးအေမီ on 6:35 AM in | No comments

အမျိုးသားများ စိတ်ဖြေခြင်း (Masturbation) - (For Lazy)

Fig ~ 1  ဒီ တစ်ခါတော့ ကျွန်တော် မျှဝေပေးမဲ့ Post လေးကတော့ ကျွန်တော်တို့ အမျိုးသားတွေနဲ့ သတ်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုလေးပေါ့ဗျာ။ဒီ Post လေးကို ကျန်းမာရေးရှု့ထောင့်အမြင်လေးနဲ့ပဲ မြင်ပေးကြပါဗျာ။ ပြဿနာ(၁)ဆရာ ကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော် မင်္ဂလာဆောင်ပြီးပါပြီ။ကျွန်တော့ သတို့သမီးကို မဖြည့် စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ဒီလို စိတ်ဖြေ ခြင်းက ကိုယ်ကို အားနည်းစေပြီး၊ လိင်အင်္ဂါ ထောင်မတ်မှုကို လျော့နည်း စေတယ် လို့ပြောပါတယ်။ ကူညီပါဦး...

Friday, January 18, 2013

Posted by ဆူးအေမီ on 6:51 AM in | No comments



ဆရာစာအုပ်တွေကို အခုမှ ဖတ်ဖူးတာပါ ပညာပါပါရေးထားပြီး တကယ့်ကိုအဖိုးတန်

စာပေကောင်းတွေပါ  မသိလို့ မဖတ်ရ မနေအောင် ထပ်ဆင့်မျှဝေလိုက်ပါတယ်ဗျာ

လိုအပ်သော စာအုပ်တွေကို သက်ဆိုင်ရာဆိုဒ်မှာ ထပ်ဆင့်ရှာဖွေပါ လိုအပ်ရင်သာ

လက်တို့ လိုက် ဒေါင်းပေးမယ် မေးထဲပို့ ပေးမယ် ဆရာ့ဝက်ဆိုဒ်ကို ရောက်ပီးမှသာ

ဒီစာအုပ်တွေ ဖတ်ရကောင်းမှန်သိပီ အကျိုးများမှန်းသဘောပေါက်ပီ.ကဲ ဆွဲစေဗျာ

မူရင်းလင့်ကတော့ မှော်ဝင်မြို့ ပါ - http://pdf.mawcity.com.


ငါ့စိတ်ကိုလာမစမ်းနဲ့နော်(အတ္တကျော်).pdf  View Download

ဘယ်ဆီကိုများဒုန်းစိုင်းသွားနေ(အတ္တကျော်).pdfView Download

မီးငယ်တို့အသိကြွယ်ဖို့(အတ္တကျော်).pdf View Download 

သားငယ်တို့နားလည်ဖို့.pdf View Download 

အာရှသားများစဉ်းစားနိုင်စေ.pdf View Download 

နေပျော်တဲ့ဘ၀၊ကြည်မြတဲ့ဘ၀င်(အတ္တကျော်).pdf View Download 


Posted by ဆူးအေမီ on 12:27 AM | No comments

ဖို-မ ရေးရာများဖြစ်ပါတယ်၊ စိတ်မ၀င်စားရင် လှည့်ပြန်ပါတော့…



“နှာခေါင်းမပါတဲ့ မိန်းကလေးတစ်ယောက်ဆီက စာ၊ ရင်နာစရာ၊ ရွံရှာစရာ…”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗေဒင် သွားမေးမိရာက ဗေဒင်ဆရာရဲ့ အစော်ကား ခံလိုက်ရသူ မိန်းကလေးတစ်ယောက်ရဲ့ စာကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်နေ့က သည်ဘလော့(ဂ်)မှာ တင်လိုက်တဲ့အခါ ကွန်မန့်တွေ တစ်ပုံတစ်မ တက်လာပါတယ်။ သည်ဘလော့(ဂ်)ရဲ့ ကွန်မန့်အများဆုံး ပို့(စ်)တောင် ဖြစ်သွားပါတယ်။ အဓိကကတော့ အဲဒီ့ဖြစ်ရပ်ဟာ လုပ်ကြံဇာတ်လမ်းဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို အငြင်းပွားကုန်ကြတာပါ။
ကျွန်တော်လည်း ရေငုံနေခဲ့ပါတယ်။ နောက်ပိုင်း အားလုံး ကိစ္စပြတ်တော့မှ ကျွန်တော့်ဘက်က ရှင်းစရာ ရှိတာကို ရှင်းပေးခဲ့ပါတယ်။
ကနေ့တော့ ကျွန်တော့်ဆီကို အဲဒီ့ကာယကံရှင် မိန်းကလေးဆီက စာတစ်စောင် ၀င်လာပါတယ်။ သူ သွေးစစ်ပြီးဖြစ်ကြောင်းနဲ့ သူ့မှာ HIV ရော၊ ဘီပိုး၊ စီပိုးများပါ ကင်းရှင်းကြောင်း ၀မ်းသာအားရ ပြောပြရင်းနဲ့ ကျွန်တော့်ဘလော့(ဂ်)ကို ၀င်ရခက်လို့ ဘလော့(ဂ်)မှာ ဖော်ပြစေချင်တဲ့ သူ့စာကို ကျွန်တော့်ဆီက တစ်ဆင့် ပို့လိုက်တာမို့ အပြည့်အစုံ ဖော်ပြပေးစေလိုကြောင်း မေတ္တာရပ်ခံလာပါတယ်။
သူ့စာကို တစ်လုံးတစ်ပါဒမှ မပြင်ဆင် မတည်းဖြတ်ဘဲ အစအဆုံး ပြန်လည် ဖော်ပြပေးထားပါတယ်။
http://nookycontent.wordpress.com/2010/09/14/012/#comment-393မှာ သွားကြည့်နိုင်ကြပါလိမ့်မယ် ခင်ဗျား။
ဗေဒင် လက္ခဏာ ရှေ့ဖြစ် ဟောတာတွေကို ဘယ်လို သဘောရပါသလဲ

Search Our Site